မြန်မာ့ရုပ်ရှင်အတွက် ပြောင်းလဲမှုဖြစ်စေမယ့် ‘ဥပါဒါန်’ ရုပ်ရှင်အဖွဲ့ သားတို့ရဲ့ အလှူ

0
121

‘ဥပါဒါန်’ ရုပ်ရှင် ဇာတ်ကားကြီး ကတော့ ထူးခြားတဲ့ဇာတ်ကားကြီး တစ်ကားလို့ဆိုရမှာပါ။ ရုံတင်ပြသ တဲ့အခါမှာလည်း ပရိသတ်တွေ နှစ် သက်ကြတယ်။ အထူးသဖြင့် ခင် ဇာခြည်ကျော်ပေါ့။ သူမကို အကယ် ဒမီရွှေစင်ရုပ်တုတစ်ဆု ထပ်မံပြီး ရ စေချင်နေကြတယ်လေ။ နောက်ပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ မြွေမလေး မိညို။ မိညိုက ခင်ဇာခြည်ကျော်ရဲ့ မိခင်ဖြစ်သူကို ဝင်ရောက်ပူးကပ်ပြီး ပဋ္ဌာန်းဆက်တွေဖြစ်ကြောင်း ပြောပြ ခဲ့သေးတယ်။ ဒါကတော့ ရုပ်ရှင်ထဲ မှာ မဟုတ်ဘဲ။ အပြင်မှာ တကယ်ဖြစ် တာပါ။ ဒါကြောင့်လည်း မြွေမလေး မိညိုနဲ့အတူ ပဋ္ဌာန်းဆက်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို သင်္ကန်း၊ ဆွမ်းနဲ့ ဒါတဗ္ဗဝတ္ထုတွ ဆက်ကပ်လှူဒါန်းရေစက်ချ အလှူပြု လုပ်ခဲ့ပါတယ်။ ဇွန်လ ၂၁ ရက်နေ့၊ မရမ်းကုန်းမြို့နယ်ရှိ သီလဝိသုဒ္ဓိ ကျောင်းမှာ ပြုလုပ်ခဲ့တဲ့အလှူနဲ့ ပတ် သက်ပြီး ‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ထားသူ ဒေါ် ချိုပြုံးက …

”ဒီနေ့ကတော့ ထူးထူးခြားခြား မြွေမလေးတစ်ကောင်အတွက် ဆွမ်း ကပ်ပေးတာဆိုတော့ ထူးခြားတာ ပေါ့။ လူတွေလည်းပါတာပေါ့။ ဒါက လည်း သူတို့ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားတည်းမှာပဲ ဒီကလေးက ဝင်ပြီး သရုပ်ဆောင်ပေးတယ်။ သရုပ်ဆောင်ပေးတဲ့နေရာမှာ ခက် ခက်ခဲခဲ မခိုင်းရဘူး။ ပါးပါးနပ်နပ် လေးနဲ့ သူလုပ်ပေးသွားတယ်ဆိုတော့ ဒီကလေးလေးကလည်း ဘာပဲဖြစ်ဖြစ် ပဋ္ဌာန်းဆက်ရှိတယ်လို့ ယုံကြည်ပြီး တော့ သူ့အတွက် ကုသိုလ်လုပ်ပေးတဲ့ ပွဲလေးပေါ့” လို့ ပြောပါတယ်။ ‘ဥပါ ဒါန်’ နဲ့သာ အ ကယ်ဒမီရခဲ့မယ်ဆိုရင် အလွန်ပျော်မိမှာပါလို့ဆိုတဲ့ ခင်ဇာ ခြည်ကျော်ကလည်း …

”ဥပါဒါန်ဇာတ်ကားကတော့ တော်တော်လေးကို တိုက်ဆိုင်တဲ့ ဇာတ်ကားကြီးပေါ့။ သာသနာပြုဖို့ အတွက် ဒီအဖွဲ့ကြီးတစ်ဖွဲ့လုံးက ဆုံ စည်းရတယ်ပေါ့။ ဒါကြောင့်မို့လို့ ဒီ ‘ဥပါဒါန်’မှာပါတဲ့ အဖွဲ့သားတွေ အားလုံးဟာ အစ်မအနေနဲ့ကတော့ ပဋ္ဌာန်းဆက်တွေ၊ နောက်ပြီးတော့ သာသနာပြုဖို့ အတွက် ဒီကားလေးကို ရိုက်တဲ့ အတွက် အစ်မတို့ရဲ့ စိတ်က လည်း အစကတည်းက သန့်သန့်ရှင်း ရှင်းနဲ့ ရိုက်ခဲ့တယ်။ သန့်သန့်ရှင်းရှင်း လေးနဲ့ ကူညီခဲ့တယ်။ ဒီကားလေးဖြစ် မြောက်ဖို့အတွက်ကိုလေ။ ကိုအောင် (ဒါရိုက်တာဗန်းကြီး)ရဲ့ စေတနာတွေ ပေါ့။ အကြောင်းအကျိုးတွေ ဆက် စပ်ပြီးတော့၊ ပဋ္ဌာန်းဆက်ကြောင့်မို့လို့ ဒီကားလေးရိုက်ဖြစ်တာပါ” လို့ ပြော ပါတယ်။

မြွေမလေးမိညိုကတော့ တ ကယ့်ကို ပဋ္ဌာန်းဆက်တွေပါလို့ ‘ဥပါ ဒါန်’ ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက် တာဖြစ်သူ ဗန်းကြီးက ပြောပါတယ်။ ထူးခြားတိုက်ဆိုင်မှုတွေအကြောင်း ကိုလည်း သူပြောပြတာက …

”ဒီမြွေက ဇာတ်ကား စရိုက်ကူး ရိုက်ကတည်းက ထူးခြားတယ်ဗျ။ ဒီမြွေက တကယ်တော့ သူ့ရဲ့ ဆရာ ကိုတောင် ပြန်ပေါက်တာ။ ဒါပေမဲ့ ‘ကျွန်တော်တို့ သမီးရေ … ရိုက် မယ်။ ဘုန်းကြီးနောက်ကိုလိုက်ပေး ပါ”ဆိုရင် ရအောင်လိုက်တယ်ဗျ။ တောထဲဝင်မသွားဘူး။ ရုပ်ရှင်ထဲမှာ မြင်ရပါလိမ့်မယ်။ အဲဒါအစစ်ပါ။ ပြီး တော့ ”ဘုန်းကြီးကို သနားစဖွယ်ဖြစ် အောင် ကြည့်ပေးပါ”ဆိုလို့ရှိရင်လည်း ကြည့်တာပဲ။ သူ့မျက်လုံးတွေကိုက သနားစရာကောင်းနေတယ်ပေါ့။ ကျွန်တော်ကတော့ ဒါဟာ မြွေတစ် ကောင် မဖြစ်နိုင်တော့ဘူးလို့ ထင် တယ်။ အဲဒီတော့ ဒီဇာတ်ကားကို ဝိုင်း ပံ့ပိုးနေတဲ့သူတွေပါသလို ဒီမြွေ ကလည်း ကျွန်တော်တို့နဲ့ ပဋ္ဌာန်းဆက် ဖြစ်မှာပါ။ ဒီဇာတ်ကားကလည်း ရိုက်ဖို့ ၁၃ နှစ်ကြာပြီ။ အဲဒီလူတွေ အကုန်လုံး စုပြီးတော့မှ ဒီဇာတ်ကား ကြီးဖြစ်လာတာဆိုတော့ ကျွန်တော် မမြင်ရတဲ့အကြောင်းတွေ ရှိပါလိမ့် မယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော် ဒီဇာတ်ကားကို တန်ဖိုးထားတယ်။ ဒီကြားထဲမှာ ကျွန်တော် ဘာဇာတ် ကားမှလည်း မရိုက်ဖြစ်ဘူး။ ဒီဇာတ် ကားကိုပဲ ကျွန်တော်အကောင်း ဆုံး ဖြစ်အောင်လုပ်ခဲ့တာပါ။ ကျွန်တော့် ရင်ထဲက မျှော်မှန်းထားတဲ့ အတိုင်း ပရိသတ်တွေက ကြိုက်ကြတယ်။ ကြည့်ရှုတဲ့ပရိသတ်တွေက တရား တစ်ပုဒ်နာရသလို ခံစားရတယ် ဆို တော့ ဘုန်းကြီးတစ်ပါးမဟုတ်ပေ မယ့် ကျွန်တော် ကျေနပ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here