အယ်ဒီတာတို့ရဲ့ ကြေကွဲဖွယ်ဝေဒနာ မချိတင်ကဲ သတင်းသမားကိုတွေ့ခဲ့

0
187

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း ၄ နှစ် ပြည့် အထိမ်းအမှတ်အခမ်းအနား ၂၁-၄-၂ဝ၁၈ ရက်နေ့မနက်က တောင်လေးလုံး ကျောင်းတိုက်မှာ ကျင်းပတယ်။

စကားပြောပါဦးဆိုလို့ ကျွန် တော်ပြောတယ်။ ကိုလေး (အင်းဝ ဂုဏ်ရည်)နဲ့ စာရေးဆရာထွန်းအောင် ကျော်တို့လည်း ပြောတယ်။ အဲဒီမှာ ကျွန်တော်က သတင်းသမားတို့ရဲ့ အမျှင်တန်းတဲ့ သံယောဇဉ်နဲ့ သတင်း စာဆရာကြီး ဦးဝင်းတင်ကို တမ်းတ ပြီး ဒီနေ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးသတင်းနှစ်ပုဒ် မျှဝေပေးခဲ့တယ်။

အိမ်ပြန်ရောက်တော့ ဦးဝင်း တင် ပုံကလေး ခြင်္သေ့ပန်းပုလေးနဲ့ ယှဉ်ထားတဲ့ ကျွန်တော့်စာအုပ်စင်ကို ဖွတယ်။ ရှာတယ်။ တွေ့တယ်။ ‘သတင်းစာ’စာစောင်အုပ်တွဲကလေး။ ဟံသာဝတီမှာတုန်းက ဦးဝင်းတင် လက်ဆောင်ပေးတဲ့ပေါင်းချုပ်က လေး။

လှန်တယ်၊တွေ့တယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးပုံရိပ်များ။ အဲဒီအချိန် တုန်းက ဦးဝင်းတင်က သတင်းစာ ဆရာအသင်းအတွင်းရေးမှူး၊ သတင်း စာအယ်ဒီတာ၊ ပြည်တွင်းငြိမ်းချမ်း ရေးကို အာသာငမ်းငမ်းတမ်းတတဲ့ သတင်းသမား၊ ပြည်တွင်းငြိမ်းချမ်း ရေးသတင်းတွေကို ပုံတွေနဲ့တကွ ဖော်ပြပေးနေတဲ့ သတင်းစာအယ်ဒီ တာ။ သူအလုပ်လုပ်နေတဲ့ သတင်း တွေ၊ သတင်းဓာတ်ပုံတွေနဲ့ နပန်းလုံး နေတဲ့ ဦးဝင်းတင်ဟာ အဲဒီအချိန်က သူ့သတင်းစာ ကြေးမုံမှာသာမက သတင်းစာစာစောင်မှာလည်း ပြည် တွင်းငြိမ်းချမ်းရေးသတင်းတွေ ဓာတ် ပုံတွေကို ဖော်ပြဖို့ လုံးပမ်းအားထုတ် ခဲ့ရတယ်။

‘သတင်းစာ’စာစောင်မှာ အမှု ဆောင်အယ်ဒီတာ တာဝန်ယူခဲ့ရတဲ့ ဦးဝင်းတင်ဖော်ပြခဲ့ရတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးသတင်းတွေနဲ့ ဓာတ်ပုံ တွေကတော့ ဒီမှာပါ။

သတင်းစာ လောကဓံ

ပြည်တွင်းငြိမ်းချမ်းရေးဆွေး နွေးပွဲပျက်သွားခြင်းနှင့် ဆက်စပ် လျက် နိုဝင်ဘာ ၁၅ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ တော်လှန်ရေးအစိုးရ က ရန်ကုန်နှင့် နယ်အသီးသီး၌ သ တင်းစာအယ်ဒီတာ သတင်းထောက် ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။

(သတင်းစာစာစောင်၊ ၁၉၆၃ ဒီဇင်ဘာ)

သြဂုတ်လ ၁၃ ရက်က အလံနီ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် သခင်စိုးသည် ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းထံသို့ လာ ရောက်ဂါရဝပြုခဲ့သည်။ နှစ်ဦးစလုံး မချိတင်ကဲ စိတ်နှလုံးထိခိုက်နေပုံကို ဤသို့တွေ့ခဲ့ရသည်။ ရိုက်ကူးသူကြေး မုံဓာတ်ပုံသတင်းထောက်တင်ကြိုင်။

(သတင်းစာ၊ ၁၉၆၃ စက်တင်ဘာ)

ပြည်တွင်းငြိမ်းချမ်းရေးဆွေး နွေးပွဲ ပျက်သွားပြီးနောက် ဗမာပြည် ကွန်မြူနစ်ပါတီ ငြိမ်းချမ်းရေးကိုယ် စားလှယ်များ တောတွင်းသို့ ပြန် လည်ထွက်ခွာသွားစဉ် ရိုက်ကူးထား သော သတင်းဓာတ်ပုံ။ ဤသတင်း ဓာတ်ပုံသည် ၁၉၆၃ ခုနှစ် အကောင်း ဆုံးသတင်းဓာတ်ပုံဆုကို ဆွတ်ခူးခဲ့ သည်။ ရိုက်ကူးသူအထောက်တော် ပေါက်ခေါင်းမြို့နယ် သတင်းထောက် ဦးအုံးရှိန်။

(သတင်းစာ၊ ၁၉၆၄ ဖေဖော်ဝါရီ)

တော်လှန်ရေးကောင်စီအစိုးရ နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေး ရန် ရန်ကုန်သို့ ရောက်နေသော ဗမာ ပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၂၁ ရက် က ရွှေတိဂုံစေတီတော်သို့ သွား ရောက်ဖူးမျှော်ခဲ့သည်။ ပုံမှာ အဖွဲ့ ခေါင်းဆောင်ရဲဘော်ဌေး ဘုရားဝတ် ပြုနေပုံဖြစ်သည်။

(သတင်းစာ၊ ၁၉၆၃ ဒီဇင်ဘာ)

၁၉၆ဝ လွန်ကာလတွေမှာ ကျွန် တော်တို့ သတင်းသမားတွေဟာ မန္တလေးမြို့က အိမ်တော်ရာ ၁၄ ခန်း ဇရပ်ဆီရောက်ရသပေါ့။ လူထုတွေ လည်း စစ်ကြောင်းတွေခွဲပြီး ချီတက် လာကြတယ်လေ။ မကြာခဏပေါ့။ အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာ သဘာပတိလုပ်တဲ့ ရုပ်ရှင်မင်းသားကြီး ထွန်းဝေကို အပြေးအလွှား ကပ်ရမေး ရမြန်းရ၊ စစ်ကြောင်းချီလာတဲ့ လယ် သမားကြီးဆီ အမောတကော ပြေး ကပ်ပြီး သူပြောတာ နားထောင်နား စိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြရ။

ရှေ့သို့ ဆက်ကာ ချီတက်ပါလေ
မောင်သစ်လွင် (လူထု)

သမီးယုံကြည်ချက်
ခိုင်မာပါတယ်။ စေတနာမှန်ပါတယ်
စာဖတ်ပရိသတ်က
နှစ်သက်အားပေးကြတာပဲ
သမီးရေးစရာရှိတာ ဆက်ရေး
မမှန်မကန်တဲ့ ဝေဖန်ရေးဆိုတာ
ရှိတတ်တာပဲ
ဒါအဆန်းမဟုတ်
ရမ်းတုတ်တွေလည်း
ရှိတာပဲလေ
ဒီတစ်ခါလည်း ထပ်ပြောဦးမှာပဲ
ကြံ့ကြံ့ခံနိုင်အောင်
ကျန်းမာရေးဂရုစိုက်
ဒေါင်ဒေါင်မြည်
ရပ်တည်နိုင်ပါစေ။

သမီးရဲ့ ရဲရင့်တက်ကြွ
ထာဝစဉ် ရှင်သန်နေတဲ့စာတွေ
ဆက်ကာ ဆက်ကာ
ထွက်လာစေ။
မျှော်လင့်စောင့်စား
အားပေးနေကြလေရဲ့
ရှေ့သို့ဆက်လေ သမီးရေ။

(ရေးနေတဲ့ ပင်လုံဝတ္ထုအောင်မြင်ပါစေ)

(မန္တလေးနေ့စဉ်သတင်းစာ ၃ဝ-၁-၂ဝ၁၈)

ရေးနေရဆဲပဲ ဦးဝင်းတင်ရေ … ဒါသတင်းသမားတာဝန်ပဲလေ။

မောင်သစ်လွင် (လူထု)


LEAVE A REPLY

Please enter your comment!
Please enter your name here