နယ်မင်းသမီးတစ် ယောက်အနေနဲ့ စိတ်ဓာတ်ကျနေရတဲ့ အကြောင်း နဒီဝင့်နိုင် ဖွင့်ဟ

0
550

ဗီဒီယိုဈေးကွက်ပျက်လုပျက် ဆဲအနေအထား တစ်ရပ်ဖြစ်နေတဲ့ အချိန်၊ ရုပ်ရှင်ဇာတ်ကားတွေကို နာ မည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်ကူးနေ တဲ့အချိန်၊ လက်ရှိဖြစ်ပျက် နေတဲ့ ရုပ်ရှင်လောကမှာ နယ်မင်း သမီးတစ်ယောက်ဖြစ်တဲ့ နဒီဝင့်နိုင် တို့လို သရုပ်ဆောင်တွေအနေနဲ့ ဇာတ် ကားရိုက်ကူးဖို့အခက်တွေ့နေရကြောင်း နဒီဝင့်နိုင်က ပြောပြပါ တယ်။ ဗီဒီယိုလောက တကယ်ပျက် တော့မှာလား စိတ်ပူမိတယ်လို့ဆိုတဲ့ နဒီဝင့်နိုင်က …

”အဓိကကတော့ နဒီက နယ်ပရိသတ်တွေများ တဲ့ အတွက် ကိုယ်တွေက ဗီဒီယိုနဲ့ပဲ နာမည် ရလာ တာဆိုတော့ ဗီဒီယိုလောကကြီး ကို မပျက်သွား စေချင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ရုပ်ရှင်ဆိုတာ အများ ကြီးက ရိုက်ကူးနေကြတာ။ နယ်မင်း သား၊ နယ်မင်းသမီးဆိုတာက ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးနေရမှ အဆင်ပြေတာလေ။ ဗီဒီယိုဈေး ကွက်ကြီးက တကယ်ကြီးပျက်တော့မှာ လားဆိုပြီး တော့ စိတ်ပူပါတယ်” လို့ သူမက ပြောပါတယ်။

ပြီးခဲ့တဲ့ နွေတုန်းက နယ်တွေမှာ သီချင်း ဆိုဖို့သွားရောက်တဲ့အခါ ပရိသတ်ရဲ့Feed Back တွေကြားခဲ့ရတဲ့ အကြောင်းလည်း နဒီဝင့်နိုင်ကို ဆက်လက်မေးမြန်းခဲ့ပါတယ်။ သူမ ပြောပြတာ ကလည်း စိတ်မကောင်းစရာပါ။

”ပရိသတ်တွေက ဒီလူနဲ့ ရိုက်စေချင် တယ် လို့ပြောလည်း ကိုယ်က ရိုက်ချင်ပေမယ့်လည်း ခေါ်ရိုက်တဲ့သူရှိ ဦးမှ၊ တစ်ခါတလေကျလို့ရှိရင် တ ခြားပရိုဂျူဆာတွေက ခေါ်ရိုက်တယ်။ ဒီမင်းသားနဲ့ ရိုက်ပေးမယ်လို့ပြောတဲ့ အခါ သြော် …နဒီဝင့် နိုင်၊ နယ် ကားရိုက်နေတာ၊ သူတို့မရိုက်နိုင်ဘူး။ အဲဒီလိုမျိုးပြောတဲ့ မင်းသားတွေရှိတယ်။ အဲဒီ လိုမျိုးတွေကြုံဖူးတဲ့အခါကျတော့ ကိုယ့် အနုပညာသမားအ ချင်းချင်းကို လက်တွဲမခေါ် ချင်တာ လား၊ တစ်ခါတလေကျတော့ စိတ် ဓာတ် တွေကျတယ်။ အဲဒီလိုမျိုးတွေ ကြုံရတာဆိုတော့ စိတ်တော့ညစ်တယ်”လို့ နဒီဝင့်နိုင်က ပြောပြခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here