သီလရှင်အဖြစ် တရားအားထုတ်နေတာ ၁လခွဲကျော်ကြာမြင့်ခဲ့တဲ့ သဘင်မင်းသမီး ၀င်းသပြေထွန်း

0
391

သဘင်မင်းသမီးဝင်းသပြေထွန်းက သူ့မိခင်ရဲ့ မွေးနေ့အမှတ်တရအဖြစ် မန္တလေးမှာ သီလရှင်ဝတ် လျက်ရှိပါတယ်။ သူဟာ ဧပြီလ ၂၉ ရက်နေ့ကစပြီး သီလရှင်ဝတ်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် ၁ လခွဲ ကျော် ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။ အရင်ကတည်း က သီလရှင်ဝတ်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ဇာတ်ပွဲတွေ တောက်လျှောက် ကပြနေရတာကြောင့် သီလရှင် ဝတ်ဖို့ အခွင့်မသာခဲ့ပါဘူး။ မိခင်ဖြစ်သူရဲ့ မွေးနေ့ ရောက်ရှိတဲ့အချိန်မှာတော့ မိခင်ကို ကျေးဇူးဆပ်ချင် တဲ့အနေနဲ့ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တာပဲဖြစ် ပါတယ်။ အခုအချိန်မှာတော့ သူဟာ တရားဘာဝနာ တွေကို နေ့စဉ်ကျင့်ကြံအားထုတ်လျက်ရှိပြီး သူပြုတဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေအတွက် အမျှပေး ဝေလျက်ရှိပါတယ်။

“သီလရှင်ဝတ်ချင်တဲ့စိတ်ဖြစ်နေတာ ကြာပါပြီ။ အမေ့မွေး နေ့မို့ ကိုယ်တတ်နိုင်တာလေးနဲ့ မွေးကျေးဇူးပြန်ဆပ်တဲ့ မွေးနေ့လက်ဆောင်ပေးတာပါ။ သီလရှင် အပြီး ဝတ်ချင်ပေမယ့် ခဏဝတ်နေစဉ်မှာ အကျိုးရှိအောင် ကျင့်ကြံအားထုတ်နေထိုင်မှာမို့ သာဓုခေါ်ပါနော်။ သက်ရှည်ကျန်းမာပျော်ရွှင်စွာ သာသနာအဓွန့်ရှည် အောင်ပြုနိုင်ကြပါစေ” လို့ ဝင်းသပြေထွန်း(ခေါ်)ဆရာလေးက ပြောပါတယ်။ ဒါ့အပြင် ဇွန်လ ၈ ရက် နေ့က မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့် ရှောက်ရေးက ဦးစီးကျင်းပတဲ့ ရှင်ပြု၊ ရဟန်းခံ အလှူပွဲကိုလည်း ဆရာလေး (ဝင်းသပြေထွန်း)ကိုယ် တိုင် ကြွရောက်ကကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here