ခုန်ပျံကျော်လွှားနဲ့ အလုပ်တွေလုပ်နေရတယ်ဆိုတဲ့ အကယ်ဒမီ ရန်အောင်

0
190

လက်ရှိမှာ ပရိသတ်တွေအကြား လူပြောများ ရေပန်းစားလျက်ရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုကတော့ စာရေးဆရာမကြီး မစန္ဒာရဲ့ ‘အရိပ်’ ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ပြန် လည်ရိုက်ကူးထားတဲ့ ‘အရိပ်’ ဇာတ် ကားပဲဖြစ်ပါတယ်။

‘အရိပ်’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ နာမည် ကျော်ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်က ‘အရိပ်’ဇာတ်လမ်းတွဲ အောင်မြင်ရခြင်းနဲ့ပတ်သက်ပြီး ပြော ပြပေးလာတာကတော့…

”အရိပ်ဇာတ် ကားထဲက သရုပ်ဆောင်တွေ အကုန် လုံးဟာ တက်ညီလက်ညီ ရှိခဲ့ကြ တယ်။ ဘာလို့လဲဆိုတော့ မိသားစု ၃ ခုရဲ့ ပဋိပက္ခဇာတ်လမ်းကို သူက အပြိုင်ပတ်လည်ပြရတယ်။ ကျွန်တော် တို့ လှိုင်မိသားစုဆိုရင် ဇာတ်လမ်း ထဲမှာ သားသမီးတွေ အပေါ်မှာဆိုရင် အရမ်းပစ်စလက်ခတ်ထားတယ်။ ဘာကိုမှ သိပ်ဂရုမစိုက်ကြဘူး။ ပိုက်ဆံပဲ ရှာကြတယ်။ ပိုက်ဆံအရမ်း ချမ်းသာကြတယ်။ ရှုပ်ရှုပ်ပွေပွေနေ ကြတယ်။ ကျန်တဲ့ မိသားစုတွေကျ တော့ နွေးနွေးထွေးထွေး ရှိကြတယ်။ အဲဒီလိုမျိုးပေါ့။ မိသားစုတွေရဲ့ ပုံစံ တွေကို ပေါ်လွင်အောင် အပြိုင်ပတ် လည် ပြရတယ်။ ဒါသည် ဇာတ်ညွှန်း ကောင်းမှသာလျှင် ပြသလို့ရတဲ့ အခြေအနေပါ။ ဇာတ်ညွှန်းသည် အလွန်အရေးကြီးပါတယ်။ ကျွန်တော် ပြောချင်တာ အဲဒါပါပဲ။ ဇာတ်ညွှန်း ကောင်းနေရင် ဘယ်လိုပုံစံဖြစ်ဖြစ် ပြသလို့ ရပါတယ်။ ဇာတ်ကောင်တွေ အကုန်လုံးကလည်း အံဝင်ခွင်ကျ အားလုံးဖြစ်ခဲ့ကြပါတယ်။Team Work လို့ ပြောရင်တော့ ပိုမှန်ပါ တယ်။ တစ်ယောက်တည်း ကောင်း လို့မရပါဘူး။ အကုန်လုံး တက်ညီ လက်ညီနဲ့ သွားမှ ကြည့်လို့ကောင်း တာပါ” လို့ ပြောပြပေးပါတယ်။

မြန်မာအိုင်ဒေါဟာ လက်ရှိမှာ တော့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် ကို စတင်နေပြီ ဖြစ်တဲ့အတွက် အနု ပညာအလုပ်တွေများတဲ့ အကယ်ဒမီ ရန်အောင်ကတော့ လုပ်ငန်းပိုင်းမှာ အဆင်ပြေချောမွေ့အောင်၊ ရိုက်ကူး ရေးရက်တွေနဲ့ မတိုက်အောင် သေချာ ပြင်ဆင်ထားပြီးပြီလို့ ဆိုပါတယ်။

”မြန်မာအိုင်ဒေါရဲ့ တိုက်ရိုက် ထုတ်လွှင့်မယ့် ရက်တွေကိုလည်း ကျွန်တော်က သွားထိလို့မရပါဘူး။ ဒီလိုပဲဇာတ်ကားရိုက်ကူးတဲ့ ရက်တွေ ကိုလည်း သွားတိုက်နေလို့ မရပါဘူး။ ဒါရိုက်တာတွေကို နားလည်အောင် ပြောပြပြီးတော့ ဒီလိုပဲ ခွကျော်ပြီး တော့ ရိုက်ကူးနေရပါတယ်။ မျက်လုံး ထဲမြင်အောင် ပြောပြရမယ် ဆိုရင် တော့ ကုလားမစည်း ခုန်နေသလိုပါပဲ ဗျာ။ ခြေတစ်ပေါင်ကျိုးနဲ့ တောင် ခုန်မြောက်ခုန် ခြေထောက်ကြီးခွပြီး ခုန်နေရတာပါပဲဗျာ။ ဒီရက်ပိုင်းတွေ မှာ ခုန်ပျံကျော်လွှားနဲ့ အလုပ်တွေ လုပ်ကိုင်နေရတဲ့ သဘောမှာ ရှိပါ တယ် (ရယ်လျက်)။ ဇာတ်ကားကြီး ရယ်၊ ဇာတ်လမ်းတွဲရယ်၊ မြန်မာအိုင် ဒေါရယ်ကြားထဲမှာ ကုလားမစည်း ခုန်နေရတာပေါ့ဗျာ။ ဒါပေမဲ့လည်း ကျွန်တော်ဝါသနာပါတဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေရတဲ့ အ တွက် ပင်ပန်းတယ်လို့တော့ လုံးဝ မ ထင်ပါဘူး”လို့ အကယ်ဒမီရန်အောင် က ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here