တချို့တွေကျတော့ လည်း ကျွန်တော်တို့ ဘာလုပ်လုပ် မကြိုက်ဘူးဆိုတဲ့ လူတွေ အများကြီးပဲ TEAM JCZ

0
201

”JCZ ON DA TRACK ” ဆိုပြီး လူငယ်ပရိသတ်များရဲ့ အားပေးမှုကို ရရှိထားသူတွေကတောRB2၊ DOUBLE J၊ JCZ၊ Mgat Amarsa Maury နဲ့ NJ ဆိုပြီး လူငယ် ၅ ယောက်ဖွဲ့စည်းထားတဲ့ Team JCZ အဖွဲ့ တစ်ဖွဲ့ပဲဖြစ်ပါတယ်။ ဖန်တီးမှုအသစ်တွေနဲ့ သီချင်းတွေပြုလုပ်လာတဲ့ အကြောင်းကို မြတ်အမရာမောင် က…

”ကျွန်တော်တို့ ပထမဆုံး သီချင်းတစ်ပုဒ်ကို ၅ ယောက်အဖွဲ့လိုက်လုပ် ဖြစ်တယ်။ လုပ်နေရင်းနဲ့ အဲဒီအချိန် မှာJCZ Record မှာ သီချင်းသွင်း နေတုန်း ကိုရွှေက မန္တလေးမှာနေတဲ့ Artists တစ်ယောက်ရှိတယ်။ သူ့ကိုသဘောကျတယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့ထဲ ထည့်မယ် လို့ပြောတယ်။ အဲဒါကနေ မန္တလေးကDouble J ကို ခေါ်ပြီးတော့ ဒီလိုအဖွဲ့အစည်း ဖွဲ့စည်းဖြစ်တာပါ။ တစ်ယောက်ချင်းဆီတွဲရင်း၊ တွဲရင်းနဲ့မှ Team JCZ ဆိုပြီး ပရိသတ်တွေက တွဲမြင်သွား ကြတယ်။ ပြောရရင်တော့ သူငယ် ချင်းသီချင်း ပေါင်းလုပ်ရင်းနဲ့ အဖွဲ့ တွေဖြစ်သွား တာပါ။ ကျွန်တော်တို့ ဒီအဖွဲ့ကို ၂ဝ၁၆ ခုနှစ်လောက်က စတာဆို တော့ အခု ၂ဝ၁၈ ခုနှစ် ဆိုတော့ ၂ နှစ်လောက် တော့ရှိပြီပေါ့။ ဒီအတောအတွင်းမှာတော့အဖွဲ့ လိုက်ထွက် ထားတဲ့ သီချင်း ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ်ထဲမှာတော့ ၆ ပုဒ် လောက်တော့ ရှိပြီ။ ပြီးရင် ဒီ ၂ဝ၁၈ ခုနှစ်၊ ဖေဖော် ဝါရီလထဲမှာ ထွက်ရှိထားတဲ့သီချင်း ကျွန်တော် တို့Team JCZ ရဲ့ ‘143’ စီးရီးခွေထဲမှာလည်း သီချင်း ၈ ပုဒ်ထွက်ထားတယ်။ ကျွန်တော် တို့ တစ်ယောက်ချင်းဆီ ကတော့ သီချင်းတွေ ထွက်ထားတာရှိတယ်။ အဖွဲ့လိုက် ဆိုရင်တော့ အပုဒ် ၂ဝ ကျော်လောက်ရှိပြီ။ ဒီသီချင်းထဲမှာလည်း..ပရိသတ်ကြိုက်မယ့် တီးလုံးတွေ၊ သီချင်း ဖန်တီးမှုတွေနဲ့ ပြင် ဆင်ထားလို့ ပရိသတ်ကြိုက် မယ်လို့ ထင်ပါတယ်။ All Day သီချင်း ကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံရတာရှိလားလို့ မေး ကြည့်တဲ့အခါမှာ တော့ Double J က…

”ရှိတာပေါ့။ ဒီသီချင်း ကြောင့် ပရိသတ် အသိအမှတ် ပြုခံရတာရှိသလို၊ အဲဒီသီချင်း ထဲမှာလည်း အမှတ် တရတွေ အများကြီးရှိတယ်။ အဲဒီသီချင်းကထွက် ထွက်ချင်းတုန်းကမပေါက်ဘူး။ ထွက်တဲ့အချိန်မှာ တအားမပေါက်ဘဲ နဲ့ ကျွန်တော် MTV ထွက်တဲ့အချိန်မှာ MTV မှာ ကျွန်တော်နည်းနည်း ပြောခံရတယ်။ အပြောခံရပြီး အဲဒီသီချင်းက ပေါက်လာတယ်။ အဓိကက အဲဒီသီချင်းကို မကြိုက်ဘဲနဲ့ ပြောတဲ့သူတွေများတယ်။ အဲဒီအချိန်မှာ သီချင်းက ပေါက်သွားတဲ့ အချိန်မှာ လူတွေက ပိုသိ သွားတယ်။ တချို့ကကြိုက် တယ်။ တချို့ကမကြိုက်ဘူးဆိုပြီး ဝေဖန်ကြ တယ်။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့ကိုဖိတ်တဲ့ ရှိုးပွဲ တွေမှာဆိုရင် ကျွန်တော်တို့ စင်ပေါ်ရောက်ပြီဆိုတာနဲ့ အဲဒီသီချင်း မဆို ရင် အဆင် မပြေဘူး။ အဲဒီသီချင်းဆိုမှ အကုန်လုံးက ကျွန်တော်တို့ နောက်သီချင်း တွေ ဆက်ဆိုလို့ရတယ်။ အဲဒါကအမှတ်တရပါပဲ”လို့ Double J က ပြော ပါတယ်။

တချို့လူငယ်ပရိသတ်တွေ ဝေ ဖန်ကြတဲ့အပေါ်ကိုလည်း RB2 က ”ကျွန်တော်တို့ သီချင်းတွေကိုကြိုက် တဲ့သူ တွေရှိတယ်။ မကြိုက်တဲ့သူတွေ ရှိတယ်။ ကျွန်တော် တို့ကို ပြောတာ ပေါ့။ ဒီလိုပုံစံကြီးမဆိုနဲ့ ဟိုလိုဆို၊ ဒီ လိုဆို အဲဒီလိုမျိုး အကြံပေး တာမျိုး ရှိတယ်။ တချို့ကျတော့ လည်း လုံးဝ မကြိုက် ဘူးဗျာ။ လုံးဝဘာလုပ်လုပ် Negative ကြီးပဲ။ ဘာလုပ်လုပ် မကြိုက်ဘူး။ ဘာတွေဆို မှန်း လည်း မသိဘူး။ အဲဒီလိုမျိုးအထိ ပြောတဲ့ သူတွေ ရှိတယ်။ တချို့ ဝေဖန်တဲ့ သူတွေကျတော့ သြော် ငါဘာဖြစ် သင့်လဲ။ ပြန်တွေးတော့ တွေးမိ တယ်။ ဒါ ပေမဲ့လည်း အားလုံးနဲ့ အဆင်ပြေ အောင်လို့ အားလုံး နားထောင်ဖို့ အ ဆင်ပြေဖို့အတွက် အိုင်ဒီယာအသစ် တော့ရတာပေါ့”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here