ပျက်ကျခြင်း

0
141

လရောင်မြူဆွယ်အနမ်းနဲ့
ညရဲ့အမှောင်ခန်းထဲမှာ ရှိုက်သံသဲ့သဲ့များ
မြင်ကွင်းတွေ ရှင်းလင်းဖို့
လူလုံးထွက်ထွက်ပြရ
ကံလွဲပြီး တရားမှာ မြဲမြံခဲ့သူမို့
ရနံ့စစ်စစ်နဲ့ ဝေးနေဦးမယ်ထင်ရဲ့။

တစ်ဘဝလုံး ပြိုကျလိုက်ဖို့
မိုက်မဲတယ် ဆိုမလား
အလစ်ဝင်လာတတ်တဲ့ ခွဲခွာခြင်းအား
တောင်းပန်ခယရင်း
ပုံပြင်များနဲ့စပ်ဆိုချုပ်တဲ့ကမ္ဘာကိုတွေ့တယ်
ပျောက်ဆုံးခြင်းတွေကြား
ပျက်ကျသွားခဲ့တယ်
စိတ်ယာဉ်တစ်ခုလုံး မွမွကြေလို့။

ယွန်းပိုးအိမ်


LEAVE A REPLY

Please enter your comment!
Please enter your name here