မကြာခင် ထွက်ရှိ လာတော့မယ့် အဆိုတော် သာဒီးလူရဲ့ ဒုတိယမြောက်တေး စီးရီး ‘ကျွန်တော် ရူးနေသည်’

0
470

ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ‘ပြယုဂ်’ တေးစီးရီးထွက် ရှိခဲ့ပြီး ပရိသတ် အားပေးမှုရရှိလာသူကတော့ အဆိုတော်သာဒီးလူပါ။ သူကတော့ လတ်တလောမှာ ‘ကျွန်တော် ရူးနေသည်” လို့ အမည်ပေး ထားတဲ့ ဒုတိယမြောက်တစ်ကိုယ်တော် တေးစီးရီး ထွက်ဖြစ်ဖို့လည်း စီစဉ်နေပါတယ်။ အဲဒီတေးစီးရီးနဲ့ ပတ်သက်ပြီး …

”အခုကတော့ ကျွန်တော် ဒုတိယမြောက်တေးစီးရီးထွက်ဖို့ စီစဉ်နေပါတယ်။ တေးစီးရီး နာမည် ကိုတော့ ‘ကျွန်တော် ရူးနေသည်’ လို့ နာမည်ပေးထားပါတယ်။ သီချင်းက တော့ အားလုံး ၁၂ ပုဒ်လောက်ပါမယ်။ သီချင်းတွေအားလုံးက ကိုယ်တိုင်ရေးထားတဲ့သီချင်းတွေ ချည်းပါပဲ။ ပထမအခွေနဲ့က သုံးနှစ်လောက် ကွာသွားပါတယ်။ ပထမအခွေနဲ့ ဒုတိယခွေက တအားကြီးတော့ ပြောင်းလဲမှု မရှိပါဘူး။ အရင်ပုံစံတွေ အတိုင်းပဲသွားမှာပါ။ ဇူလိုင်လထဲမှာ ထွက်ဖြစ်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

တေးစီးရီး နှစ်ခွေ ထွက်ရှိတော့မယ်ဆိုတော့ တစ်ကိုယ်တော် Show လုပ်ဖြစ်ဖို့ စီစဉ်နေပြီလားလို့ ဆက် လက်မေးမြန်းခဲ့ရာ ”လောလောဆယ်တော့ တစ် ကိုယ်တော် Show လုပ်ဖြစ်ဖို့ စီစဉ် ထားပါတယ်။ ကျွန်တော်တို့ တိုင်ပင် စရာလေးတွေ စီစဉ်စရာလေးတွေရှိ သေးလို့ အချိန်နည်းနည်း စောင့်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ပျော်ရွှင်စရာ မိသားစုတစ်စုကိုလည်း ပိုင်ဆိုင်ထားတဲ့ သာဒီးလူက သူ့ရဲ့ မိသားစုဘဝဖြတ်သန်းမှုကို အခုလို ပြောပြခဲ့ပါတယ်။

”ကျွန်တော့်ရဲ့ မိသားစုဘဝဖြတ်သန်းမှုကတော့ ရိုးရှင်းပါတယ်။ ကျွန် တော့်မိန်းမကကျောင်းဆရာမ။ ကျွန်တော်ကလည်း ဒီမှာအနုပညာအလုပ်တွေ လုပ်တဲ့အခါ အိမ်ကလှိုင်သာယာမှာဆိုတော့ နေတာကလည်း ဝေးတာပေါ့။ ကလေး ကလည်း အိမ်မှာ ကျွန်တော့် အဖေ၊ အမေနဲ့ပဲ ကျန်ခဲ့ရတာပေါ့။ မိသားစု အတွက် ကတော့ အချိန်ရရင် ရသလောက်အချိန်ပေးဖြစ် ပါတယ်။ အနည်းဆုံးတော့ တစ်ပတ် ကို ၂ ရက်လောက် အချိန်ပေးဖြစ်တယ်။ ကျန်တဲ့အချိန်တွေကတော့ အလုပ်နဲ့ပဲ ဖြတ် သန်းဖြစ်ပါတယ်” လို့ သာဒီးလူက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here