အွန်လိုင်းမှာ သီချင်းတစ်ပုဒ်ရောင်းချသွားမယ့် အဆိုတော် ချောစုခင်

0
354

အဆိုတော်ချောစုခင်ကတော့ လတ်တလောမှာ သူမရဲ့သီချင်းတွေကို နားထောင်ချင်တဲ့ ပရိသတ်တွေအတွက် ‘တောင်းဆိုချက်’ဆိုတဲ့music video လေးကို အွန်လိုင်းပေါ်မှာ ရောင်းချ သွားဖို့ရှိတယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်မှာ music video လေးတင်ဖြစ်မယ့်အကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော်ချောစုခင်က…

“အစ်မအွန်လိုင်းပေါ်ကနေပြီး ပရိသတ်တွေအတွက် သီ ချင်းလေးတစ်ပုဒ်လောက် အွန်လိုင်းပေါ်မှာ ရောင်းချသွားဖို့စဉ်းစားထားပါတယ်။ music arrange ကတော့ ထျန်ခေးနဲ့ အတီးဆရာတွေနဲ့ပေါ့။ တေးရေးလည်း ထျန်ခေးပဲရေးထားတယ်။ သီချင်းလေးရဲ့နာမည်ကတော့ တောင်းဆိုချက်ပါ။ အစ်မသီချင်းတွေ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ဒီသီချင်းလေးကို အွန်လိုင်းကနေ ရောင်းချပေးသွားမှာပါ။ ပရိသတ် တွေ အားပေးကြပါဦး”လို့ ပြောပါတယ်။

ခေတ်ရေစီးကြောင်းအရ အဆိုတော်အသစ်လေးတွေများလာတဲ့အပေါ်ဘယ်လို မြင်မိလဲဆိုပြီး မေးကြည့်တဲ့အခါမှာတော့ ချောစုခင်က..

“အခုခေတ်မှာ ဂီတကိုစိတ်ဝင်စား တဲ့ မျိုးဆက်သစ်လေးတွေများတယ်။ အဲဒီအတွက်ကြောင့်လည်း သူတို့ ဒီဂီတလောက ထဲကို ဝင်လာခဲ့တဲ့အတွက် ကြိုဆိုတယ်။ ဂုဏ်ယူတယ်။ အဆိုတော်အသစ်လေးတွေ များလာတာနဲ့ပတ်သက်ပြီးတော့ ဘာမှပြောစရာမရှိပါဘူး။ အစ်မတို့တုန်းကလည်း ဒီအတိုင်းပါပဲ။ အကုန်လုံးလို အပ်ချက်တွေနဲ့ တက်လှမ်းလာရတာချည်းပဲလေ။ ပြီးမှသာ လုပ်ရင်းကိုင်ရင်းနဲ့ ဒါတွေက တတ်လာကြတာပေါ့။ အစ်မကမှာချင်တာကတော့ ဆက်ဆံရေးကောင်းဖို့ရယ်၊ ကိုယ်ချစ်တဲ့အလုပ်ကို အကောင်းဆုံးကြိုးစားလုပ်ဖို့ရယ်ပဲ အစ်မကတော့မှာချင်တယ်။ ဒါပေမဲ့ အခုတော်တော်များများ အဆိုတော်သစ်လေး တွေကတော်ပါတယ်။ ယဉ်ယဉ်ကျေးကျေးလည်းရှိတယ်။ အကုန်လုံးနဲ့လည်း အဆင် ပြေမှာပါ”လို့ ပြောပါတယ်။

ပရိသတ်တွေနဲ့ အနေဝေးနေ သလို ဖြစ်နေတဲ့အကြောင်းကိုလည်း ချောစုခင်က “အမှန်တကယ်တော့ အစ်မအမြဲတမ်းတော့ ပွဲတွေသွားရောက်ပြီး သီချင်းဆိုတယ်။ အနုပညာလောကထဲမှာပဲရှိတယ်။ ဒါပေမဲ့ အခွေမထွက်ဖြစ်တာ ပဲရှိတယ်။VCD ခွေတို့၊ ရန်ကုန်မှာရှိုးပွဲအကြီးတွေမှာ ပါဝင်သီဆိုတာတို့ မလုပ်ဖြစ်တာများလို့ ပရိသတ်နဲ့ ဝေးကွာနေ တယ်လို့ ထင်ရတာပါ။ အမြဲတမ်းအနုပညာအလုပ်တွေပဲ လုပ်နေတာပါ” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here