မြန်မာ့ရုပ်ရှင်ကားပေါင်းနှစ်ရာကျော် ရုံတင်ပြသဖို့ စောင့်ဆိုင်းနေရတဲ့ပြဿနာ . . .ဘယ်လိုဖြေရှင်းကြမလဲ

0
171

မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း နှစ်ရာကျော်ဟာ ရုံတင်ပြသခွင့်ရရှိဖို့ စောင့်ဆိုင်းနေရပါတယ်။ ဒီလိုပဲ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း ဆက်တိုက်ရိုက်ကူးမှုတွေ မြင့်တက် နေတာမို့ ရုပ်ရှင်ရုံနည်းပါးလွန်းလှတဲ့ မြန်မာရုပ်ရှင်လောကအတွက်တော့ ခေါင်းခဲစရာ ကိစ္စဖြစ်လာနေပါပြီ။ ရုံ တစ်ရာ စီမံကိန်းကလည်း တစ်စ တစ်စနဲ့ ပေါ်ထွက်လာနေပေမယ့်လည်း လက်ရှိမှာတော့ ရုံတင်ရက်အခက် အခဲတွေက လောကသားတွေအတွက် တော့ အခက်အခဲတစ်ခုပါ။ လက်ရှိ ရုပ်ရှင်ရိုက်ကူးနေမှု အရှိန်အဟုန် ကောင်းကိုလည်း ရပ်တန့်ပစ်လိုက်ဖို့ မဖြစ်နိုင်ပါ။ ထုတ်လုပ်သူတွေဘက်က လည်း ငွေတွေရင်းနှီးပြီး ဇာတ်ကား တွေလက်ဝယ်ပိုက်ကာ မတတ်သာစွာနဲ့ ပဲ ရုံတင်ခွင့်ရမယ့် ရက်ကိုစောင့်ဆိုင်း နေရပါတယ်။ ဒါတွေဟာ ရုပ်ရှင် လောကအတွက်တော့ ခက်ခဲတဲ့ အ ချိန်ကာလဖြတ်သန်းမှုတွေဖြစ်တဲ့ အပြင် လက်ရှိ ၂ဝ၁၈ ခုနှစ်မှာလည်း ရုံတင်ပြသခွင့်ရတဲ့ ဆင်ဆာကျဇာတ် ကားဟာကားပေါင်း ၆ဝအထိရှိခဲ့နေပြီ ဖြစ်တဲ့အပြင်နောက်ထပ်ရိုက်ကူးထား တဲ့ ဇာတ်ကားတွေဟာလည်း အများ ကြီးရှိနေတာကြောင့် ဘာတွေဆက် ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့် ရတော့မယ့် အနေအထားဖြစ်နေပြီလို့ စိမ်းဝါနီရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် အကယ်ဒမီဒေါ်မြင့်မြင့်ခိုင်က သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။

”ဒီကိစ္စတွေကို တစ်ဦးတစ် ယောက်ချင်းစီအနေနဲ့ လုပ်လို့ ရနိုင် မှာမျိုး မဟုတ်ဘူး။ အားလုံးစုစည်း စုပေါင်းပြီးတော့မှ ဖြေရှင်းမှ ရလိမ့် မယ်။ ရုံပိုင်ရှင်တွေ ထုတ်လုပ်သူတွေ အားလုံး စုပေါင်းပြီးတော့ လုပ်ကြ ရမှာ ဖြစ်တယ်။ ဇာတ်ကားတွေဟာ လည်း ကောင်းမွန်ရမယ်။ ပရိသတ် တွေလည်း ကြိုက်နှစ်သက်ရမယ်”လို့ အကယ်ဒမီဒေါ်မြင့်မြင့်ခိုင်က ထပ်ပြီး တော့မှတ်ချက်ပြုပြောဆိုပါတယ်။

ဒီဗီဖိုက် ရုပ်ရှင်နှင့်ဗီဒီယို ထုတ် လုပ်ရေးပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုအငယ် လေး(ခ)ကိုတင်ထွန်းဝင်းပြောပြမှု အ ရတော့ လက်ရှိမှာတော့ တစ်လကို ရုပ်ရှင် ၈ ကားနှုန်းပြနေတာကြောင့် ၃ နှစ်လောက်အရောက်မှာတော့ အ ခုကိစ္စတွေကို ပြေလျော့လာနိုင်စေ မယ်လို့ မှတ်ချက်ပြုပြောဆိုပါတယ်။

”စီးပွားရေးတစ်ခု လုပ်ကြတော့ မယ်ဆိုရင် ဒီလောကထဲမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို အရင် ဆုံးလေ့လာပြီးမှပဲ ဒီလောကထဲကို ဝင်ရောက်လာသင့်တယ်” လို့ ကိုအ ငယ်လေး (ခ) ကိုတင်ထွန်းဝင်းက ထောက်ပြဆိုပါတယ်။

ရုပ်ရှင်နာယကကြီးတစ်ဦး ဖြစ် သူ ဒါရိုက်တာကြီး ဦးနှင်းမိုးကတော့ သူတို့ခေတ်တုန်းက ရုပ်ရှင်ရုံပေါင်း ရာချီ ရှိခဲ့တဲ့အပြင် ရုပ်ရှင်ထိပ်တိုက် ပြသမှု ၊ ရုံပြိုင်ပြသမှု စတဲ့ ပုံစံမျိုးတွေ နဲ့ ဇာတ်ကားတွေ ရုံတင်ပြသခဲ့ကြတာ ဖြစ်ပြီး အခုလိုမျိုးနှစ်တွေများစွာ အ ကြာကြီးစောင့်ပြီးမှ ရုံတင်ပြသတာမျိုး လည်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

”ဒီဘက်ခေတ်မှာ ရုပ်ရှင်ရုံတွေက လည်း တအားနည်းပါးသွားတယ်။ ဒီ ဘက်ခေတ်မှာ ရုပ်ရှင်ထိပ်တိုက်ပြသ တယ်ဆိုတာကလည်း နည်းသွားတယ်။ ရုံတင်ပြသဖို့ စောင့်နေရတဲ့ဇာတ်ကား တွေအတွက်ကိုလည်း ဖြေရှင်းနိုင်ဖို့ ကြိုးစားနေကြပြီ။ အခုလည်း သိပ် မစောင့်နိုင်တော့တဲ့သူတွေရတဲ့ ရုံမှာ တင်လာတာတွေလည်း ရှိလာတယ်။ ဒါတွေဟာရုံပိုင်ရှင်တွေနဲ့ ထုတ်လုပ် သူတွေညှိနှိုင်းကြရမယ့်ကိစ္စရပ်တွေ ဖြစ်လာပါတယ်။ အဓိကဇာတ်ကား ပေါင်း ၂ဝဝ ကျော်စောင့် ဆိုင်းနေရမှု ဖြစ်နေတာက ရုပ်ရှင်ရုံနည်းနေတာ ကြောင့်က အဓိကအချက်ပဲ။ ရုပ်ရှင် ရုံတွေသာ အများကြီးပေါ်လာပြီဆိုရင် ဒီပြဿနာတွေဟာမှေးမှိန်သွားမှာ ပါ။ သို့သော် ဇာတ်ကားတွေကတော့ ကွာလတီကောင်းရမှာဖြစ်ပါတယ်။ အဓိကကတော့ ရုပ်ရှင်ရုံရှားပါးသွား တဲ့ပြဿနာကြောင့်ဖြစ်ပါတယ်”လို့ ရုပ်ရှင်နာယကကြီးတစ်ဦးဖြစ်သူ ဒါ ရိုက်တာကြီး ဦးနှင်းမိုးက မှတ်ချက်ပြု ဆိုခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here