ရုပ်ရှင်သရုပ်ဆောင်ဘက်တော့ ဝါသနာမပါဘူးဆိုတဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော်ရဲ့ သမီးငယ် ထင်သစ္စာ

0
167

အခုနောက်ပိုင်း အနုပညာရှင်တွေရဲ့ သား၊သမီး မျိုးဆက်သစ်လေးတွေ တော်တော်များများက အရွယ် လေးတွေရောက်ရှိလာကြပါပြီ။ တချို့ကလည်း သူတို့ မိဘတွေအတိုင်းပဲ အနုပညာသွေးပါလာကြတော့ အနုပညာအလုပ်ကိုလုပ်ကိုင်ဖို့ ပြင် ဆင်နေကြတယ်။ ဘာပဲပြောပြော သူတို့လေးတွေ ရေခံမြေခံကောင်း တယ်လို့ ဆိုရမှာပေါ့။ တချို့ကျတော့ လည်း တခြားနယ်ပယ်အသီးသီးကို ဝင်ရောက်ပြီး ဘဝ ခရီးလမ်းကို လျှောက်လှမ်းသွားကြတယ်ပေါ့လေ။ အခုဆိုရင်လည်း သရုပ်ဆောင် အကယ်ဒမီ ခင်ဇာ ခြည်ကျော်ရဲ့ သမီးငယ်လေးကဆယ်ကျော်သက် အရွယ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မိခင် ဖြစ်သူနဲ့ ပွဲတက်ရောက်လာတဲ့ သူမကိုအင်တာဗျူး လုပ်ဖြစ်တော့သွက်သွက်လက်လက်နဲ့ သူလေးကပဲ စတင်ပြီးတော့ …

”သမီးနာမည်က ထင်သစ္စာပါ။ အသက် ကတော့ ၁၄ နှစ်ရှိပါပြီ။ ၉ တန်းတက်မှာပါ။Grade 9 ပေါ့နော်။ ILBC မှာ တက်ပါတယ်”လို့ မိတ်ဆက်စကားဆိုလာပါတယ်။

သမီးလေး ကျောင်းပြီးဆုံးသွားရင် မေမေ့လိုပဲ အနုပညာ အလုပ်တွေလုပ်မှာလား၊ အနုပညာကိုကော ဝါသနာပါလားလို့ မေးတော့ …

”အခုလောလောဆယ်တော့ ဘာမှမရှိ သေးပါဘူး။ ကျောင်းပြီးမှပဲ တခြားလုပ်စရာရှိ တာတွေ လုပ်မယ်ပေါ့နော်။ ရုပ်ရှင်သရုပ် ဆောင်ဘက်တော့ ဝါသနာမပါဘူး။ လုပ်ဖြစ်မယ် ဆိုရင်တော့ အဆိုဘက် ကိုပဲလုပ်ဖြစ်မယ်ထင်ပါတယ်”လို့ သူမကပြောပါတယ်။

အနုပညာရှင် တစ်ဦးရဲ့သားသမီး တစ်ယောက် ဖြစ် တဲ့အခါကျတော့ကောင်းကျိုး၊ ဆိုး ကျိုးဘာတွေရှိမလဲ၊ သမီးလေး အမြင်ကိုပြောပြပေးပါလို့ဆိုတော့ …

”ကျောင်းမှာကျတော့လည်း ရုပ်ရှင်မင်းသမီးရဲ့ သမီးဆိုတော့ အကြည့်ခံ ရတာတွေတော့ ရှိတာပေါ့။ ဘာမှတော့ ထူးထူးခြားခြား မရှိပါဘူး။ တစ်ခါတလေကျရင်တော့ စိတ်ညစ်တယ်။ အပြင်သွားတဲ့ အခါကျရင် တော့ လူတွေကြည့်နေတော့လေ။ မနေတတ်ဘူး”လို့ ထင်သစ္စာက ပြောပြ ပါတယ်။

မေမေ့ရဲ့ဇာတ်ကားတွေထဲမှာဆိုရင်ရော ဘယ်ဇာတ်ကားက သမီး အတွက် အကြိုက်ဆုံး ဖြစ်မယ်ထင်လဲလို့ဆိုတော့…

” အခုဆို ဥပါဒါန်ဇာတ်ကားကြီးကလည်း ရုံတင်ပြသထားတယ်ဆို တော့ အဲဒီဇာတ်ကားကို သမီးကြည့်ဖြစ်တယ်။ ကြိုက်ပါတယ်။ အမေ့ ဇာတ်ကားတွေကတော့ တော်တော်များများ ကြည့်ဖြစ်တယ်။ အကုန် လုံးလည်း ကောင်းတယ်လို့ ထင်ပါတယ်” လို့ သမီးငယ်လေးက ပြောပြ ခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here