မြန်မာနိုင်ငံမှာအနုပညာအလုပ်တွေ လုပ်ဆောင်ချင်နေတဲ့ အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်း

0
181

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်အဝင်း (ခေါ်) မိုရီဆာကီဝင်းက ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို မေလ ၂၁ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။ ဒီတစ်ခေါက် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ရခြင်းကတော့Fujifilm Myanmar မှသူ့ကိုBrand Ambassador အဖြစ်ခန့်အပ်ခြင်းအတွက် ရောက်ရှိ လာခဲ့ခြင်းဖြစ်ပါ တယ်။

အခုလို အဝင်းနဲ့ တွေ့ဆုံ ခိုက်မှာ မတ်လပိုင်းတုန်းက ရုံတင်ပြသခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်Ready Player One ဇာတ် ကားနဲ့ပတ်သက်ပြီးမေး မြန်းဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်မှာပါဝင်သရုပ်ဆောင် ဖြစ်ခဲ့ရပုံနဲ့ရရှိခဲ့ တဲ့ အတွေ့အကြုံများကို မိုရီဆာကီဝင်းက …

”ဒီဇာတ်ကားကို ကျွန်တော် ၂ဝ၁၅ ခုနှစ်မှာ ပထမဆုံးအော်ဒီရှင်လုပ်ခဲ့တယ်။ သူတို့က မူဗီအော်ဒီ ရှင်ကို ပထမဆုံးလုပ်ခဲ့တယ်။အဲဒါပြီးတော့မှ သူတို့က ကြိုက်တယ် ဆိုပြီးပြန်ခေါ်ပြီးတော့ အမေရိကားရောက် ခဲ့တယ်။ အမေရိ ကားရောက်တော့ ဒါရိုက်တာက သူကိုယ်၌ ကိုယ်ကကျွန်တော့် ကိုမေးခွန်းတွေမေးတယ်။အဲဒီကနေ ၈ လ လောက်ကျွန်တော်စောင့်ခဲ့ရတယ်။ ပြီးတော့မှ အဖြေထွက်ပြီး ၂ဝ၁၆ ခုနှစ်မှာ အဲဒီဇာတ်ကားကို ပါဝင် သရုပ်ဆောင်ရိုက်ကူးခဲ့ရတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သူတို့က ဇာတ်ကား တစ်ကား ရိုက်ကူးဖို့ကို ၄ လလောက် အချိန်ပေးရိုက်ခဲ့ရတယ်။ ဘတ်ဂျက်နဲ့ပတ်သက်ရင်လည်းသူတို့ဆီမှာ ပိုက်ဆံတွေ အများ ကြီးရှိတယ်။ ဒီလိုမျိုးရိုက်ကူးတဲ့ ဇာတ်ကားမှာကျွန်တော် ပါဝင်ရိုက်ကူးရတဲ့အတွက် အတွေ့အကြုံတွေလည်း အများကြီးရတယ်။ ပညာတွေလည်း အများကြီးရခဲ့တာပေါ့။ ဘာပညာတွေရလဲဆိုတာတော့ ဒီဟာပါလို့ တစ် ခုထဲပြောလို့မရလောက်အောင်ကိုများတာပါ။ ရိုက်ကူးတဲ့ ၄ လလုံးလုံးမှာ ကျွန်တော်တစ်ယောက်တည်း သူတို့တွေနဲ့ အတူတူ လက်တွဲပြီး အလုပ်လုပ်ရတယ်။ အတွေ့အကြုံသစ်တွေလည်း အများကြီးရတယ်” လို့ ပြောပြခဲ့ပါတယ်။ နောက်ထပ်လည်း ဒီလိုရုပ်ရှင်ဇာတ်ကားတွေ အများကြီး ဆက်လက်ရိုက်ကူးနိုင်ဖို့အတွက် အများကြီးကြိုးစားသွားဦးမှာ ဖြစ်ပြီး ပရိသတ်များကလည်း ဆက်လက်အားပေးကြဖို့သူကပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း အနုပညာအလုပ်များ လာရောက်လုပ်ဆောင်ဖို့ စိတ် ကူးများရှိကြောင်းကိုလည်းမိုရီဆာကီ ဝင်းက…

”မြန်မာနိုင်ငံမှာ အနုပညာ အလုပ်တွေ အများကြီးလုပ်ဆောင်ချင်တာပေါ့။ ပြီးတော့မြန်မာသီချင်းဆိုဖို့ အစီအ စဉ်ရှိပါတယ်။ ကျွန်တော်က သီချင်းလည်း ကိုယ့်ဟာကိုယ်ရေးစပ်တယ်ဆိုတော့ မြန်မာစာသားကိုရေးတတ်ဖို့အတွက်က လေ့လာစရာတွေ အများကြီးရှိသေးတယ်။မြန်မာစာတွေပြန်ကျက်ရမှာ။ အဲဒီတော့ကိုယ့်ဟာကိုယ်စာကျက်ရင်းနဲ့တစ် ကြောင်းနှစ်ကြောင်းစရေးကြည့်နေတယ်” လို့ ပြောပြပြီးမြန်မာပရိသတ်တွေကို သူဘယ်လို သီချင်းမျိုးကိုဆိုပြ ချင်လဲဆို တာကိုလည်း…

”ပထမဆုံးကျွန်တော်ဆိုချင်တာကတော့ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေပေါ် မူတည်ပြီး ကျေးဇူးဆပ် ချင်တဲ့ သီချင်းလေးကို ဆက်ချင်တယ်လို့ ကျွန်တော် စိတ်ကူးထားပါတယ်ချင်ဗျ”လို့ မိုရီဆာကီဝင်းက ပြောပြခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံကိုရောက်ခိုက်မှာ မြန်မာနိုင်ငံက သူ့ပရိသတ်များနဲ့Live Show နဲ့ Fan metting မျိုးပွဲလေး တွေလုပ်ချင်ကြောင်း ဒါပေမယ့်အချိန်သိပ်မရ တဲ့ အတွက်နောက်တစ်ခေါက် မြန်မာနိုင်ငံကို ပြန်လည်လာရောက်ရတဲ့အခါမှ သာ လုပ်ဆောင်သွားတော့မယ်လို့ မိုရီဆာကီဝင်းက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here