ဇာတ်ကားတွေ ကမ်းလှမ်းလာရင် သေချာမှကမ်းလှမ်း စေချင်တယ်အောင်မြင့်မြတ်

0
206

သရုပ်ဆောင် အောင်မြင့်မြတ်ဟာ ဥပါယ်တံမျဉ် ဇာတ် ကားကြောင့် ပရိသတ်အကြား လူသိထင်ရှားလာခဲ့ပြီး ပရိသတ် အားပေးမှုအများအပြား ရရှိလာခဲ့ပါတယ်။ ပရိသတ်ရဲ့ အားပေး မှုကြောင့်နေရာတစ်နေရာ ရရှိလာတဲ့အတွက် ဇာတ်ကားများ ပါဝင်ရိုက်ကူးချိန်မှာလည်း ပရိသတ်တွေကြိုက်နှစ်သက်မယ့် ဇာတ် ကောင်စရိုက်မျိုးကိုပဲ ရွေးချယ်ရိုက်ကူးသွားမယ်လို့သိရ ပါတယ်။ မကြာသေးခင်က ထုတ်လုပ်ရေးတစ်ခုကနေ ဗန့်ကာ ရိုက်တာ သရုပ်ဆောင်ရိုက်ကူးဖို့ကမ်းလှမ်းခဲ့၍ သရုပ်ဆောင် အောင်မြင့်မြတ်က လက်ခံခဲ့ပေမယ့်လည်း ထုတ်လုပ်ရေးဘက်မှ ပယ်ဖျက်ခဲ့တာကြောင့်စိတ်မကောင်းဖြစ်ကြောင်းကို သရုပ် ဆောင် အောင်မြင့်မြတ်က….

“ကျွန်တော့်ကို ရုပ်ရှင်ဇာတ်ကားကြီးပါဝင်ရိုက်ကူးဖို့ လာ ကမ်းလှမ်းတယ်။ ကမ်းလှမ်းတော့ ကျွန်တော် နဲ့ အဆင်မပြေလို့ ကျွန်တော်ငြင်းပယ်လိုက်တယ်။ ငြင်းပယ်လိုက်တဲ့အခါမှာ သူတို့ က ပြန်ပြီးလာပြောတယ်။ ကျွန်တော်နဲ့မှ ဒီကာရိုက်တာက အဆင်ပြေမှာပါဆိုပြီးတော့ နောက်ထပ်တစ်ခါ ပြန်ကမ်းလှမ်း တယ်။ အဲဒီတော့ ကျွန်တော်လည်း သြော် ငါ့ကိုဒီလောက်ထိ လာပြောတာဆိုတော့ လုပ်ပေးလိုက်မယ်ပေါ့ဆိုပြီး လက်ခံလိုက် တယ်။

ကာရိုက်တာကတော့ ဗန့်ကာရိုက်တာပါ။ အဲဒီမှာ ဇာတ်ကားကြီးရိုက်ကူးဖို့ ဘယ်လို ရိုက်ကူးရင် ကောင်းမလဲ၊ ဘယ်လိုတွေ ပြင်ဆင်ရင်ကောင်းမလဲဆိုပြီး တိုင်ပင် ကြတယ်။ အဲဒီအချိန်မှာ သူတို့ဘက်က ပြန်ပြောတယ်။ ကမ်းလှမ်းထားတာ ပြန်ဖျက်ဖို့ ပြန်လာပြော တယ်။ အဲဒီမှာပြန်ပျက်သွားတယ်။ သူတို့ဘက်က ပြောတာ တွေ တော့အစုံပဲ။ သူတို့ပြောတဲ့ စကားတစ်ခုက တော့ ဘုတ်အဖွဲ့ထိုင်တယ် ဆိုလားမသိပါဘူး။ အဆင်မပြေဘူးဆိုပြီးလှမ်းပြောတယ်။ သူတို့ က စိတ်မဆိုးပါနဲ့ ဆိုပြီးတော့ တောင်းပန်ပါ တယ်။ နောက်တစ်ခါကျရင်တော့ အဆင်ပြေ အောင် လုပ်ပေးပါ့မယ်ဆိုပြီးတော့ ပြော တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တဲ့ အတွက် ကောင်းတော့မကောင်းဘူးပေါ့။ ကြားကြား ချင်းတုန်းကတော့စိတ်ဆိုးမိတာပေါ့။ ဒါပေမဲ့ ကိုယ့်စိတ်ကိုလျှော့လိုက်တယ်။ ကိုယ် က ဒီအနုပညာနယ်ပယ်ထဲမှာ လုပ်ကိုင်နေတဲ့ အတွက်နောက်လည်း ပြန်တွေ့နေရမယ့် လူ တွေဆိုတော့ လည်းပြန်ပြီးပဲဖြေသိမ့်ရတာပေါ့။ စိတ် တော့ မကောင်း ဘူး။ ဒါပေမဲ့ အဆင်ပြေသွား မှာပါ။ နောက်ဆိုရင် ကမ်းလှမ်းလာတဲ့သူ တွေကို လည်း ရိုက်ကူးဖို့သေချာမှ လာပြီးကမ်းလှမ်းစေ ချင်တယ်။ ဒီလိုမျိုးကြီး ဇာတ်ကားရိုက်ကူး မယ့်အစီအစဉ်ပျက် ပြယ်သွားတော့နှစ်ဖက်စလုံး အတွက် မကောင်းပါဘူး”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here