၁ဝ စုနှစ်ကျော်ကြာ စီးရီးခွေမထွက်ဖြစ်ခဲ့တဲ့ အဆိုတော်မျိုးမျိုး (Ghost Rider) စီးရီးခွေအသစ်နဲ့အတူ ပြန်လာပြီ

0
105

အဆိုတော်မျိုးမျိုး (Ghost Rider) က စီးရီးခွေ မထွက်ဖြစ်ခဲ့တာ ၁ဝ စုနှစ်ကျော်ကြာခဲ့ပါပြီ။ သူ့အနေနဲ့ စီးရီးခွေမထွက် ဖြစ်ပေမယ့်လည်း ဂီတအလုပ်နဲ့တော့ အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ သီချင်းတွေလုပ်ဖြစ်နေပြီး ဒီလအတွင်းမှာပဲ Single တစ်ပုဒ်ထွက်ဖို့ စီစဉ်နေပြီး Album အနေနဲ့လည်း သီတင်းကျွတ်လောက်မှာ ထွက်ရှိဖို့ လုပ်နေကြောင်း သိရပါတယ်။

”အစ်ကိုဆိုနေကျပုံစံအတိုင်းပါပဲ။ ပြီးခဲ့တဲ့ ၁၅ နှစ် လောက်ကတော့ အလက်ထရောနစ်တွေ Remix တွေ ပဲ လုပ်တာပေါ့လေ။ အခုကတော့ Rock တွေပိုများမယ်။ အလက်ထရောနစ် နည်းနည်းပါမယ်။ အသစ်တစ်မျိုးပေါ့ လေ။ သီချင်းကတော့ သိပ်အရှည်ကြီး မဟုတ်ဘူး။ တိုတို လေးတွေပါပဲ။ ဒီအခွေလုပ်ဖို့က ၁ဝ နှစ်ကျော်အချိန်ရတယ်။ ဒါကြောင့် ဘယ်သူနဲ့မှမတီးဖြစ်ဘူး။ ကိုယ့်ဘာ သာကိုယ်ပဲ အကုန်တီးတယ်။ Title ကတော့ X လို့ နာမည်ပေးထားတယ်။နားထောင်ကြည့်ပါ။ ထူးခြားပါ လိမ့်မယ်”လို့ စီးရီးခွေနဲ့ပတ်သက်ပြီး ကိုမျိုးမျိုးက ပြောပါတယ်။

Ghost Rider Band အနေနဲ့ ကတော့ နှုတ်ဆက်တဲ့အနေနဲ့ စီးရီးခွေတစ်ခွေလုပ်ဖို့တော့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ အခုခေတ်ကာလကတော့ အဆိုတော်တစ်ယောက်အနေနဲ့ နာမည်ရလာပြီဆိုရင် ထိုက်တန်တဲ့ဝင် ငွေရရှိလာတယ်လို့ထင်ပြီး သူတို့တုန်းကတော့ အခုလိုမျိုးထိုက်တန်နဲ့ဝင်ငွေမရရှိဘဲ အရင်တုန်းက အဆိုတော်ကြီးတွေဆိုရင် ဂစ်တာတစ်လုံးပိုင်ဖို့တောင် မလွယ်ကူခဲ့ကြောင်း ကိုမျိုး မျိုးက ခေတ်ရဲ့ ကွာခြားလာမှုအကြောင်းကို ပြောပြပါတယ် သူ့ကတော့ အွန်လိုင်းကနေ Single နှစ်ချပ်ဖြန့်ချိခဲ့ ပြီးပြီဖြစ်ပြီး လာမယ့်ဂီတလော အနာဂတ်ကတော့ အင်တာနက်ကနေ သီချင်းတွေဖြန့်ချိဖို့ရောင်း ဖို့ပဲ တွင်ကျယ်လာလိမ့်မယ်လို့ ပြောပါတယ်။

”ကမ္ဘာပေါ်မှာလည်း ဒီအတိုင်းပဲလေ။ အစ်ကိုကတော့ အဲဒါကို အားပေးတယ်။ ခိုးတာ လည်း ရှိမှာပါပဲ။ အင်တာနက်ကလူတိုင်းဆီကို အလွယ်ဆုံးနဲ့ အမြန်ဆုံးရောက်ရှိသွားနိုင်တယ်။ ကြားခံ ဘာမှမရှိဘူး။ အဲဒါ ကို ကိုယ်သိပ်သဘောကျတယ်။ ဒီနေ့တင်မယ်ဆိုရင် နားထောင်တဲ့ လူ ဆီကို ချက်ခြင်းရောက်သွားမယ်။အဲဒါက အဆင်ပြေတာပေါ့”လို့ အွန်လိုင်းကနေ တေးသီချင်းရောင်းဝယ်မှုနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here