ညမိုးစဲချိန်

0
279

မိုး စဲပြီ။ ညဥ့်လည်းနက်ပြီ။ အသံဗလံ တွေလည်း ငြိမ်သက်စပြုပြီ။ြ<ွကင်းသော မိုးပေါက်တစ်ပေါက် နှစ်ပေါက် ကျနေသံသာ တဖျောက်ဖျောက်။ မိုးသက်လေကလေး ဗြုန်း ခနဲ တိုးဝှေ့တိုက်ခတ်သွားသည်။

သြကာသ လောကကြီးတစ်ခုလုံး အနက် ရောင် ကဗ္ဗလာ အောက်မှာ အေးချမ်းငြိမ်သက် လျှက်။ ခပ်ဝေး ဝေးတစ်နေ ရာဆီက ခွေး ဟောင်သံ သဲ့သဲ့ကြား သည်။ လူတို့မြေကမ္ဘာ သည် ညဥ့်အမှောင် အမိုက်တိုက်ထဲ၌ ငိုက် မြည်းမှေးစက်ကာ အိပ်ပျော်စပြုပြီ။ စွတ်စို နေသော ကတ္တရာလမ်းမသည် ချမ်းချမ်း စီးစီး နှင့်ကွေးနေချေပြီ။ မြေသားပြင်က နုံးပွကာည ထဲမှာပုန်းအောင်းရင်းဆန်းကြယ်သော မြက် ခင်းများ အကြောင်းစိတ်ကူး ကြည့်နေဟန်တူ သည်။

ကြွင်းသော မိုးပေါက်ကျသံမှာ တဖြည်း ဖြည်းကျဲပါးတိတ်ဆိတ်သွားသည်။ ခပ်ဝေးဝေး တစ်နေရာဆီက ခွေးဟောင်သံလည်း ငြိမ်သက် သွားသည်။ မအိပ်စက်နိုင်သေးသော သူသည် ငိုက် မြည်းလာ၏။ ငိုက်မြည်းသူသည် အိပ်ပျော် သွားသည်။ အိပ်ပျော်သွားသူက အိပ်မက် တစ်ခုကို မြင်မက်နေပေပြီ။ လူတစ် ယောက်၏ အိပ်မက်ကို တခြားလူတစ်ယောက် ကသိနေဖို့ ဆိုသည်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ် ပေ။ သို့ရာတွင် သင်ဘာစိတ်ကူးနေသည်ကို ကျွန်ုပ်သိပါ၏။ အဘယ်ကြောင့် ဆိုသော် သင်ကကျွန်ုပ်ကို မြွတ်ဟဖွင့်ဟ ပြောခဲ့ဖူး သည်မဟုတ်ပါလား။ ကျွန်ုပ်ကလူ တစ် ယောက်ကို ခန့်မှန်းနိုင်သည်မဟုတ်ပါ။ ကျွန်ုပ်လူတစ်ယောက်ကို ယုံကြည်နိုင်သူသာ ဖြစ်ပါသည်


မိုးစဲစညတစ်ည၌ နောက်ဆုံး မိုးရေစက် ကလေးများ ကျဆင်းသံကို နားဆင်ရင်း ကျွန်ုပ်အဖို့ ကျေနပ်နိုင်ခဲ့ပါပြီ။ ညသည် အလုံးစုံသော တိတ်ဆိတ်မှုနှင့် လူသားတို့ မြေကမ္ဘာကို ချော့သိပ်ပါဘိ။ မိုးကုပ်စက်ဝိုင်း အောက်ဘက်၌ လဲလျောင်းလျက်ရှိကုန် သောလူအပေါင်းကို ငြိမ်သက်မှုဖြင့် ထွေး ပွေ့ပါဘိ။ အဆန်းတကြယ် ဖြစ်အပ်သော အိပ်မက် များသည် ည၏လမ်းတကာကို လှည့်လည်ကာ သူကောင်းတို့၏ နှလုံးအိမ် ဝယ်ဖွဲ့တည်၍ နှိုးဆော်ကြပါဘိ။ စွတ်စိုနေ သောကတ္တရာလမ်းမသည် ချမ်းချမ်းစီးစီး နှင့် ကွေးနေချေပြီတကား။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here