ဆပ်ကပ်ပညာရှင် ကိုနေမင်း မျက်လုံးပျက်စီးသွားမှုနဲ့ပတ်သက်လို့ အမှုမှန်ပေါ်စေဖို့ အားလုံးဝိုင်းဝန်း ကူညီပေးစေချင်ကြောင်း အောင်ပင်လယ် ဆပ်ကပ်အဖွဲ့ မန်နေဂျာ ဦးသန်းဇော် ပြော

0
231

 

ပရိသတ်အတွင်းမှ လောက်စာလုံးဖြင့် ပစ်ခတ်မှုကြောင့် မျက်လုံးပျက်စီးခဲ့ရတဲ့ အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ ဆပ်ကပ်ပညာရှင်ကို နေမင်းက ဆေးရုံမှာ၂ ပတ်ကြာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ အခုလက်ရှိအချိန်မှာတော့ ဆေးရုံက နေဆင်းခဲ့ပြီဖြစ်ကာ မျက်လုံးကတော့ ပျက်စီးသွားပြီဖြစ်ကြောင်း သိရပါတယ်။

”လောက်စာလုံးက မျက်လုံးထဲကို ဝင်သွားတာ။ တစ်ခါတည်း ခွဲ ထုတ်လိုက်လို့ မရဘူး။တစ်လလောက် နေမှ ကိုက်ရင်ဆေးထည့် ဆေးထိုးပြီး တော့မှ တဖြည်းဖြည်းခြောက်သွား ပြီဆိုမှ ပိန်သွားမှာလေ။ ပိန်တော့ မှပြန်ခြစ်ထုတ်ပြီး အစားထိုးပေး မှာပါ။ နောက်ထပ်တစ်ပတ်လောက်ပြန်ပြပြီးမှပဲ ပင်ကိုမျက်လုံးကို အစားထိုးပေးမယ်လို့ ပြောပါတယ်။ ပြန်ကောင်းလာဖို့တော့ မရှိတော့ဘူးတဲ့။ ဘာကြောင့် လဲဆိုတော့ လောက်စာလုံးက မျက်လုံးထဲဝင်သွားတဲ့အခါမှာ မျက်လုံးထဲက အကြည်ဓာတ်တွေ အကုန်ပျက်သွားတာလေ။ ဘယ်နိုင်ငံသွားကုကု မရဘူးလို့ ပြောတယ်”လို့ အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ မန်နေဂျာ ဦးသန်းဇော်က ပြောပါတယ်။

အဆိုပါ ဖြစ်ရပ်ကြောင့် အောင်ပင်လယ်ဆပ်ကပ်အဖွဲ့ အနေနဲ့ လက်ရှိမှာ ဖျော်ဖြေမှုတွေရပ်နားထားရပါတဲ့ အတွက် စားဝတ်နေရေးခက်ခဲမှုတွေရှိလာခဲ့ ကြောင်းနဲ့ပတ်သက်ပြီးလည်း ”ဆပ်ကပ်ဆိုတာ က လူနည်းစုပညာရှင်တွေလေ။ အစားထိုးဖို့ ဆိုတာက ချက်ချင်းမရနိုင်ဘူး။ မရနိုင်တဲ့ အခါကျတော့ ဒီကလေးဒီလိုဖြစ်တော့ ကျွန်တော်တို့အနေနဲ့ နားနေရတယ်။ နားနေရတဲ့အခါကျတော့ စားဝတ်နေ ရေးတွေက အခက်အခဲရှိလာတယ်။ သဘင်အစည်းအရုံး (ဗဟို) ကနေ စား ရေးသောက်ရေး အားလုံးဝိုင်းဝန်းကူညီ ပေးလို့ ကျွန်တော်တို့မှာ နည်းနည်းလေး ပြေလည်တာပေါ့ဗျာ”လို့ လက်ရှိ အခြေ အနေနဲ့ပတ်သက်လို့ ဦးသန်းဇော်က ပြောပြပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ အမှု မှန်ပေါ်ဖို့အတွက် အရေးကြီးနေပြီး အမှုမှန်ပေါ်ပေါက်ဖို့ အတွက် ကိုလည်း ပရိသတ်တွေနဲ့သဘင် အစည်းအရုံး (ဗဟို)က ဝိုင်းဝန်း ကူညီပေးကြဖို့ တောင်းဆိုပါကြောင်း သူက ထပ်မံပြော ကြားခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here