ဒုတိယအိပ်မက်ကို အကောင်အထည်ဖော်လိုက်တဲ့ ပွင့်

0
213

သရုပ်ဆောင် ပွင့်ရဲ့ ပထမဆုံး တေးစီးရီး ဖြစ်တဲ့ ‘ဘေဘီပွင့်’အမည် ရှိ တစ်ကိုယ်တော် တေးစီးရီး မိတ် ဆက်ပွဲကို ဇွန်လ ၁၇ ရက်နေ့ ညနေ ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ ၃ဝ x ၃၁ လမ်းကြား၊ ၇၇ လမ်းရှိ စိန်ခြယ်ရောင်းဝယ်ရေးရှေ့ မှာ ပြုလုပ်ခဲ့ပါတယ်။

”ပွင့်ငယ်ဘဝကတည်းက အ သက်ကြီးလာရင် ဘာလုပ်မလဲလို့ မေးရင် မင်းသမီးလုပ်မယ်၊ အဆို တော်လုပ်မယ်လို့ပြောခဲ့ပါတယ်။ အဖြစ်ချင်ဆုံးဆန္ဒနဲ့အိပ်မက်တစ်ခု ဖြစ်ပါတယ်။ ကွန်ပျူတာတက္ကသိုလ် တက်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ကြော်ငြာသရုပ်ဆောင် ပြိုင်ပွဲဝင် ပြိုင်ဖြစ်ပြီး ကြော်ငြာရိုက်ဖြစ်သွား တယ်။ အဲဒီကြော်ငြာလေးက ပရိ သတ်ရင်ထဲတန်းရောက်သွားပြီး ပထ မအိပ်မက်ဖြစ်တဲ့ သရုပ်ဆောင်တစ် ယောက်အဖြစ်နေရာလေးတစ်နေရာ ရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒုတိ ယအိပ်မက်ဖြစ်တဲ့ ဂီတကိုထပ်လုပ် ချင်တယ်။ သို့သော် ပရိသတ်က ရုပ်ရှင်ဘက်မှာချစ်နေတဲ့အချိန် နောက်ထပ်ဂီတမှာ ဆက်လုပ်လိုက် ရင် အမြင်တစ်မျိုးဖြစ်သွားမလားဆို ပြီး စိုးရိမ်ခဲ့တယ်။ အဲဒီလိုစဉ်းစားရင်း ဆယ်စုနှစ်တစ်ခု ကျော်ကြာသွား တယ်။ ဒီကြားထဲမှာ နယ်ပွဲတွေ Show ပွဲတွေမှာ သီဆိုဖြစ်တယ်။ ပရိသတ်အားပေးမယ်လို့ ယုံကြည် တာကြောင့် အဆိုတော်ကြီးတစ် ယောက်လောက် အသံမကောင်းပါ ဘူး။ အကောင်းဆုံးကြိုးစားပြီးတော့မှ လုပ်မယ်ဆိုရင် ပရိသတ်ရင်ဘတ် ထဲမှာ အသိအမှတ်ပြုမယ်ဆိုတဲ့ ယုံ ကြည်မှုကြောင့် ဒုတိယအိပ်မက်ကို အကောင်ထည်ဖော်ဖြစ်တာပါ”လို့ ပွင့်က ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here