မျှော်နိုင်သမျှ တေးစီးရီး Audio မှာ ပရိတ်သတ်က တာဝန်ကျေပြီးသွားပါပြီ ဖြိုးပြည့်စုံ

0
480

ဇွန်လ ၂၉ ရက်နေ့မှာ ‘မျှော်နိုင်သမျှ’ တေးစီးရီး Music Video ထွက်ရှိဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဖြိုးပြည့်စုံက ပြောပါတယ်။ ဖြိုးပြည့်စုံရယ်လို့ဖြစ်စေလာတဲ့ ‘မျှော်နိုင်သမျှ’ ၊ ‘လရိပ်’၊ ‘အချစ်ဦး’ စတဲ့သီချင်းတွေရဲ့ ရိုက်ကူးမှုတွေက ဘယ်လိုတွေဖြစ်လာမလဲ။ သူ သေသေချာချာလေး ရိုက်ကူးထားပြီး ပရိသတ်ကို ကျေးဇူးဆပ်ထားပါ တယ်ဆိုတာကိုတော့ . . .

”ပရိုမိုးရှင်းတော့ မလုပ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်လထဲမှာလည်း အောင်ထက်နဲ့ စီးရီးခွေက ထွက်ဖို့ရှိ တော့ သိပ်အချိန်နီးကပ်နေပြီ။ ဒီစီးရီးခွေက ပရိသတ် အပေါ်မှာ ထပ်ပြီးလုပ်စားတာ၊ ထပ်ပြီးအောင်မြင်ပါစေ ဆိုတဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ထွက်တဲ့ ဆန္ဒမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစီးရီးခွေလေး ဖန်တီးရတဲ့ အခါ အသံထက်စာရင် ရိုက်ကူးမှုအတွက် ပိုပြီးသုံးရ တယ်။ တစ်ပုဒ်မှာတင် ပိုက်ဆံက ဆယ်ဂဏန်းလောက်ကို တော်တော်လေးကျော်အောင် သုံးရတာဖြစ်တဲ့အတွက် သီချင်းတွေက ဆယ်ပုဒ်နဲ့အထက်ဆိုတော့ ကျွန်တော်တို့အနေနဲ့ လည်း စိတ်ရော၊ လူရော၊ ငွေရော အများကြီးကုန်ကျထားတဲ့ အတွက် ဒီစီးရီးခွေပေါ်မှာပဲ သက်ရောက်တဲ့ အခကြေးငွေကိုပဲ ကျွန်တော်တို့ ပြန်ပြီးရောင်းချတာပါ”လို့ ဖြိုးပြည့်စုံက ပြောပါ တယ်။

ဒီအပေါ်မှာ ထပ်ပြီးအောင်မြင်ဖို့ ဂုဏ်ဒြပ်အနေနဲ့ လိုချင်တာမရှိပါဘူးလို့လည်း သူက ပြောပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာ မေးကြည့်တော့

”မျှော်နိုင်သမျှ တေးစီးရီး Audio မှာ ပရိသတ်တွေက တာဝန်ကျေပြီးသွားပါပြီ။ ကျွန်တော် ဘာမှ မသိတဲ့ သုညကနေ ‘မျှော်နိုင်သမျှ’ ဖြိုးပြည့်စုံဖြစ်အောင် လုပ် ပေးခဲ့တဲ့အတွက် ထပ်ပြီးတာဝန်ကျေဖို့ပဲရှိပါတယ်။ အဲဒီတော့ ဒီစီးရီးခွေလေးက ပထမဆုံးအယ်လ်ဘမ်လေးလည်းဖြစ်တယ်။ အမှတ်တရလေးလည်းဖြစ်လို့ ရိုက်ကူးရေးလုပ်ပြီး ပရိသတ်ကို အသိ ပေးတာပါ” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here