အနုပညာအဖွဲ့အစည်း တည်ထောင်ခွင့်အတွက် ယခင်နှစ်များက ကျပ်တစ်သိန်း ပေးခဲ့ရသော်လည်း ယခုနှစ်တွင် ငါးသောင်းသာ ပေးရတော့မည်

0
121

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်း အရုံး (ဗဟို)နဲ့ တည်ထောင်သူများ တွေ့ဆုံပွဲကို ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့၊ ESPERADO ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကိုတော့ ရန်ကုန်တိုင်းအတွင်းရှိ သဘင်နှင့်သက်ဆိုင်သော ဇာတ်၊ ဆိုင်း၊ အငြိမ့်၊ လူရွှင်တော်၊ ရုပ်သေး၊ ဆပ်ကပ်၊ မျက်လှည့်၊ ဒေဝါ စတဲ့ အနုပညာအဖွဲ့ အစည်းတည်ထောင်သူများ စုံလင်စွာ တက်ရောက် ခဲ့ကြပါတယ်။
တည်ထောင်သူများနဲ့ တွေ့ဆုံဖြစ်ခြင်းနဲ့ ပတ်သက်လို့ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က …

”တည်ထောင်သူများနဲ့ တွေ့ဆုံဖြစ်ခြင်းက သူတို့ရဲ့အခက်အခဲတွေကို သဘင်အစည်းအရုံးအနေနဲ့ ကူညီပေးဖို့အတွက် ပါပဲ။ ပြီးတော့ဘယ်လိုပုံစံမျိုး စည်းကမ်းတကျ ဆက်သွားကြမလဲဆိုတာလည်း ဆွေးနွေးပါတယ်။ နောက်တစ်ခုက အလှူခံတဲ့ကိစ္စမျိုးမှာ သူတို့ကို ပြန်ပြီး အကူအညီတောင်းခံတာမျိုးလည်း ရှိပါတယ်။ အရင်နှစ်က တည်ထောင်ခွင့် လာတင်ရင် ကျပ်တစ်သိန်း ယူတယ်။ အခုနှစ်ကျတော့ ကျပ် ၅ သောင်းပဲ ယူတယ်။ သဘင်ဗဟိုက နေပြီးတော့ ကျပ် ၅ သောင်းကို လျှော့ချပေး လိုက်တယ်။ ကျွန်တော်တို့ဘက်ကလည်း နိုင် သလောက်လေးနဲ့ သူတို့ကို ဝန်ပေါ့စေချင် တာလေးတစ်ခုပါ။ အဓိက ကတော့ သူတို့ အခက်အခဲတွေကို ကူညီပေးရင်းနဲ့ ညီညီညွတ် ညွတ် သွားချင်တာပါ”လို့ ပြောပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ သဘင်အစည်း အရုံး (ဗဟို) မှ ဘဏ္ဍာရေးမှူး ဒေါက်တာဇော် ဝင်းနှင့် ဇနီးဒေါ်ယဉ်ယဉ်မြင့် မိသားစုက သဘင်အစည်းအရုံးအတွက် လိုရာသုံးနိုင်ဖို့ ရှမ်းပြည်နယ် ရွှေညောင်မြို့မှာရှိ တဲ့ ကျပ်သိန်း ၄ဝဝဝ တန်ဖိုးရှိ အဆောက်အအုံပါ မြေဂရန်၊ မြို့ရွှေမန်းသားဖိုးချစ်နှင့် ပရိသတ်များမှသဘင် လူကူအတွက် ကျပ်သိန်း ၅ဝ၊ သစ္စာ မေတ္တာရွှေမန်းသဘင် တင်မောင်ဆန်း မင်းဝင်းနှင့် ပရိသတ်များမှ သဘင်လူကူအတွက် ကျပ် ၁၅ သိန်း၊ သဘင်ညီလာခံ ၂ဝ၁၈ ခုနှစ်မှာ ဖျော်ဖြေတင်ဆက်ခဲ့ကြတဲ့ အနုပညာ ရှင်များမှ ဂွမြို့မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ တဲ့ အောင်စန်းပွင့် ဇာတ်သဘင်အဖွဲ့အတွက် ကျပ် ၂၅ သိန်း၊ အင်ပါယာ ဟာသညီအစ်ကို များမှ သဘင်လူကူအတွက် ကျပ် ၁ဝ သိန်း၊ ပွဲစီစဉ်သူ ကိုကျော်လင်းစိုး၊ မဌေး မိသားစုမှ ကျပ် ၁ဝ သိန်းတို့ကို သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ (ဗဟို) ထံ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here