နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် “Aung San Suu Kyi’s Corner” ဖွင့်လှစ်

0
200

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ပွဲများကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၇၃ လမ်း မင်္ဂလာမန္တလေးရှိ “သီရိ”ပန်းချီ အနုပညာပြခန်းမှာ ၂ဝ၁၈ ဇွန်လ ၁၉ ရက်မှ ဇွန်လ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
“နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထုတ်ဝေ ထားတဲ့ တံဆိပ်ခေါင်းများနဲ့ အမှတ် တရပစ္စည်းများ၊ ဒေါ်အောင် ဆန်းစု ကြည်ကိုယ်တိုင် အင်္ဂလိပ်ဘာသာ နဲ့ ရေးသားထားတဲ့ မူရင်းစာအုပ်များ ကို သီရိပန်းချီပြခန်းအတွင်း နေရာ သီးသန့်ပေးပြီး အမြဲ ပြသထားပါမယ်။

Daw Aung San Suu Kyi’s Corner ဖွင့်လှစ်ရတာက ကျွန်တော် တို့ ယုံကြည်လေးစားတန် ဖိုးထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတာ ဖြစ်သလို နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဖြတ်သန်းခဲ့ရပုံများ၊ ဇွဲ၊ သတ္တိ၊ ခံယူချက်နဲ့ နိုင်ငံတကာကပါ လေး စားတန်ဖိုးထားတာကို ဒီနေ့ခေတ် လူငယ်တွေ သိရှိစေဖို့ လေ့လာနိုင်ဖို့ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်”လို့ သီရိပန်း ချီပြခန်းမှ ဦးပုညဆွေကပြောပါတယ်။

“Daw Aung San Suu Kyi’s Corner” ဖွင့်ပွဲကို ဇွန်လ ၁၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဝန်ကြီးများ၏ဇနီးများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း ဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ ဖိတ်ကြား ထားတဲ့ ဧည့်သည်တော်များ တက် ရောက်ခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here