Miss Myanmar International 2018 Winner ဆုကို မေယုခတ္တာရရှိ

0
145

Miss Myanmar International 2018 ပြိုင်ပွဲကြီးကို ဇွန်လ ၁၂ ရက်နေ့ညက နိုဗိုတယ် ဟိုတယ်မှာ အောင်မြင်စွာကျင်းပခဲ့ ပါတယ်။ ဒီပွဲမှာ နောက်ဆုံး ဆန်ခါတင်အလှမယ် ၂ဝ ဦးတို့က ပထမ အဆင့်အနေနဲ့ ၁၉၆ဝ ပြည့်နှစ်က မြန်မာဝတ်စုံဒီဇိုင်းများကို ဝတ်ဆင် ပြသခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ Swim Suit၊ နောက်ဆုံးယှဉ်ပြိုင်မှု အဆင့်အနေနဲ့ကတော့ Evening Grown တွေကို ဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီလိုယှဉ်ပြိုင်မှု အပြီးမှာတော့ Title ဆုများကို အသီးသီးရွေးချယ် ချီးမြှင့်ပေးခဲ့ပြီး Top Ten ၁၀ ဦးကို ရွေးချယ်ခဲ့ပါတယ်။

ဒီ ၁ဝ ဦးထဲကမှ ၅ ဦးကိုထပ်မံရွေးချယ်ခဲ့ပြီး ၅ ဦး ထဲ ကမှ Winner ဆုရှင်နဲ့ 1st Runner-up, 2nd Runner-up, ဆုရှင်တို့ကို ရွေးချယ်ခဲ့ပါတယ်။Miss Myanmar International 2018 Winner ဆုရှင်ကတော့ ခါးနံပါတ် ၂၈ မေယုခတ္တာဖြစ်ပြီး 1st Runner-up ကို ခါးနံပါတ် ၁ ပိုးအိမ့်ဇင်နဲ့ 2nd Runner-up ကို ခါးနံပါတ် ၁၆ နေခြည်ထက်းတို့က ဆုများရရှိသွားခဲ့ကြတာဖြစ်ပါ တယ်။ အလှမယ် မေယုခတ္တာက Winner ဆုရရှိခဲ့တာဖြစ်တဲ့အတွက် ဆုကြေး ငွေကျပ်သိန်း ၁ဝဝ အပြင် အခြားဆုလက်ဆောင်များရရှိခဲ့ပြီး၊ 1ST Runner up အလှမယ်ကို ဆုကြေးငွေ ကျပ်သိန်း ၆ဝ နဲ့အတူ အခြားဆုလက်ဆောင်များ၊ 2rd Runner up အလှမယ်ကိုတော့ ကျပ်သိန်း ၄ဝ နဲ့အတူ အခြားဆုလက်ဆောင်များ ချီးမြှင့်ပေး ခဲ့ကြပါတယ်။ Miss Myanmar International 2018 Winner ဆုရှင်က နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြု လုပ်မယ် Miss International 2018 ပြိုင်ပွဲကြီးကို သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here