မင်းညီကို သရုပ်ဆောင်အဖြစ် ဘာလို့လာမငှားကြတော့တာလဲ

0
264

သရုပ်ဆောင် မင်းညီဟာ အခုနောက်ပိုင်းမှာ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာပိုင်းကိုပါ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတစ်ခုအတွက် ဇာတ်ညွှန်းရေးသားနေပါတယ်။ သူကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ‘ဒီမိုရပ်ကွက်’ ရုပ်ရှင်ဇာတ်ကားကို ပြန်လည် ရုံတင်ပြသဖို့ စီစဉ်နေ ကြောင်းပြောပြခဲ့ပါတယ်။

”သရုပ်ဆောင်ပိုင်းကျဲသွားရတဲ့အကြောင်းကတော့ ဗီဒီယိုဈေး ကွက်က ပျက်နေပြီလေ။ ဗီဒီယိုဈေး ကွက် ပျက်သွားတဲ့အချိန်မှာ စူပါမင်းသားတွေကလည်း ဗီဒီယိုကို ဆက်မ ရိုက်ကူးကြတော့ဘူး။ တချို့က သူ့ Groupနဲ့သူရိုက်ကူးနေကြပေမယ့် ကျွန်တော်တို့လို လူတွေကတော့ ရိုက်ကူးရဖို့ တော် တော် ခက်ခဲသွားပါပြီ။ အသက်အရွယ်လည်း ပါတာပေါ့။ ပြီးတော့ ကျွန်တော်က ဇာတ်ညွှန်းနဲ့ဒါရိုက် တာ ပိုင်းကို အားစိုက်ပြီး လုပ်နေတဲ့အခါဖြစ်လို့ ကျွန်တော့်ကို သရုပ်ဆောင်အနေနဲ့ လာမငှားကြတာလည်း ပါတာပေါ့။ နောက်ပိုင်းမှာတော့ ကျွန်တော် ဒါရိုက်တာအနေနဲ့ပဲ ဆက်သွားဖို့များပါတယ်” လို့မင်းညီက ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်တစ်ဦးဖြစ်သလို ဒါရိုက်တာတစ်ဦးလည်း ဖြစ်တဲ့သူ့ကို တိုးတက်ပြောင်းလဲလာတဲ့ ရုပ်ရှင် လောကအပေါ် အမြင်ကိုလည်း ဆက်လက်မေးမြန်းတော့…

”ပြောင်းလဲတာကတော့ ပြောင်းလဲသင့် တယ် ဆိုလို့ ပြောင်းလဲတာပဲလေ။ အဓိကတော့ ရုပ်ရှင်ဇာတ် ကားတွေ ရုံတင်ပြသတဲ့ ကိစ္စပေါ့။ ရုပ်ရှင်ဇာတ်ကားတွေကို ကျွန်တော်တို့ ရုံတင်ပြသတဲ့အခါမှာရုံရှင်စိတ်ကြိုက်ပဲ တင်ရတဲ့အခါကျတော့ ဒီဘက်မှာ တချို့အဆင်မပြေတဲ့ ဟာလေးတွေရှိတာပေါ့။ အဲဒါကို သူ့ဘက်ကိုယ့်ဘက် မျှမျှ တတလေးဖြစ်အောင်၊ အနုပညာရှင်အသစ်တွေလည်းပေါ်ထွက်အောင်၊ ငွေကြေး ပိုင်းဆိုင်ရာလည်း အဆင်ပြေအောင် ငွေရှင်ကြေးရှင် တွေဘက်က ဆောင် ရွက်ပေးစေချင်ပါတယ်”လို့ မင်းညီက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here