ကိုယ့်အားကိုယ်ကိုးပြီးတစ်ယောက်တည်း ရပ်တည်နိုင်တဲ့ သမီးလေးတစ်ယောက် ဖြစ်စေချင်သူ အနဂ္ဂ နဲ့ သံသာဝင်း

0
176

အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးလေး Kayla Maria Win ကေသရီ အနဂ္ဂရဲ့ နာမည်ပေးကင်ပွန်းတပ် ပွဲကို မေလ ၂၆ ရက် မနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ အင်ယားလမ်းရှိ St .Augustine’s Catholic Chruch မှာ ပြုလုပ်ခဲ့ပါတယ်။ သမီးလေး ကေသရီ အနဂ္ဂရဲ့ မွေးနေ့ရက်ကတော့ မေလ ၂၇ ရက်နေ့ဖြစ် ပြီး ၆ လ ပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။ နာမည်ပေး ကင်ပွန်းတပ်ပွဲကိုတော့ နှစ်ဖက်ဆွေးမျိုးအသိုင်း အဝိုင်းများ၊ အနုပညာ မောင်နှမများတို့ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး တေးသီချင်းများဖြင့်လည်း သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။

”မိခင်တစ်ယောက်ဖြစ်လာတော့ သူ့အတွက် တော့ စိတ်ပူရတာပေါ့နော်။ မိသားစုလေးဖြစ်သွား တဲ့အတွက် ပျော်စရာပိုဖြစ်သွားတာပေါ့။ အရင်တုန်း ကဆိုရင် အစ်မတို့မှာ သိပ်ပူပန်မှု မရှိဘူးလေ။ အခု ဆိုရင် ပူပန်မှုလည်းရှိလာတဲ့အပြင် သမီးလေးကိုလည်း စိတ်မချဘူး။အိမ်ကို အမြဲဖုန်းဆက်ပြီးမေးရတယ်။ ပြန်လာရင်လည်း ကိုယ်ဘယ်လောက် မောမော ကလေးမျက်နှာမြင်လို့ ရှိ ရင် တအားပျော်သွားတယ်။ မပြောပြတတ်လောက်အောင်ကို ပြည့်စုံတယ်။ သူ့ရဲ့ ခရစ်ယာန်နာမည်ကတော့ Kayla Maria Win ပေါ့။ Kayla ကတော့ သူ့ရဲ့ဘွားဘွား နွဲ့ယဉ်ဝင်း ပေးထားတာပါ။ ကေသရီဆိုတဲ့ နာမည်ကကြတော့ သူ့ရဲ့ကြီးဒေါ်က ပေးတာပါ။ သမီလေးကိုတော့ ယဉ်ကျေးလိမ္မာတဲ့သမီးလေး၊ ဘုရားတရားသိတဲ့သမီးလေး၊ အမှားနဲ့အမှန်ကို ကိုယ်ပိုင်ဥာဏ်နဲ့ဆုံးဖြတ်နိုင်တဲ့ သမီးလေးဖြစ်စေချင်ပါတယ်”သမီးလေးအပေါ်ဖြစ်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ဆန္ဒကို သံသာဝင်းကပြောပါတယ်။ သမီးလေးကို ကြော်ငြာရိုက်ကူးဖို့ ကမ်းလှမ်းမှု တွေရှိပေမယ့်လည်း ၆ လကျော် နောက်ပိုင်းမှသာ ရိုက်ကူးဖို့ စဉ်းစားထားပြီး ဒါကလည်း အခြေအနေအရပါပဲလို့ သံသာဝင်းက ထပ်ပြီးပြောပြပါတယ်။

ဆက်လက်ပြီး ဖခင်ဖြစ်သူ အနဂ္ဂကလည်း ”တစ်နေ့ တစ်နေ့ သူ ပျော်အောင် စိတ်လှုပ်ရှားအောင်၊ ပြီးတော့ သူငို နေရင်လည်း အငိုတိတ်အောင် စက္ကန့်မလပ် အမြဲချော့ပေးနေ ရတယ်။ သမီးနဲ့ပတ်သက်ပြီး စိတ်ကူးထဲက ပုံဖော်ထား တာကတော့ စည်းကမ်းရှိပြီး လွတ်လပ်တဲ့သားသမီးတစ် ယောက်၊ သိတတ်တဲ့သားသမီးတစ်ယောက်ဖြစ်စေချင်တယ်။ မိဘအပေါ် Dependence လုပ်နေရတဲ့ ပုံစံမဟုတ်ဘဲနဲ့ ကိုယ့်ဘာသာ ကိုယ်တစ်ယောက်တည်း ရပ်တည်နိုင်တဲ့ အမျိုး သမီးတစ်ယောက်၊ သမီးငယ်တစ်ယောက်ဖြစ်စေချင်တယ်။ အဲဒီလိုမျိုးဖြစ်အောင်လည်း မိဘတွေအနေနဲ့လည်း ခွင့်ပြု ပေးရမယ့်အရာတွေ ခွင့်ပြုပေးမယ်။ ကျွန်တော်တို့ခေတ်တွေ မှာ ကြုံတွေ့ခဲ့ရတဲ့ မိဘတွေပေးမလုပ်တာတွေ ပေးမသွား တာတွေက တချို့ဟာတွေဆိုရင် မဖြစ်သင့်ဘဲဖြစ်သွားတဲ့ အမှားတွေ အများကြီးရှိတယ်။ အဲဒီလိုမျိုးအမှား တွေကိုလည်း ကိုယ်ကဘေးနားက နေတတ်နိုင်သလောက်ထိန်းကျောင်းပြီး တော့ အများအားဖြင့် လွှတ်မယ်လို့တော့ စဉ်းစားထားပါတယ်” လို့ အနဂ္ဂက ပြောပါတယ်။

လင်းအက္ခရာ ၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here