တိမ်တွေကို ခိုစီးခွင့်မရတဲ့သူ

0
129

လွတ်လပ်ခြင်းကို
ညီမျှခြင်း အတ္တနဲ့ဆွဲတဲ့အခါ
မှုန်သီဝေဝါး။

ချစ်ခြင်းမေတ္တာဆိုတာ
ငါတို့ အသိုက်အမြုံမှာ
မလိုတမာမှုတွေနဲ့
စီရရီ ပွင့်နေတာပါပဲ။
အဲဒီလိုနဲ့
တွေးလက်စ အတွေးတစ်ခုမှာ
ဒဏ္ဍာရီတွေ မမှေးမှိန်ဖို့
အတွေးအခေါ်တွေ မှန်ကန်ဖို့
သမိုင်းဟောင်းတွေ ခေါက်ရိုးမကျိုးဖို့
ငြိမ်းချမ်းရေး
စတုဂံလေးတစ်ခု ဆွဲကြည့်မိတယ်။

နေရာတစ်ခုချင်းစီက
ရည်ရွယ်ချက်တစ်ခုစီနဲ့
ချော်လဲရောထိုင် မပီပြင်တဲ့
ဇာတ်လမ်းတွေ အကြောင်းကြားရ။

ထပ်ပြီးရှို့မိတဲ့ မီးစက
မသေမပျောက်တဲ့ ရုပ်သဏ္ဌာန်တွေမှာ
ဘာကြောင့်များ
နေ့ရက်တွေ ဝေးနေရတာလဲကွယ်။

ဝရာ (ယော)


LEAVE A REPLY

Please enter your comment!
Please enter your name here