ရုပ်သံဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်နေတဲ့ သရုပ်ဆောင် မိုးယံဇွန်

0
152

သရုပ်ဆောင် မိုးယံဇွန်ကတော့ လတ်တလောမှာ ‘နေရယ်၊ လရယ် အမှန်တရားရယ် Season 2 မှာပါဝင်သရုပ်ဆောင်ခဲ့ပြီး MRTV – 4 က ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာလည်း ပါဝင်သရုပ်ဆောင်မှာဖြစ်ပါ တယ်။ နောက်ထပ် ရိုက်ကူးသွားမယ့် ရုပ်သံဇာတ်လမ်းတွဲနဲ့ပတ် သက်ပြီး… .

”အခုကတော့ MRTV – 4 ကရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဇာတ်ကောင်စရိုက်ကတော့ ရပ်ကွက်ထဲက လူငယ်တစ်ယောက်ပေါ့။ အလွဲအချော်လေးတွေနဲ့ ဟာသပုံစံလေးပါ။ ဖျော်ဖြေ ရေးတစ်ခုအနေနဲ့ ဇာတ်လမ်းလေးဖွဲ့စည်းထားတာပါ။ အားလုံးဇာတ်ကောင်က တော့ လေးယောက်လောက်ပါတယ်။ ကျွန်တော် အပါအဝင်ပေါ့။ ပြင်ဆင်မှု အပိုင်းကတော့ ထွေထွေထူးထူးကြီး ပြင်ဆင်စရာမလိုပါဘူး။ ဇာတ်ညွန်း ဖတ်ပြီးတော့ ဒါရိုက်တာ လိုချင်တဲ့အတိုင်းပဲ ကြိုးစား ပြီး သရုပ်ဆောင်ရမှာပေါ့။ အခုက ကျွန်တော် ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ဖြစ် တာများတယ်” လို့ ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး သူ့ဆီလာတဲ့ ဇာတ်ကား တွေကို ဘယ်လိုရွေးချယ်လက်ခံရိုက်ကူးဖြစ်လဲ လို့မေးမြန်းခဲ့ရာ . . .

”ကိုယ့်ဆီလာတဲ့ ဇာတ်ကို ကျွန်တော် ဖတ် လိုက်တယ်။ ကိုယ်ကြိုက်ရင် လက်ခံလိုက် တာပဲ။ Row တစ်ခုအနေနဲ့ထားပြီး မစဉ်းစားပါဘူး။ ရုပ်ရှင်လည်း လာ ကမ်းလှမ်းရင် ကိုယ်ရိုက်ကူးတဲ့ ဇာတ် ရုပ်ဆိုရင်တော့ လက်ခံဖြစ်ပါတယ်။ သဘောကျရင်၊ လုပ်နိုင်မယ်ထင်ရင် တော့ လက်ခံဖြစ်ပါတယ်” လို့ လည်း သရုပ်ဆောင် မိုးယံဇွန်က ပြောပြခဲ့ပါတယ်။

သူကတော့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) နဲ့ အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူး ဖို့ လည်း စီစဉ်ထားကြောင်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here