စိတ်ဓာတ်ကျခဲ့ရပေမယ် အားမလျှော့ဘူးဆိုတဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်

0
245

သရုပ်ဆောင်ညီထွဋ်ခေါင် အဓိကကာရိုက်တာအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ထက် ကဲ ရုပ်ရှင်ဇာတ်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ ပရိသတ်တွေစိတ်ဝင်စားအောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ သရုပ်ဆောင်ညီထွဋ်ခေါင်က သူ့ထက် ကဲ ရုပ်ရှင်ဇာတ်ကားကြီးကို ကိုယ်တိုင်ထုတ်လုပ်ပြီး ရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းကိုလည်း…

”ကျွန်တော် ဒီဇာတ်လေးက တအားကြိုက်တယ်။ အရင်က ကျွန်တော့်ကို ဒီဇာတ်ကား ရိုက်ကူးပါလို့ ကမ်းလှမ်းတဲ့ ထုတ်လုပ်ရေးရှိခဲ့တယ်။ ဇာတ်လမ်းကလည်းကောင်းလို့ ကျွန် တော်လည်း ရိုက်ကူးချင်ပါတယ်။ ဒါပေမဲ့ ရိုက်ကူးမယ်ပြောဆိုပြီးမှ ရုံတင်ပြသစနစ်ကလည်း အခြေအနေမကောင်း၊ ပြီးတော့လည်း ကျွန်တော်ကလည်း မင်းသားနေရာနဲ့ သရုပ်ဆောင် တာ တစ်ကားပဲရှိသေးတာဆိုတော့ သူတို့ကလည်း သိပ်ပြီးမယုံချင်ကြတော့ အဲဒီမှာ ဒီ ဇာတ်ကားလေးရိုက်ကူးဖို့ပျက်သွားခဲ့တယ်။ နည်းနည်းတော့ စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့လည်း ကျွန်တော်အားမလျှော့ဘူး။ ဒီဇာတ်ကားလေးကို ဖြစ်အောင်ရိုက် ကူးမယ် ဆိုပြီးတော့ ကျွန်တော့်မှာရှိတဲ့ ငွေနဲ့ ကျွန်တော့်မိတ်ဆွေ ၂ ယောက်၊ ၃ ယောက်ကလည်း ကျွန်တော့်ကိုဖြစ်စေချင်တဲ့ဆန္ဒကြောင့် သူတို့ကလည်း ပံ့ပိုးပေးလို့ ကျွန်တော့်ထုတ်လုပ် ရေးနဲ့ ဒီကားကို ကျွန်တော်အခုပြန်ပြီးတော့ ရိုက်ကူးပေးဖြစ်တာပါ။ ပြီးတော့ ကျွန်တော့်ကို ကူညီကြတဲ့သူတွေလည်း အများကြီးပါ။ ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာကိုကျော်ဇော လင်းကလည်း ကျွန်တော့်ကိုဖြစ်စေချင်တဲ့စိတ်တစ်ခုတည်းနဲ့ အစစအရာရာ ကူညီပေးတယ်။ အနု ပညာရှင်တွေ အကုန်လုံးကလည်း ဝန်းရံပေးတယ်။ အဲဒါကြောင့် ဒီဇာတ်ကားလေးကို အင်နဲ့အားနဲ့ ကြိုးစားပြီး ရိုက်ကူးထားပါတယ်”လို့ ညီထွဋ်ခေါင်က ပြောပါတယ်။

ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ထုတ်လုပ်ထားတဲ့ သူ့ထက်ကဲ ရုပ်ရှင်ဇာတ်ကားကြီးလိုမျိုးနောက်ထပ်ဇာတ်ကားတွေရိုက်ကူးဖို့ရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ ညီထွဋ်ခေါင် က …

”နောက်ထပ်တော့ ရိုက်ကူးဖို့ မရှိသေးပါဘူး။ ကျွန်တော်ရိုက်ကူးထားတဲ့ အဓိကသရုပ်ဆောင်ထားတာ ၂ ကားရှိပါပြီ။ ပထမတစ်ကားက ခရမ်းရောင် ကြိုးမှာ မထွန်းအိန္ဒြာဗို၊ မအေးမြတ်သူတို့နဲ့ သရုပ်ဆောင်ထားပါတယ်။ အခု နောက်ထပ်တစ်ကားက သူ့ထက်ကဲ ရုပ်ရှင်ဇာတ်ကားကြီးပေါ့။ မင်းသားနေ ရာကနေ သရုပ်ဆောင်ထားတာ ၂ ကားရှိပါပြီ။ နောက်ထပ်ရိုက်ကူးဖို့ မျှော်လင့်ချက်တော့ မရှိသေးပါဘူး။ ကျွန်တော့်ကို ရိုက်ကူးဖို့လာကမ်းလှမ်း ရင်တော့ အကောင်းဆုံးသရုပ်ဆောင်သွားမှာပါ”လို့ ညီထွဋ်ခေါင်က ပြော ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here