ခရီးသွားပျော်ရွှင်မှု [နှင့်] ကုသိုလ်ကောင်းမှု

0
189

ကျွန်မတို့မိသားစုလေးဟာ ပြင် ဦးလွင်မြို့ကလေးဆီ နွေရာသီအပန်း ဖြေခရီးစဉ်အဖြစ်ထွက်ခဲ့ကြပါတယ်။ ပြင်ဦးလွင်ရာသီဥတုက အတော်နေ ထိုင်လို့ ကောင်းလှပါတယ်။ ရန်ကုန် မှာပူပြင်းတဲ့ဒဏ်ခံရသမျှ ပြင်ဦးလွင် မှာ နေထိုင်ရတာအေးချမ်းလှပါတယ်။ ချွေးကို တစ်စက်ကလေးမျှမထွက် တာပါရှင်။ ဒါတောင် ဟိုးအရင်အနှစ် သုံးဆယ်လောက်က ပြင်ဦးလွင်ကို မမီတော့ပါဘူး။ ဟိုတုန်းကတော့ ၂၁ မိုင်ကစပြီး ဗြုန်းစားကြီး အေးမြသွား လိုက်တာမှ ဆောင်းရာသီဆို ခိုက် ခိုက်တုန်ပါပဲ စာဖတ်သူ။ သစ်ပင်တွေ နည်းပါးသွားတာလည်းပါလိမ့်မယ် ထင်ပါတယ်ရှင်။

ဧပြီလဆယ့်နှစ်ရက်နေ့ တစ်နေ့ လုံး စိတ်အေးချမ်းသာစွာ အနားယူ နေရပြီး ညနေပိုင်းမှာတစ်မိသားစုလုံး ဒီဇင်ဘာခြံဘက်ဆီ သွားရောက်ကာ စားသောက်ကြပါတယ်။ လူအတော် များများသိတဲ့ ဒီဇင်ဘာခြံမှာ စားစရာ တွေ အစုံအလင်ရသလို ချိစ်ကို လုံး လုံးလေးကြော်ထားတာလည်း စား ကောင်ပါတယ်။ ဆန်ပြားကြော် လည်းကောင်းသလို ကလေးတွေက လည်း ရေခဲမုန့်တွေ တွယ်ကြပါတယ်။ နို့မလိုင်က အရသာရှိပြီး သောက်လို့ တော့ အီဆင်းသွားပါလေရော။ ပြီး တော့ ကလေးတွေနဲ့ စတော်ဘယ်ရီ စိုက်ခင်းထဲမှာ မျက်မှန်ကြီးတပ်ပြီး ပဲပေးခဲ့ကြပါတယ်။ သမီးလတ်က လေးလည်း ရှားရှားပါးပါးဓာတ်ပုံ အ ရိုက်ခံပြီး ပျော်နေရှာတယ်။ ဦးစီးမှူး ကတော့ သူ့မိသားစုကိုကြည့်ပြီး ပြုံး နေတာပါပဲ။

ဧပြီလ ၁၃ ရက်နေ့မှာThe View ရီဇော့ကို သွားရောက်လည် ပတ်ကြပါတယ်။ ကျွန်မပျော်ပေမယ့် ကျွန်မထက်ပိုပျော်သွားတဲ့ ကျွန်မ သမီးကြီးက ရေကူးကန်ပေါင်ပေါ်မှာ အိုက်တင်တွေ တမင်လုပ်ပြီး ဓာတ်ပုံ အရိုက်ခံပါတော့တယ်။The View ကနေမြင်ရတဲ့ ရေတံခွန်က မိုးတွင်း မှာ တော်တော်လှပါလိမ့်မယ်။ တော တောင်ရေမြေသဘာဝကိုThe View ကနေ ခံစားကြည့်ရတာ အရသာမ တစ်မျိုးရှိလှတယ်။ အဆောက် အဦးရဲ့ အတွင်းပိုင်းတွေကိုလည်း ခေတ်မီအောင်ပြုလုပ်ထားပြီး အခန်း ကျယ်တွေ လေးခန်းရှိပါတယ်။ အုပ်စုလိုက် စုစုဝေးဝေး မိသားစု များများနဲ့ တည်းချင်စရာကောင်း သလို ငွေကိုမချွေတာဘဲ သုံးနိုင်သူ တွေအတွက် တကယ့်ကို ပျော်စရာပါ ရှင်။ ရေကူးကန်ကနေ မြင်ရတဲ့ ရှုခင်းကိုက တကယ်လှပနေတာပါ။The View မရောက်ခင် အိန္ဒိယ စားသောက်ဆိုင်တစ်ဆိုင်ကို ရောက် ခဲ့ပေမယ့် နောက်ရက်တွေ ထပ်မ ရောက်နိုင်တော့ အရသာမမြည်းစမ်း ကြည့်ခဲ့ရပါဘူး။ နောက်နှစ်မှစားမယ် လို့ပဲ စိတ်ထဲက ကြိမ်းဝါးမိပါတယ်။

The View က အပြန် ကလေး တွေက ရုက္ခဗေဒကန်တော်ကြီး ဥယျာဉ်ကို လိုက်ပို့ပါဆိုလို့ ချီတက်ကြ ပြန်ပါတယ်။ တကယ်တော့ ကန် တော်ကြီး ရုက္ခဗေဒဥယျာဉ်ထဲမှာ စားသောက်ခဲ့ရတဲ့ အစားအသောက် တွေက အင်မတန် ကောင်းတယ်လို့ ပြောရပါမယ်။ ဆိတ်သားအာလူးနဲ့ ပလာတာ၊ ပူရီ၊ ဆန်ပြားကြော်၊ တို့ ဟူးနွေးကအစ အတော်ကောင်းပါ တယ်။ ကျွန်မတို့လည်း မြန်မြန်စားပြီး မြန်မြန်ပြန်ကြပါတယ်။ တစ်ခုပဲရှိ တယ်။ အဲဒီနေ့က လူများလို့လားမသိ ဘူး။ စားစရာတစ်ပွဲကို အချိန်အကြာ ကြီးစောင့်ရပါတယ်။ ရုက္ခဗေဒ ကန်တော်ကြီးဥယျာဉ်ထဲမှာ ပန်းတွေ လည်း ရောင်စုံလှနေသေးသလို (နွေ ရာသီပေမယ့်) လူရောင်စုံတွေလည်း အများကြီးတွေ့ခဲ့ရပါတယ် စာဖတ် သူရှင်။ ကျွန်မတို့မိသားစုကို နွေး ထွေးစွာကြည့်ကြပေမယ့် အိနြေ္ဒရရနဲ့ ရှိပါတယ်။ ပြင်ဦးလွင်က အရောင် အသွေးစုံဝတ်စားထားတဲ့ လူရောင်စုံ တွေဟာ အဆင့်မြင့်မြင့်စိတ်တွေ ရှိ ကြပါတယ်။ ဒါကြောင့်ကို ပြင်ဦး လွင်မှာ နေချင်စိတ်တွေ ပေါက်လာ ပါတော့တယ်။

ဧပြီလ၁၄ ရက်နေ့ကျတော့ သင်္ကြန်တွင်းဖြစ်ပြီဆိုတော့ ဟိုတယ် ထဲမှာပဲ နားနားနေနေနဲ့ TV ကြည့် ရင်း နားနေကြပါတယ်။ မှာထားတဲ့ ထမင်းချိုင့်တွေကလည်း ဟင်းတွေ အများကြီးနဲ့ မစားနိုင်အောင်ပါပဲရှင်။ ညကျတော့ မြေးမောင်ရဲ့နပ်စ် မွေး နေ့မလို့ ညနေဘက် ကချင်စကော ထမင်း စားသောက်ဆိုင်မှာ မိသားစု စားကြပါတယ်။ ကျွန်မနဲ့ ဦးစီးမှူးတို့ နှစ်ယောက်သားက ကချင်ဒံပေါက် ထမင်းဆိုတာကို အားရပါးရစားပြီး အကြိုက်တွေ့ပါတော့တယ်။ ဘယ် လောက်ကြိုက်လဲဆိုရင် နောက် တစ် နေ့မှာပါ ထပ်စားကြပြန်ပါတယ်။ အဲဒီဆိုင်လေးက အလွန်အကျွံလည်း ဈေးမကြီးဘဲလက်ရာ ကောင်းလှပါ တယ်။ ကိုရီးယားဇာတ်ကားတွေထဲ ကလို နှမ်းရွက်နဲ့မဟုတ်ဘဲ ဆလတ်ရွက် ထဲ ငါးအသားကြော်နဲ့ အသီးအနှံရော ထုတ်ပြီး အချဉ်ရေစပ်ထားတာလေး နဲ့ တို့စားရတာ ကောင်းလှပါတယ်။ အဲဒီညကတော့ ဗိုက်တွေလေးပြီး အ စောကြီးအိပ်ပျော်သွားပါတော့တယ်။

ဧပြီလ ၁၅ ရက်နေ့မှာတော့ ထူးလိမ္မော်ခြံကို သွားလည်ဖြစ်ကြပါ တယ်။ တစ်မျှော်တစ်ခေါ် လိမ္မော်ခြံ ခင်းကြီးတွေက တို့မြန်မာလူမျိုးပိုင် တာမှ ဟုတ်ရဲ့လားလို့တွေးမိတယ်။ ဧကများစွာကျယ်ဝန်းတဲ့ ဒီစိုက်ခင်း ထဲကို ဆိုင်ကယ်နောက်တွဲယာဉ်လေး ‘ဂွမ်ဒေါင်း’ဆိုလား အဲဒါနှစ်စီးနဲ့ သွား ကြပါတယ်။ အသီးကျချိန်မလို့ လိမ္မော်သီးနည်းသွားတယ်ဆိုတာ တောင်မှ အပင်တိုင်းလိုလို လိမ္မော် သီးတွေ ပြွတ်ခဲနေအောင်သီးပါတယ်။ ကျွန်မတို့မိသားစုလည်း ဂိတ်က သူတို့ ထုတ်ပေးတဲ့ နှီးဦးထုပ်လေးဆောင်း၊ ပလိုင်းလေးလွယ်ပြီး သူတို့ပေးတဲ့ ကတ်ကြေးနဲ့ အသီးတွေညှပ်ပြီး ခြင်း ထဲထည့်ပါတယ်။ ပါးစပ်ထဲလည်း ထည့်လိုက်သေးတယ်။ စပ်စုကြည့် တော့ ဒီလိမ္မော်ပင်တွေ အားလုံး ကိုင်းကူးစနစ်နဲ့ စိုက်ထားပါတယ်။ သြဂဲနစ်သီးနှံတွေဖြစ်ပါတယ်။ မြေ သြဇာကို သဘာဝနွားချေးနဲ့ EM အရည်နဲ့ တီကောင်တွေက စွန့်ပစ်တဲ့ မြေဆွေးတွေကိုပဲ သုံးတယ်တဲ့။ ပိုး သတ်ဆေးက ဘာဖျန်းလဲဆိုတော့ တမာပိုးသတ်ဆေးရည်နဲ့ တခြား သဘာဝပိုးသတ်ဆေးရေတွေ သုံးပါ တယ်။ ဒီလို သြဂဲနစ် သီးနှံပဲထုတ်လို့ အသီးတွေက နင်းကန်ပြီး သီးမနေဘဲ လူတွေလည်း အန္တရာယ်ကင်းတဲ့ အသီးတွေ စားရတာပေါ့စာဖတ်သူ။ ကျွန်မတို့အပြန်မှာ ခန်းမဆောင်ထဲ ဝင်ပြီး သဘာဝလိမ္မော်ရည်စစ်စစ်မွှေး မွှေးလေးကိုသောက်သုံးပြီး မြူရွက် သုပ်တွေမြည်းစမ်းကြည့်ပြီး ဗိုက်တွေ တင်းပြီး ပြန်ခဲ့ကြပါတယ်ဆိုပါစို့ရှင်။

ဧပြီလ ၁၆ ရက်နေ့မှာတော့ နေ့လယ်ဘက် Fame ဆေးဝါးထုတ် လုပ်တဲ့ ဆေးပင်စိုက်ခင်းတွေရှိရာကို သွား လေ့လာပါတယ်။ ဒီတစ်ခါတော့ ကလေးတွေကို နားခိုင်းခဲ့ပြီး ဦးစီး မှူးနဲ့ နှစ်ယောက်တည်း သွားလေ့ လာခဲ့ပါတယ်။ Fame ရဲ့ ဆေးဝါး ထုတ်လုပ်မှုနဲ့ သြဂဲနစ်ဆေးပင်တွေ စိုက်တာလည်း ပရိုဂျက်တာထိုးပြီး ပြသကြပါတယ်။ ကျွန်မတို့ မြန်မာ နိုင်ငံသားစစ်စစ် ဒေါက်တာခင်မောင် လွင်ပိုင်ဆိုင်တယ်ဆိုတဲ့ Fame ဆေး ဝါးတွေဟာ အင်မတန်ကောင်းတယ် လို့ ကျွန်မယုံကြည်ပါတယ်။ တကယ့် သြဂဲနစ်ဆေးဝါး အဆီအနှစ်တွေနဲ့ ပြုလုပ်တဲ့ ဒီဆေးတွေဟာ ကိုယ့်မြန် မာပြည်သားဝင်ငွေနည်းသူများ အ တွက်လည်း အားထားရာဖြစ်မယ်ထင် ပါတယ်။ ကျွန်မတို့ လင်မယားလည်း ဆေးအရောင်းဆိုင်မှာ ဆေးတွေဝင် ကြည့်ရင်းဝယ်ကြပါတယ်။ ဦးစီးမှူး အတွက် ပရိုဘိုင်အိုတစ်ဆေးလည်း ရလို့ ၂ ဘူးဝယ်ပါတယ်။ တခြားဆီး ကြိတ်ပျောက်ဆေးဘာညာအစုံပေါ့ ရှင်။ သမီးလတ်လေး နှလုံးခွဲထားဖူး သူအတွက် COQ 10 ၂ ဘူးဝယ်ပါ တယ်။ ကျွန်မအတွက် သည်းခြေ ကျောက်ပျော်ဆေးဝယ်ပါတယ်။ အင်္ဂ လိပ်ဆေးဝါးကိုလည်း အထင်မသေး သလိုဘဲ အခုလိုစနစ်တကျလုပ်ထား တဲ့ ပြည်တွင်းဖြစ် ဆေးဝါးတွေလည်း ယုံကြည်လို့သုံးစွဲပါတယ်ရှင်။ ပြန်လာ တော့ သင်္ကြန်တွင်းဟိုတယ်က နေ့ တိုင်းစတုဒီသာ ကျွေးနေတော့ တေး သီချင်းသံတွေ၊ သင်္ကြန်ပွဲလာနွှဲတဲ့သူ တွေအသံကို နားထောင်ရင်း ရွှေရင်အေး တွေသောက်ကြပါတယ် စာဖတ်သူ။

ဧပြီလ ၁၇ ရက်နေ့မှာတော့ မနက်စောစောထ ပြီး ဆရာတော် ဘုရားကြီး အရှင် ဒေါက်တာနန္ဒမာ လာဘိဝံသနဲ့ ဖားအောက်ဆရာတော် ဘုရားကြီးတို့ကို မိသားစုအလှူငွေ ဝတ္ထုနဲ့ သင်္ကန်းတော်များ ကပ်လှူ ကြပါတယ်။ အပြန်မှာ သွားရင်းတွေ့ တဲ့ သစ်ခွတွေလည်း အားပါးတရဝင် ဝယ်လာခဲ့ကြပါတယ်။ ကျွန်မက ပန်း သိပ်ချစ်ပါတယ်ရှင်။ နှစ်သစ်ကူး နှစ် ဆန်းတစ်ရက်နေ့မှာ ဆရာတော်ကြီး တွေကို တစ်နေ့တည်းတစ်ပြိုင်တည်း ဖူးမြော်ခွင့်ရလို့ စီစဉ်လိုက်ပို့တဲ့ သမီး ငယ်လေးကိုလည်း ကျေးဇူးတင်မိတာ ပါပဲ။ အခုညပိုင်းကိုးနာရီလောက်မှာ မဟာအံ့ထူးကံသာဘုရားကြီးကို မိ သားစု ထပ်သွားကာဖူးမြော်ပြီး ပဋ္ဌာန်းတော်များ ရွတ်ဆိုကန်တော့ခဲ့ ကြပါတယ်။ စာလည်းအတော်ရှည် သွားပါပြီရှင်။ နောက်တစ်နေ့မှာတော့ အစောကြီးထပြီး ကျွန်မတို့ ရန်ကုန် ပြန်ရပါတော့မယ်။ ဒီလို စိတ်ပျော်ရွှင် ဗဟုသုတအစုံအလင် ကုသိုလ် ကောင်းမှု တစ်ပုံတစ်ပင်နဲ့ တစ်ခဏ တာ ငြိမ်းချမ်းရေးဘုံမိဗာန်နှယ် ကိုး ရက်တာ ဘဝအမောတွေကိုပြေ ပျောက်ခွင့်ပေးတဲ့သမီးကြီးနဲ့ ဆရာ တော်ကြီးများကို ဖူးမြှော်ဖို့စီစဉ်ပေးတဲ့ သမီးငယ်တို့ကိုလည်း ကျေးဇူးတင် ပါတယ်။ ဦးစီးမှူးနဲ့အတူ ကျွန်မတို့ မိသားစုလေး ဒီနှစ်သင်္ကြန်မှာ အပန်း ပြေပျော်ရွှင်ခဲ့ရလို့လည်း အပျော်တွေ နဲ့ အတူ ကုသိုလ်ကောင်းမှုအားလုံးကို လည်း စာဖတ်ပရိသတ်ကို မျှဝေပေး လိုက်ပါတယ်ရှင်။

စိုးကြည်ဖြူ


LEAVE A REPLY

Please enter your comment!
Please enter your name here