ပညာရေးနဲ့ အနုပညာကို မျှတအောင် လုပ်နေတဲ့ အဆိုတော်ပိုပိုဟေသာ

0
217

‘ချစ်တဲ့စိတ်ဆိုတာ’ သီချင်း နဲ့လူငယ်ပရိသတ်ကြားရေပန်းစားလာတဲ့ အဆိုတော်ပိုပိုဟေသာကတော့ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသူပါ။ သူမရဲ့ဒုတိယမြောက်တေးစီးရီးဖြစ်တဲ့ =ရှစ်ခွင်တိုင်း+ တေးစီးရီး မကြာ သေးမီက ထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒုတိယမြောက်တေးစီးနဲ့ ပတ်သက်ပြီး ပရိသတ်များဘက်မှ တုံ့ပြန်မှုတွေ အများ ကြီးမရှိသေးပေမယ့် သီချင်းတွေကိုတော့ ပရိသတ်ကြိုက်ဖို့ မျှော်လင့်မိကြောင်းကိုလည်း …

“ဟေသာရဲ့ ရှင်ခွင်တိုင်း တေးစီးရီးကတော့ မေလ ၁၇ ရက်နေ့က ထွက်ရှိခဲ့ပါပြီ။ ခုဆိုတစ်ပတ်လောက် ရှိပြီပေါ့။ သီချင်းလေးတွေကတော့ ဟေသာ ခါတိုင်းသီဆိုနေကျ ရိုးရိုးလေးတွေရော၊ မြူးမြူးလေးတွေ ရောထည့်ထားပါတယ်။ အရင်စီးရီးခွေနဲ့တော့ ဆိုပုံဆို ပေါက်တွေ ကွဲသွားမယ်။ ပထမစီးရီးခွေတုန်းကတော့ ဟေသာမှာ ကလေးသံနည်းနည်းပါတာ ပေါ့နော်။ စီးရီးခွေကတော့ အသံလေးနည်းနည်း ရင့်ကျက်သွားမယ်လို့ထင်ပါတယ်။ ဟေသာအများကြီး လည်း ကြိုးစားထားပါတယ်။ စီးရီးခွေထွက်ထားတာက ရက်ပိုင်းပဲရှိ သေးတာဆိုတော့ ပရိသတ်တုံ့ပြန်မှုကတော့ထူးထူးခြားခြားမရှိသေးပါဘူး။ ဒါပေမဲ့ ပါဝင်တဲ့သီချင်းတွေကို ပရိသတ်နှစ်သက်ဖို့တော့ ဟေသာ မျှော်လင့်ပါတယ်”လို့ ပိုပိုဟေသာက ပြောပါတယ်။ ကျောင်းတက်ရင်းနဲ့ အနုပညာအလုပ်တွေလုပ်သွားမယ်ဆိုတဲ့ အဆိုတော် ပိုပိုဟေသာက . . .

“ဟေသာက ဇွန်လဆိုရင် ကျောင်းပြန်တက်ရတော့မယ်။ ကျောင်းတက်ရင်းနဲ့ပဲMTV တွေလည်း ရိုက်ကူး သွားဖို့ရှိပါတယ်။MTVကတော့ ကိုယ်တိုင်ပဲ ပါဝင်သရုပ်ဆောင်တော့များပါတယ်။ အများကြီးလည်း စဉ်းစားထားပါတယ်။ VCD ခွေလို့မျိုးလုပ်ဖို့ကတော့ သိပ်မဖြစ်နိုင်ပါဘူး။ Online ပေါ်မှာပဲ တစ်ပုဒ်ချင်းတင်ဖြစ်ဖို့များပါတယ်။ ခုကတည်းက ဘယ်သီချင်းတွေ ရိုက်ကူးမယ်ဆိုတာ စဉ်းစားထားပါတယ်။ ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းတွေကို အရင်ရိုက်ကူးဖြစ်မယ်လို့ လည်းထင်ပါတယ်။ ကျောင်းကတော့ ဟေသာမကြာခင်လည်း ဘွဲ့ရတော့မှာပါ။ ခုတလောကတော့ ပညာရေး ကိုဦးစားပေးဖြစ်နေတယ်။ ကျောင်းတက်ရင်းနဲ့လည်း MTV တွေ ရိုက်ကူးမယ်။ အနုပညာရော ပညာရေးရောမျှတအောင်လုပ် ဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here