ပေါ်ပြူလာဖြစ်ချင်တာတစ်ခုတည်းအတွက်ဆိုရင်တော့ အောင်မြင်မှုတွေက အလှမ်းဝေးနေဦးမှာပါပဲ ရုပ်ရှင်အစည်းအရုံးနာယကကြီး ဒါရိုက်တာ မောင်နှင်းမိုး

0
108

လူငယ်မျိုးဆက်အတော်များ များဟာ အနုပညာနဲ့ ပတ်သက်လာ ရင် အလွန်ခုံမင်သူတွေ ပေါများလွန်း လာတာကို ဒီနေ့ခေတ် အဆိုပြိုင်ပွဲ၊ သရုပ်ဆောင်ပြိုင်ပွဲနဲ့ အနုပညာ သင် တန်းတွေက သက်သေပြနေပါတယ်။ များပြားလွန်းလှတဲ့ လူငယ်တွေဟာ အနုပညာလောကထဲကို တိုးဝင်လာ နေကြပေမယ့် အောင်မြင်မှုရရှိလာ တဲ့ လူငယ်တွေကတော့ ရာခိုင်နှုန်း အားဖြင့် အင်မတန်မှနည်းပါးလွန်း လှပါတယ်။ အဲဒါဟာ ဘာကြောင့်လဲ ဆိုရင် ပေါ်ပြူလာဖြစ်ချင်လို့ ဝင် ရောက်လာသူတွေနဲ့ တကယ်ဝါသနာ အရင်းခံပြီး မဆုတ်မနစ် ကျားကုတ် ကျားခဲကြိုးစားသူတွေကြား ကွာခြား ချက်တွေဖြစ်လာတယ်လို့ ယူဆလို့ ရနိုင်ပါတယ်။

ရုပ်ရှင်အစည်းအရုံး နာယက ကြီး တစ်ဦးဖြစ်သူ ရုပ်ရှင်ဒါရိုက် တာကြီး တစ်ဦးလည်းဖြစ်တဲ့ မောင် နှင်းမိုးကတော့ အဲဒီယူဆချက်ဟာ ယေဘုယျကျသော်လည်း မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးစီးဖွင့် လှစ်ပေးနေတဲ့ သရုပ်ဆောင်သင်တန်း တွေမှာတောင် အဲဒီလိုအနုပညာရည် မှန်းချက် တိတိကျကျမရှိသေးတဲ့ လူ ငယ်တွေတွေ့မြင်နေရဆဲလို့ ဆိုလာ ပါတယ်။

”တကယ်ဝါသနာပါပြီး မရမက လာတက်ကြတဲ့သူတွေရှိတယ်။ ပေါ်ပြူလာဖြစ်ချင်လို့ လာတက်တဲ့ သူတွေရှိတယ်။ နောက်ပြီးတော့ အနုပညာလောကမှာ အဆက်အသွယ် ရကောင်းရနိုင်မလားဆိုပြီးတော့ လာ တက်ရောက်သူတွေလည်းရှိတယ်။ သူတို့မှာ စိတ်ကူးအမျိုးမျိုးရှိနိုင်ပါ တယ်။ တချို့ကတော့အနုပညာလော ကမှာ အဆက်အသွယ်ရပြီး တကယ် အနုပညာရှင်ဖြစ်ချင်လို့လာတက်ကြ တဲ့သူတွေလည်း တွေ့ရပါတယ်။ တချို့ ကတော့ ပေါ်ပြူလာဖြစ်ချင်လို့ လာ တက်ကြတာလည်းရှိတယ်။ အဲဒီတော့ ပေါ်ပြူလာဖြစ်ချင်လို့ အနုပညာ လောကထဲဝင်ချင်တဲ့သူကသင်တန်း ကို တကယ်စိတ်ဝင်စားလို့ လာတက် ကြတာမဟုတ်တော့ဘူးဆိုတာ သိ သာထင်ရှားသွားပြီလေ။ အနုပညာနဲ့ ပတ်သက်ပြီး သင်ပေးတဲ့အရာတွေကို သူတို့သင်တန်းမှာ ဂရုတစိုက်သင် ကြားမှာ မဟုတ်တော့ဘူးလေ။ အဲဒီ လိုလူမျိုးတွေကတော့ အိယောင်ဝါး နဲ့ပဲ ပြီးသွားကြမှာဖြစ်တယ်”လို့ ဒါ ရိုက်တာ မောင်နှင်းမိုးက ပြောပြပေး ပါတယ်။

အရင်ကာလတွေတုန်းက မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးစီး ပြီးဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ ရုပ်ရှင် သရုပ်ဆောင်သင်တန်းတွေကနေ လက်ရှိ နာမည်ကျော်ကြားနေတဲ့ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်တွေ ထွက် ပေါ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ တော့ ထင်ထင်ရှားရှားသရုပ်ဆောင် အဖြစ် ထွက်ပေါ်လာတာထပ်မတွေ့ ရတဲ့အပေါ်ကိုတော့ အဲဒီတုန်းက အနုပညာကို အတော်စိတ်ပါဝင်စား ကြပြီး အနုပညာရှင်ဖြစ်ချင်လို့ အနု ပညာလောကထဲကို ရောက်ချင်လွန်း လို့ကို စိတ်အားထက်သန်စွာနဲ့ ဝင် ရောက်လာကြသူတွေ ဖြစ်တယ်လို့ မောင်နှင်းမိုးက သုံးသပ်ပြောဆိုပါ တယ်။

”အခုနောက်ပိုင်းလူတွေက ပေါ်ပင်လေးတွေ ပါလာကြတယ်။ ပေါ်ပင်လေးတွေ ရှိနေတော့ သင် တန်း ရောက်လာပြီဆိုရင် ဟေးလား ဝါးလားနဲ့ပဲ ပြီးဆုံးသွားကြတယ်။ တစ်ခုပြောချင်တာကလေ ရုပ်ရှင် အစည်းအရုံးက ဖွင့်လှစ်တဲ့ သရုပ် ဆောင်သင်တန်းဆိုတာက တကယ့် ကို ဖြစ်စေချင်လွန်းလို့ ဖွင့်ပေးထားတဲ့ သင်တန်း ဖြစ်ပါတယ်။ အပြင်မှာ လည်း ဒီထက်ကောင်းတဲ့ သင်တန်း တွေလည်း ရှိပါတယ်။ သို့သော် အပြင်သင်တန်းမှာ တချို့ သင်တန်း တွေဟာ ညာသွားတာမျိုးရှိတယ်။ ရုပ်ရည်ရှိတဲ့ အမျိုးသမီးလေး တွေကို မင်းသမီးတင်ရိုက်မယ် ဘာညာဆိုပြီး ပိုက်ဆံတွေ လိမ်သွားတာမျိုး ရှိခဲ့ဖူး တယ်။ ရုပ်ရှင်အစည်းအရုံးသင် တန်းဆိုတာက အနုပညာရပ်ဝန်းက အနုပညာရှင်တွေနဲ့ သင်ပြတာဖြစ်တဲ့ အတွက် လာတက်ကြတဲ့ လူငယ်လေး တွေဟာလည်း ယုံကြည်ကိုးစားမှုများ စွာ ရှိကြတယ်။ အဲဒီတော့ အနုပညာ လောကထဲကို ဝင်ရောက်ချင်တဲ့သူ တကယ်ဖြစ်ချင်သူတွေအတွက် အ ခွင့်အလမ်းတွေရှိနေပါတယ်။ ပေါ် ပြူလာဖြစ်ချင်လို့ လာတက်ကြတာ မျိုးတော့ တကယ်ကို မဖြစ်စေချင် ပါဘူး” လို့ မောင်နှင်းမိုးက ဆက် လက်ပြောပြပေးပါတယ်။

ဥပမာတစ်ခုပြောချင်တာရှိ တယ်ဆိုပြီး မောင်နှင်းမိုး ဆက်ပြော ပြတာက ပြေတီဦးတို့တုန်းကဆိုရင် လည်း လက်ရှိမှာ ထိပ်တန်းမင်းသား ဖြစ်နေပေမယ့် ဒီနေရာကို မရောက် ခင် လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော် ကာ လတွေမှာဆိုရင် သူဟာအနုပညာ ခရီးကြမ်းကို ဖြတ်ကျော်ခဲ့ရသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

‘ဒုတိယမင်းသားနေရာ ရောက် ဖို့တောင် အတော်ကြိုးစားခဲ့ရတာ ဖြစ်တယ်။ အဲဒီကနေပြီးမှ သူ့ရဲ့ ကြိုးစားမှုတွေဟာ ကြောက်ခမန်း လိလိကို အရာထင်ခဲ့တယ်။ အလွန် ကို အောင်မြင်တဲ့ မင်းသားတစ်လက် ဖြစ်လာခဲ့တယ်။ အခုဆိုရင် သူဟာ ထိပ်တန်းမင်းသားဖြစ်သွားပြီ။ ဘာ ကြောင့်လဲဆိုတော့ သူဟာအနုပညာ ကို လောဘကြီးခဲ့တယ်။ ဒေါင်ကျကျ ပြားကျကျ ဖြတ်သန်းခဲ့တယ်။ ဇွဲကြီး ကြီးရှိခဲ့တယ်။ ကံရှိ လာတဲ့တစ်နေ့မှာ သူဟာ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသားဖြစ်ခဲ့ပြီဖြစ်တယ်။ အဲဒီတော့ လူငယ်တွေအနေနဲ့လည်း ကိုယ်တကယ် ဝါသနာပါပြီဆိုရင် မဆုတ်မနစ်ဇွဲကြီးကြီးနဲ့ ကြိုးစားကြ ရမယ်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုတဲ့စကားလိုပါ ပဲ။ ကြိုးစားရင် အောင်မြင်မှုတွေ ရောက်လာမှာဖြစ်ပါတယ်။ ပေါ်ပြူ လာဖြစ်ချင်တာ တစ်ခုတည်းအတွက် ဆိုရင်တော့ အောင်မြင်မှုတွေက အ လှမ်းဝေးနေဦးမှာပါပဲ”လို့ မောင် နှင်းမိုးက သုံးသပ်ပြောကြားပေးခဲ့ပါ တယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here