မြန်မာနိုင်ငံအတွက် အကျိုးပြုတဲ့ လူတစ်ယောက်ဖြစ်ချင်တယ် Cindy

0
253

လူငယ်ပရိသတ်တွေရဲ့ အားပေးမှုရရှိထားတဲ့ Rose Quartz အဖွဲ့ ကတော့ မြန်မာနိုင်ငံကို သူတို့ရဲ့ ဒုတိယမြောက်သီချင်းခွေ မိတ်ဆက်ဖို့ အတွက် ဒုတိယတစ်ကြိမ် ပြန်လည်ရောက်ရှိလာပါတယ်။ ”Ra Pa Pam Pam” သီချင်း MTV ကနေ ပရိသတ်ကို ချပြလိုက်တဲ့အချိန်မှာတော့ နာရီ ပိုင်းအတွင်းမှာ ကြည့်ရှုသူများပြားခဲ့ပါတယ်။ ပရိသတ် အားပေးမှုရရှိခဲ့တဲ့ အပေါ် Cindy က …

”အခု ညီမတို့ ဒုတိယသီချင်းဟာ ပထမသီချင်းထက်ပိုပြီး အချိန်အနည်း ငယ်အတွင်းမှာ ကြည့်ရှုသူ ပိုများလာတယ်။ ပြီးတော့ Share လုပ်တာတွေ လည်း အများကြီးတွေ့ရတယ်။ အဲဒီအတွက်လည်း အများကြီးဝမ်းသာမိပါတယ်။ ပြီးတော့ Comment တွေထဲမှာဆိုရင်လည်း ပိုပြီးတော့ ကောင်းလာတယ်ဆိုပြီး တော့ ပရိသတ်တွေ ပြောတာတွေ့ရပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင် ပါတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရွေးစင်နှစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့အပေါ် ဘယ်လိုမျိုးခံစားမိလဲ။ မြန်မာနိုင်ငံအတွက် ဘယ်လို လူမျိုးဖြစ်စေချင်လဲလို့ မေးကြည့်တဲ့အခါမှာတော့ Cindy က …

”ညီမနဲ့ Nay Chi က မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့ ပါဝင်နေရတဲ့ အတွက် တာဝန်ကတော့ ကြီးတာပေါ့။ မြန်မာနိုင်ငံအတွက် အကျိုးပြုပေးတဲ့ အကောင်းဆုံးလူဖြစ်စေချင်တယ်။ အကောင်းဆုံး ဖြစ်ဖို့လည်း အမြဲတမ်းကြိုးစား နေပါတယ်။ ပရိသတ်တွေကလည်း ညီမတို့ရဲ့ ကြိုးစားမှုကို စောင့်ကြည့်ပေး စေချင်ပါတယ်။ ညီမတို့ကို ခေါ်ခဲ့တဲ့ JBJ Entertainment ကလည်း ထိုင်းမှာ ရှိတယ်။ ညီမတို့ကလည်း ထိုင်းမှာနေရတာဆိုတော့ တစ်ခါတလေ မြန်မာနိုင်ငံ ရဲ့ အစားအသောက်တွေကို လွမ်းတယ်။ ပြီးတော့ အိမ်ကိုလွမ်းတယ်။ ဒါပေမဲ့ အိမ်နဲ့နေ့တိုင်းလိုလို ဖုန်းနဲ့ ဆက်သွယ်ဖြစ်တယ်။ ရန်ကုန် ပြန်ရောက်လာတဲ့ အချိန်မှာလည်း ညီမတို့ အချိန်ဇယားတွေရှိတယ်။ ဒါပေမဲ့ အချိန် အနည်း ငယ်လွတ်တဲ့ အချိန်ကျရင် အိမ်ကို ခဏပြန်ပြီးတော့ မိသားစုတွေနဲ့ အတူတူ နေဖြစ်တယ်။ အိမ်ကလည်း ညီမအရင်ကတည်းက Cover Dance တွေ ကခဲ့တာတွေရှိတယ်။ အဲဒီအချိန်မှာ အိမ်ကလည်း ထောက်ပံ့ပေးတယ်။ အစ်ကို ကလည်း လိုအပ်တာတွေ လုပ်ပေးတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါ တယ်။ အခုညီမတို့ ဒီလိုမျိုး ကြိုးစားနေတာထက် နောက်ထပ်လည်း အများကြီး ကောင်းတဲ့ ကကွက်တွေ၊ ဖျော်ဖြေမှုတွေနဲ့ ပရိသတ်အတွက် အများကြီးပြု လုပ်သွားဖို့ ပြင်ဆင်နေပါတယ်”လို့ Cindy က ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here