မြန်မာအင်္ကျီတွေ ဝတ်ဆင်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် Miss Myanmar International 2018 Winner မေယုခတ္တာ

0
260

မကြာမီကကျင်းပခဲ့တဲ့Miss Myanmar International 2018 ပြိုင်ပွဲမှာ Winner ရရှိခဲ့တဲ့ မော်ဒယ်လ် မေယုခတ္တာက မြန်မာဖက်ရှင် ဒီဇိုင်း ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး အခုလို…

“ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး မြန်မာအင်္ကျီတွေပဲ ညီမဝတ်ဆင်တာများတယ်။ မြန်မာအင်္ကျီတွေ ဝတ်ဆင်ရင် ညီမအရပ်နဲ့ ခန္ဓာကိုယ်နဲ့ လိုက်အောင် အမြဲတမ်းအရောင်တွေကအစရွေးချယ်ပြီး ဝတ်ဆင်ဖြစ်ပါတယ်။ မြန်မာအင်္ကျီ ပုံစံဒီဇိုင်းတွေကို မေမေကလုပ်ပေးဖြစ်တာများတယ်။ မေမေကလည်း အခုအချိန်ထိ ရင်ဖုံးအင်္ကျီပဲ ဝတ်ဆင်ဖြစ်တာများတယ်။ မြန်မာအင်္ကျီဆို မေမေက မြတ်မြတ် နိုးနိုးဝတ်ဆင်တော့ ညီမဝတ်ဆင်တဲ့ အင်္ကျီတွေကိုလည်း သူကိုယ်တိုင်ပဲချုပ်ပေးတာပါ။ အခု ညီမတို့ ပြိုင်ပွဲဝင်ခဲ့တုန်းက ဝတ်ဆင်ရတဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုလည်း သဘောကျပါတယ်။ အဓိကကြိုက်တာ Evening Dress တွေဆို လက်အိတ်ကလေးတွေနဲ့ဆိုတော့ ညီမနှစ်သက်တယ်။ အရောင်တွေနဲ့ ဆိုရင်လည်း လိမ္မော်ရောင်လေးတွေ၊ အနီနဲ့ လိမ္မော်နဲ့စပ်ထားတာလေးတွေ၊ ပန်းရောင်အဖျော့လေးတွေဆို ညီမနဲ့ ပိုလိုက်တယ်လို့ ထင်ပါတယ်။ အခုနောက်ပိုင်း မြန်မာဝတ်စုံတို့ ခေတ်ဆန်ဆန်တို့ ဝတ်ဆင်ရတာကလည်း တစ်မျိုးနဲ့ တစ်မျိုးမှာ ခံစားချက်တွေမတူပါဘူး။ ခေတ်ဆန်ဆန် ဝတ်ဆင်ပြီဆိုရင်လည်း လူကတက်ကြွတဲ့ ပုံစံလေးတွေကို ဖော်ဆောင်တယ်ပေါ့။ ဒီမြန်မာ အင်္ကျီတွေ ဝတ်ဆင်တဲ့ အချိန်မှာလည်းကျက်သရေရှိရှိနဲ့ လှပတယ်ပေါ့။ ညီမ ကိုယ်တိုင်တော့ မြန်မာအင်္ကျီလေးတွေနဲ့ ပိုပြီးလိုက်ဖက်တယ်ထင်တယ်”လို့ပြောပါတယ်။ မြန်မာအင်္ကျီ ကိုပဲ သေချာရွေးချယ်ဝတ်ဆင်ဖြစ်ပုံအကြောင်းကို…

“တစ်ခါတလေကျရင် ညီမခေတ်ဆန်ဆန်လေးဝတ်ဆင်တယ်ဆိုလည်း ညီမကိုမြင်တာ နဲ့အေးအေးချမ်းချမ်းဖြစ်မယ့် အင်္ကျီမျိုးကို ရွေးချယ်ပြီး ဝတ်ဆင်တာ များတယ်။ ပြီးတော့မြန်မာဖက်ရှင်တွေက ယဉ်ကျေးမှုလည်း ထိန်းသိမ်းရာရောက်တယ်။ ဒီမြန်မာအင်္ကျီတွေကို ဝတ်ဆင်ခြင်းအားဖြင့် မိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာတွေ၊ ကျက်သ ရေတွေလည်းတိုးပွားလာတယ်လို့ညီမ ထင်တယ်။ မြန်မာ မိန်းကလေး တစ်ယောက် ဘာခြယ်သမှုမှမပါဘဲ မြန်မာအင်္ကျီပဲ ဝတ်ဆင်လိုက် တာနဲ့ တော်တော်ကျက်သရေရှိတယ်” လို့မေယုခတ္တာက ပြောပါ တယ်။

သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here