ပခုက္ကူ ဒေသ အတွင်းရှိ ချောင်းရေများ မြင့်တက်လာမှုအပေါ် ကြိုတင်ပြင်ဆင်

0
138

ယခုနှစ် ဇွန်လဆန်းပိုင်းက စပြီး ပခုက္ကူဒေသအတွင်း မိုးရေချိန် ၆ လက်မအထိ မိုးရွာသွန်းခဲ့ရာ ကန်တော် ကန်ကြီးကျိုးပေါက်ခြင်းနဲ့ ရွှေချောင်း ချောင်းရေကျမှုတွေဖြစ် ပွားခဲ့ပါတယ်။ နေအိမ် ၇ လုံး ချောင်းရေအတွင်း မျောပါခဲ့ပြီး တချို့ အိမ်တွေကို ရွှေ့ပြောင်းခဲ့ရကာ ရေ ဘေးသင့် ပြည်သူ ၃၂ ဦးအထိရှိခဲ့ တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြော ပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် ပခုက္ကူမြို့နယ် ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငွေကြေး ထောက်ပံ့ကူညီပေးခဲ့ပြီး မြို့နယ် အဆင့် တာဝန်ရှိသူတွေကလည်း လို အပ်တာတွေ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

”၂ဝ၁၁ ခုနှစ်တုန်းက အိုတူးဘီ မုန်တိုင်းကြောင့် ရွှေချောင်းတံတား ကြီး ကျိုးခဲ့တယ်။ လူ ၁ဝဝ နီးပါး အ သက်ဆုံးရှုံးခဲ့ရတယ်”လို့ ပခုက္ကူမြို့ခံ တစ်ဦးက ပြောပါတယ်။

ဇွန်လ ၈ ရက်နေ့ နံနက် ၁ဝ နာရီအချိန်မှာ ပခုက္ကူမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ပြီး မကြာခင် မိုးဇလ သတင်းများအရ မိုးရေချိန်လက်မ ၁ဝ လက်မကျော်မှ ရွာသွန်းမယ့် အခြေအနေကြောင့် ရွှေချောင်း ချောင်း၊ ဆင်ပေါက်လှချောင်း၊ ယော ချောင်း ရေမြင့်တက်လာပါက ကြို တင်ပြင်ဆင်ထားရှိနိုင်ဖို့ ဆွေးနွေး ညှိနှိုင်းခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲ အခမ်း အနားမှာ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပခုက္ကူ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးမြ မင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဦးနေဝင်းနှင့် ပရ ဟိတအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သဘာဝဘေး အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here