သရုပ်ဆောင်သက်မွန်မြင့်က သားသမီးတွေကို ဘယ်လိုပြုစုပျိုးထောင်သလဲ

0
196

ပရိသတ်တွေအားပေးကြတဲ့ သရုပ်ဆောင်သက်မွန်မြင့်က လတ် တလောမှာတော့ သူပါဝင်ရိုက်ကူး ထားတဲ့ ‘လက်စားချေနတ်သမီး’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ရက်နီး လာတဲ့အတွက် ပျော်နေတယ်လို့ သိ ရပါတယ်။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ သက်မွန်မြင့်ဟာ မိခင်တစ် ယောက်အနေနဲ့ သားသမီးတွေကို ဘယ်လိုမျိုး စောင့်ရှောက်မှုတွေပြု လုပ်နေလဲ မေးကြည့်တဲ့အခါမှာတော့ သရုပ်ဆောင် သက်မွန်မြင့်က “သက် မွန်က အရင်တုန်းကလို တစ်ကိုယ် တည်းသမား မဟုတ်တော့ဘူး။ အိမ် ထောင်လည်း ပြု၊ သားသမီးတွေပါ ရလာတဲ့အခါကျတော့ အလုပ်ထက် မိသားစုကို ပိုပြီးဦးစားပေးဖြစ်တယ်။ ဒါပေမဲ့ ကားရိုက်တဲ့အချိန်မှာတော့ ကလေးတွေကို အနီးကပ် မပြုစု၊ မ စောင့်ရှောက်နိုင်ဘူးပေါ့။ ကားရိုက် တာက နယ်မှာ ရိုက်တာများတော့ ဆရာမတွေနဲ့ပဲထားခဲ့ရတာပေါ့။ကား ရိုက်မရှိတဲ့အချိန်ကတော့ သူတို့ အ နားမှာရှိနေပေးပါတယ်။ ကိုယ်သိသ လောက် မှတ်သလောက် ဆရာဝန် တွေနဲ့လည်း တိုင်ပင်တယ်။ စာတွေ ဖတ်ပြီးတော့လည်း သူတို့လေးတွေကို ဘယ်လိုပြုစုရလဲ၊ ဘယ်လိုစောင့် ရှောက်ရလဲဆိုတာ လေ့လာတယ်။အဓိကကတော့ ဒီအရွယ်လေးတွေက ပြောလို့ဆိုလို့ရတဲ့အရွယ်ဆိုတော့ ကိုယ်ပြောတာဆိုတာတွေက အရမ်း အရေးကြီးတယ်။ သူတို့ကို ထိန်းသိမ်း ရတာ နည်းနည်းတော့ သတိထားရ တယ်။

အမှားလုပ်လို့မရဘူး။အတုခိုး တာမမှားစေရဘူး။ အဲဒီလိုမျိုးတွေ မဖြစ်အောင် ကိုယ်က သတိထားပြီး ပြုစုပျိုးထောင်ရတယ်။ သားသမီး တွေကို ကြီးလာရင် ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ဘဝကို ဖြတ်သန်းတဲ့ အချိန်မှာ လူတော်လူ ကောင်းဖြစ်စေ ချင်တယ်။ ဥာဏ်ပညာရှိတဲ့သူဖြစ်စေ ချင်တယ်။ စိတ်ကောင်း၊ စေတနာ ကောင်းကောင်းနဲ့ ဘဝကို ဖြတ်သန်း တဲ့သူတွေဖြစ်စေချင်တယ်”လို့ ပြော ပြပါတယ်။

သဲစုလှိုင်၊
ဓာတ်ပုံ-အောင်ဇော်မင်ဲး


LEAVE A REPLY

Please enter your comment!
Please enter your name here