သဘင် ပညာရပ်ဆိုင်ရာ အခမဲ့ သင်တန်းများ ဖွင့်လှစ်မည်

0
358

မြန်မာနိုင်ငံသဘင်အစည်း အ ရုံး (ဗဟို)အနေနဲ့ သဘင်ပညာရပ် များ ထိန်းသိမ်းမြှင့်တင်ပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက် သွားဖို့ မူဝါဒရှိတာနဲ့အညီ သဘင် ပညာရပ်ဆိုင်ရာ အခမဲ့သင်တန်းများ ကိုလည်း ဖွင့်လှစ်သွားမှာဖြစ် ပါတယ်။ အဆိုပါသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရပ် ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ပြန့်ပွား ရေးကော်မတီ အသီးသီးကို ဖွဲ့ စည်းထားပါတယ်။ ဒါကြောင့်လည်း သဘင်ရာသီရပ်နားတဲ့ လများ ဖြစ် တဲ့ ဇွန်လ၊ ဇူလိုင်လများထဲမှာ သဘင်ပညာရပ်ပိုင်းဆိုင်ရာ အခမဲ့ သင်တန်းများကို ရန်ကုန်မြို့၊ ကမ္ဘောဇ ရိပ်သာချင်းချောင်း နန်း တော်ရှိ လေ့ကျင့်ရေးဇာတ်ရုံ ငယ်မှာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါ တယ်။

သင်တန်းကိုတော့ ဇွန်လ၉ရက် နေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး အပတ်စဉ်စနေ၊တနင်္ဂနွေနေ့များ တွင် နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ သက်ဆိုင်ရာ သဘင်ပညာ ရှင်ကြီးများမှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်ကြားပေးသွားမယ့် ပညာရပ်များကတော့ ဇာတ်သဘင်၊ ဆိုင်း၊အငြိမ့်၊ ရုပ်သေး၊ ရာမာယဏ၊ မျက်လှည့် ၊အခြေခံအကပညာရပ် တို့ပဲဖြစ်ပါတယ်။ သင်တန်းတက် ရောက် သင်ကြားလိုသူများအနေနဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ရုံး၊ အမှတ်(၁၃၅)၊၂၁လမ်း (ထက်)၊လသာမြို့နယ်၊ ဖုန်းဝ၁၃၇ ၁၅၂၈ ကို ဆက်သွယ် စာရင်းပေး သွင်းနိုင်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here