၉၆နှစ်ပြည့် မွေးနေ့ အမှတ်တရသက်ကြီး အနုပညာရှင် ၁ဝ ဦးကို တစ်ဦးလျှင် ငွေကျပ် ၃ သိန်းစီ လှုဒါန်းခဲ့သည့် ဘဘ ဗိုလ်ကလေး တင့်အောင်

0
215

စွယ်စုံရအနုပညာရှင်ကြီး စည် သူ ဗိုလ်ကလေးတင့်အောင်၏ ၉၆ နှစ်ပြည့်မွေးနေ့ပွဲကို ဇွန်လ၂ရက်နေ့၊ ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ တော် ဝင်ဂါးဒင်းဟိုတယ်တွင် ကျင်းပပြု လုပ်ခဲ့သည်။ စည်သူဗိုလ်ကလေး တင့်အောင်၏ မွေးနေ့ပွဲသို့ စာပေ၊ ရုပ်ရှင်၊သဘင်၊ဂီတစသည့်အနုပညာ နယ်ပယ်အသီးသီးမှအနုပညာရှင် များ စွာတက်ရောက်ဂုဏ်ပြုခဲ့ကြ သည်။ မွေးနေ့ရှင်ဘဘဗိုလ်ကလေး တင့်အောင်အတွက် တက်ရောက် လာကြသည့်အနုပညာရှင်များက မွေးနေ့အမှတ်တရအနေနှင့် တေးသီ ချင်းများဖြင့်သီဆိုဂုဏ်ပြုခဲ့ကြသည်။

”အန်တီမွှေးတို့အားလုံး မိသား စုများသဖွယ် ရင်းရင်းနှီးနှီး၊ ချစ်ချစ် ခင်ခင် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါ တယ်။ ဘဘသက်တော်ရာကျော် ရှည်စွာ ပျော်ရွှင်ပါစေ” ဟု မွေးနေ့ပွဲ ကို တက်ရောက်ခဲ့သည့် သဘင်မင်း သမီး နန်းခင်မွှေးကပြောသည်။

ဘဘဗိုကလေးတင့်အောင်က မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာ နိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင် ငံဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့အား အလှူ ငွေကျပ် ၁ဝ သိန်းစီနှင့် သက်ကြီး အနုပညာရှင် ၁ဝ ဦးအား တစ်ဦး လျှင် ငွေကျပ် ၃ သိန်းစီ လှူဒါန်းခဲ့ ပါသည်။ ဘဘဗိုလ်ကလေးတင့် အောင်သည် စွယ်စုံရအနုပညာရှင် ကြီးတစ်ဦးဖြစ်ပြီး ရုပ်ရှင်၊သဘင်၊ ဂီတတို့၏ နာယကကြီးတစ်ဦး လည်းဖြစ်ပြီး သူ့အနေနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတမှမျိုးဆက်သစ် လူငယ် များကို အနုပညာဖြင့်ပတ်သက်ပြီး အခါအားလျော်စွာ သင်ကြားပြသ ပေးလျက်ရှိပါသည်။ ဘဘ ဗိုလ် ကလေးတင့်အောင်က နိုင်ငံ တော်က ချီးမြှင့်သည့် စည်သူဘွဲ့ရ တစ်ဦးဖြစ် သလို ရုပ်ရှင်အစည်း အရုံးက ဂုဏ် ပြုချီးမြှင့်သည့် ရုပ်ရှင်တစ်သက် တာထူးချွန်ဆုရရှိထားသူတစ်ဦး လည်းဖြစ်သည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here