Ben Simmonsနဲ့ တွဲဖြစ်တယ်လို့မော်ဒယ် Kendall Jenner

0
124

မော်ဒယ် Kendall Jenner ဟာNBA star Ben Simmons နဲ့ အချိန်များ ကုန် ဆုံးလေ့ရှိတယ်လို့ Eµ News အရ သိရပါ တယ်။ Ben ဟာ ဟာသဥာဏ်ရွှင်ပြီး သူနဲ့ အတူရှိနေရတာKendall အတွက် ပျော်စရာ ဖြစ်နေပါတယ်။ အသက် ၂၂ နှစ် အရွယ် မော် ဒယ်နဲ့ အသက် ၂၁ နှစ် အရွယ် အားကစားသမား တို့ဟာ သူငယ်ချင်းတွေသာဖြစ်ကြပြီး လော့စ် အိန်ဂျယ်မှာ နှစ်ယောက်သား ညစာစားရင်း အချိန်တွေ ကုန်ဆုံးလေ့ရှိတယ်လို့ သိရပါတယ်။

Jenner ဟာ အရင်ကBlake Griffin နဲ့ ၆ လလောက်အတူတွဲခဲ့ပြီး ဖေဖော်ဝါရီက လက်တွဲဖြုတ် လမ်းခွဲသွားခဲ့ပါတယ်။Tinashe ဟာ Simmons နဲ့အတူ တွဲနေတာကို မတ်လက အတည်ပြုခဲ့ပြီး အခု Jenner နဲ့ သတင်းထွက် လာတဲ့အပေါ်ပရိသတ်များကလည်း စိတ်ဝင်စား နေကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here