Fan Meeting မှာ သူမရဲ့ ပရိသတ်တွေ အားပေးမှုကြောင့် မျက်ရည်ကျခဲ့ရတဲ့ သရုပ်ဆောင် သက်မွန်မြင့်

0
116

 

သရုပ်ဆောင်သက်မွန်မြင့်ဟာ သူမကိုအားပေးကြတဲ့ ပရိသတ်တွေအတွက် ပရိသတ် တွေ့ဆုံပွဲကို မေလ ၁၉ ရက်နေ့ က မန္တလေးမြို့ ရတနာအောင်မြင် မိဘမဲ့ကျောင်း၊ ဘုံပျံတောရကျောင်း တိုက်မှာ ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီပရိသတ်တွေ့ဆုံပွဲမှာပရိသတ်တွေက သူမအတွက် ရေးပေးထားတဲ့ သီချင်းကို သီဆိုခဲ့တဲ့ အတွက် မျက်ရည်ပါကျခဲ့ရကြောင်း သရုပ်ဆောင်သက်မွန် မြင့်က ပြောပြတာကတော့…

”ဒီမေလ ၂၅ ရက်နေ့က သက်မွန်တို့ရဲ့ Fan တွေ အားပေးတဲ့ ၂ နှစ် ပြည့်တွေပေါ့။ အရင်နှစ် တွေကျတော့ ရန်ကုန်မှာလုပ်တယ်။ ဒီနှစ်ကျ တော့ မန္တ လေးကလည်း တောင်းဆိုထား တယ်လေ။ မန္တလေးမှာ လည်း လုပ်ပေးဦးဆိုပြီး ပြီးတော့ ဒီတစ်ခေါက် တိုက်ဆိုင် သွားတာကသက်မွန်က ပြင်ဦးလွင်မြို့မှာ ဇာတ်ကား ရိုက်ကူးနေတာ ဆိုတော့ အဆင်ပြေသွားတယ်။ မန္တလေးမှာလုပ်ဖြစ်သွား တယ်။ မန္တလေးမှာ လုပ်ဖြစ်တယ် ဆိုပေမယ့် အနယ်နယ် အရပ်ရပ်က လာကြတယ်။ နေပြည်တော်ဘက်ကရော၊ ယောဘက်ကရော၊ မုံရွာဘက် ကရော တော်တော်လူစုံ တယ်။ ရန်ကုန်ကလည်း လာကြ တယ်ဆိုတော့ ဒီနှစ်နှစ်ပြည့်လည်း တော်တော်စည် တယ်။ သူတို့သက်မွန် အတွက် သီချင်းလေးလုပ်ပေး ထားတာ လည်းရှိတယ်။ အဲဒီသီချင်းလေးလည်း သီဆိုကြတော့ ပိုပြီးစည်သွားတယ်။ သီချင်းလေး ကလည်း တအား ကောင်းတယ်။ အင်အားအပြည့်ပေးတယ်။ သူတို့ကိုယ့် ကို တအားအင်အားဖြစ်စေတယ်။ ကိုယ့်ကို အလွန်အား ရှိစေတယ်။ စာသားလေးတွေနဲ့ သီချင်းတွေ ဆိုကြတော့ ပိုပြီးတော့ခံစားရတယ်။ ဘယ်လိုမှမခံစားနိုင်ဘူး။ စိတ်တော့ တင်းထားတာပဲ။ နဂိုကတည်း က အဲဒီသီချင်းကို သူတို့ကြိုပြီးတော့ ပေးနားထောင်ခိုင်းတာပဲ။ ဒါပေမဲ့ နားထောင်တိုင်း နားထောင် တိုင်းငိုချင်တယ်။ သူတို့ရဲ့ သီချင်းလေးက တအား ကိုအင် အားဖြစ်စေတယ်။ ဝမ်းသာ လွန်းလို့ပေါ့။ ပြီးတော့ကိုယ်က ဒီအချိန်မှာ အလွန်ခက်ခဲနေ တဲ့အချိန်။ ပြောရမယ်ဆိုရင် ကလေးတွေကလည်းအရွယ်ငယ်သေးတယ်။ အလုပ်က လည်းလုပ်ချင်တယ်။ အဲဒီလိုမျိုးဆိုတော့ စိတ်ဓာတ်ပိုင်း ရော၊ အလုပ်ပင်ပန်းတာရော၊ စိတ်ရော၊ လူရောတအား ပင်ပန်းနေတဲ့အချိန်မှာ သူတို့ကဒီလိုမျိုးအားပေးတဲ့ စကားပြောတယ်။ အားပေးတဲ့သီချင်း လေးတွေနဲ့ သူတို့ အင်အားပြကြတယ်။ သူတို့အတွက်ကြိုးစားပေးပါလို့ ပြောတယ်။ သက်မွန်ရဲ့ ဘေးနားမှာလည်းအမြဲရှိတယ်။ အဲဒီလိုမျိုးလေးတွေပြောတော့ဘယ်လိုမှ မခံစားနိုင် တော့ဘူး။ ဝမ်းသာလွန်းလို့ ငိုမိတာပါ”လို့ သက်မွန်မြင့် က ပြောပါတယ်။

သက်မွန်မြင့်ဆိုပြီး စပေါ်လာက တည်းက အားပေး ခဲ့ကြတဲ့ပရိသတ်ကို ဘယ်လိုမျိုး စကား လက်ဆောင် ပြောချင်လဲလို့ မေးကြည့်တဲ့အခါမှာ တော့ သက်မွန်မြင့်က…

”သက်မွန်အများကြီးတော့ ပြောစရာမရှိပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ သူတို့နဲ့ကိုယ်နဲ့ ကဘာမှပြောစရာ မလို တော့လောက်အောင်ကို ရင်ဘတ်ချင်းနီး ပြီးတော့ ဟိုစိတ်ချင်းနီးပြီးတော့ သိနေ ကြတဲ့ သူတွေဆိုတော့ သက်မွန် ဘာ လုပ်လဲ၊ ဘာခံစားရလဲ သူ တို့သိသလို၊ သူတို့ဘာ လိုအပ်လဲ သူတို့ ဘာ ဖြစ် နေလဲ၊ ကိုယ်လည်း ခံစား မိတယ်။ အဲဒီအတွက် ဘာ မှပြောစရာမလိုတော့ လောက်အောင်ကို ပြီးပြည့် စုံနေပါပြီ”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here