ကမ္ဘာတစ်ဝန်းက လေဒီဒိုင်ယာနာ ချစ်သူတွေကို ဝမ်းနည်းဝမ်းသာ ခံစားစေခဲ့တဲ့ ဗြိတိန် အလှမယ်ကစ်တီစပန်ဆာ

0
188
ဒိုင်ယာနာဖက်ရှင်နဲ့တွေ့ရတဲ့ ကစ်တီစပန်ဆာ
ဒိုင်ယာနာဖက်ရှင်နဲ့တွေ့ရတဲ့ကစ်တီစပန်ဆာ

ကမ္ဘာကျော်D&G ဖက်ရှင် အမှတ်တံဆိပ်ရဲ့ သံတမန် လည်းဖြစ်၊ အလှမယ်လည်းဖြစ်တဲ့ ကစ်တီစပန် ဆာရဲ့ လွမ်းမော မှင်တက်ဖွယ် ဖက်ရှင်တွေကို မြင်တွေ့ခံစားလိုက်ရတဲ့ အချိန်မှာ ကွယ်လွန်သူ တော်ဝင်မင်းသမီး လေဒီဒိုင်ယာနာကို ပြန်လည် လွမ်းဆွတ်သတိရစေခဲ့ပါတယ်လို့ မင်းသမီးရဲ့ ကမ္ဘာတစ်ဝန်းလုံးက ပရိ သတ်တွေက ပြောဆိုနေကြပါတယ်။

လေဒီဒိုင်ယာနာရဲ့ ချစ်ခင်စွဲ မက်ဖွယ်ဖြစ်တဲ့ လှိုက်လှဲချိုသာ တဲ့ အပြုံး၊ ညှို့အားပြင်းတဲ့ အပြာရောင် မျက်ဝန်း၊ ကော့ညွှတ် သွယ်ပျောင်းတဲ့ ဆံနွယ်တွေက လူတိုင်းကို ဖမ်းစားခဲ့ သလို ကစ်တီကလည်း အလားတူ ဆွဲ ဆောင်ချက်တွေနဲ့ ပြည့်နှက် နေတဲ့ သူလို့ ထောက်ခံခဲ့ကြပါတယ်။

၁၉၉ဝ ပြည့်နှစ် အစောပိုင်းကာ လတွေဆီက နာမည် ကြီးဖက်ရှင်ဒီဇိုင်နာ ကက်သရင်းဝေါလ်ကာ ချုပ်ပေး ခဲ့တဲ့ မင်းသမီးဒိုင်ယာနာရဲ့ ရေသူမ ဖက်ရှင်ဝတ်စုံကိုအတုခိုးပြီး ကစ်တီ က ဝတ်ဆင်ပြလိုက်တော့ မင်းသမီး ချစ် ပရိသတ် တွေရဲ့ ချီးမွမ်း၊ ရှုတ်ချ သံတွေ ရောယှက်ဆူညံခဲ့ရပြန်ပါ တယ်။ ဒါကပဲ ကစ်တီကို ပိုထင်ရှားလူ သိများလာ စေတာဖြစ်ပါတယ်။ အခုလည်း ကစ်တီတစ်ယောက် မင်းသမီးဒိုင်ယာနာရဲ့ ဖက်ရှင်တွေအတိုင်း ဝတ်ဆင် ပြသလိုက်ပြန်ပါပြီ။

ကစ်တီဟာ ဒိုင်ယာနာရဲ့ အစ်ကိုဖြစ်သူ ချားလ်စ်စပန်ဆာက မွေးဖွားခဲ့တာကြောင့်တူမတော် တော်စပ်ပါတယ်။ ဒီနေ့အသက် ၂၇ နှစ်ရှိ ပြီ ဖြစ်တဲ့ကစ်တီဟာကိတ်ပ်တောင်း မြို့မှာ တက္က သိုလ်ပညာ သင်ယူခဲ့သေးတယ်လို့လည်း သိရပါ တယ်။

Ref:mailonline


LEAVE A REPLY

Please enter your comment!
Please enter your name here