ကမ္ဘာသားတေးစီးရီးထွက်ရှိခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် အလှူပြုလုပ်ခဲ့တဲ့ အဆိုတော် Rဇာနည်

0
309

လတ်တလောမှာ အလှူအ တန်းတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ အဆိုတော်R ဇာနည်နဲ့ ဝမ်းတို့ မိသားစုက အခုတစ်ခါမှာလည်း ရွှေ ပြည်သာမြို့နယ်မှာရှိ ကမ်းဇေယျာ သီလရှင်စာသင်တိုက်မှာ လှူဒါန်းမှု တွေ ပြုလုပ်ခဲ့ပါတယ်။R ဇာနည်ရဲ့ ကမ္ဘာသားတေးစီးရီးခွေထွက်ရှိခြင်းအထိမ်းအမှတ်အဖြစ် မေလ ၂၈ ရက်နေ့က လှူဒါန်းမှုပြုလုပ်ခဲ့ပုံ အကြောင်းကိုR ဇာနည်က …

”ရွှေပြည်သာမှာရှိတဲ့ သီလရှင် စာသင်ကျောင်းလေးမှာတော့ မိဘမဲ့ ကလေးတွေကို ထိန်းသိမ်းစောင့် ရှောက်ပေးနေကြတာပါ။ ဒီပရဟိတ ကျောင်းလေးမှာ မနှစ်က အစ်ကိုရဲ့ ကမ္ဘာသားအခွေထွက်ရှိတဲ့ အထိမ်း အမှတ်အဖြစ် ကျောင်းဆောင်လေး လှူဒါန်းခဲ့တယ်။ အဲဒီကျောင်းဆောင် လေးကို ဆောက်လုပ် လှူဒါန်းခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်ပြီ။ ဒါ ကြောင့် အဲဒီကျောင်းဆောင်လေးမှာ မိဘမဲ့ကလေးအယောက် တစ်ရာ လောက် နေထိုင်ကြတဲ့အတွက် အဲဒီ မှာ လိုအပ်တာလေးတွေ လှူဒါန်းခဲ့ တယ်။ အဓိကကတော့ ပူအိုက်တဲ့ အချိန်ဖြစ်တဲ့အတွက် ပန်ကာတွေ လည်း လိုအပ်တယ်။ ဒါကြောင့် ပန် ကာဆယ်လုံး၊ နောက်ပြီး ကျောင်း အတွက် အသံချဲ့စက်ရယ်၊ နောက်ပြီး တစ်နေ့စာ ဆွမ်းလည်း ဆက်ကပ်ခဲ့ပါ တယ်။ သွားရောက်လှူဒါန်းတုန်းက လည်း မိသားစုမစုံဘူး။ ကလေးကို ကျာင်းပို့တယ်။ နောက်ပြီး တန်းသွား လိုက်တာပါပဲ။ ဝမ်းနဲ့ပဲ နှစ်ယောက် သားလှူဒါန်းဖြစ်ခဲ့ပါတယ်” လို့ ပြော ပြပါတယ်။

ကမ္ဘာသားအခွေက ရရှိတဲ့ အကျိုးအမြတ်များထဲက လှူဒါန်းတဲ့ အလှူဖြစ်တာကြောင့်R ဇာနည်က သူ့ပရိသတ်များကို ပြောပြချင်တဲ့ အကြောင်းအရာတွေကတော့ …

”အစ်ကိုကတော့ ဒီလိုမျိုးအလှူ လေးတွေ လုပ်တယ်။ လှူရတယ်၊ တန်းရတယ်။ ကျွေးရမွေးရတဲ့ အတွက်လည်း ပီတီဖြစ်သလို ဝမ်း လည်းသာပါတယ်။ နောက်ပြီး ကမ္ဘာ သားအခွေကို အားပေးကြတဲ့ပရိသတ် တွေ အားလုံးရဲ့ အလှူပါပဲ။ ကမ္ဘာသားကိုအားပေးတဲ့ပရိသတ်ကြီးအားလုံးကိုလည်း ကျေးဇူးတင်တယ်။ ဒီ အလှူလေးကိုလည်း ပရိသတ်တွေ မြင်ကြရင် သာဓုခေါ်လို့ ရတာပေါ့ နော်”လို့R ဇာနည်က ပြောပါတယ်။ ဒါ့အပြင် အဆိုတော်R ဇာနည်ရဲ့ လတ်တလောဂီတပိုင်းလှုပ်ရှားမှုတွေ နဲ့ပတ်သက်လို့လည်း …

”အခုကတော့ မိုးတွင်းထဲဝင် ရောက်လာပြီလည်း ဖြစ်လို့ ရှိုးပွဲ ဆို တာတွေလည်း နည်းနည်းနည်းပြီး သီချင်းအသစ်တွေကို စုဆောင်းနေ တယ်။ လုပ်လက်စ သီချင်းတွေလည်း ရှိသလို တချို့သီချင်းတွေကျတော့ လည်း လက်ထဲကိုယ်ဆီရောက်မလာ သေးလို့ စောင့်နေတုန်းပါပဲ။ စိတ်တိုင်းမကျသေးတဲ့သီချင်းတွေကိုလည်း စောင့်ပြီး ပြန်ပြင်ဆင်နေဆဲပါ။ မိသားစုကိုလည်း အပြည့်အဝအချိန် ပေးဖြစ်ပါတယ်” လို့R ဇာနည်က ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here