ပရိသတ်ကို သီချင်းတွေ အများကြီး ဆိုပြချင်လို့ Mini Concert ပြုလုပ်မယ့် အဆိုတော် ဆင်ပေါက်

0
290

အဆိုတော်ဆင်ပေါက်ရဲ့ သီချင်းတွေကို အများကြီးနားထောင်ချင်ကြတဲ့ ပရိသတ် တွေအတွက် ဆန္ဒတွေပြည့်ဝတော့မှာပါ။ ဘာကြောင့်လဲဆိုရင် ဆင်ပေါက်က ဇူလိုင်လ ၇ ရက်နေ့၊ ရန်ကုန်မြို့၊ ဆာကူရာတာ ဝါအပေါ် ဆုံးထပ်က Yangon Yangon Bar မှာ သူ့ရဲ့ Mini Concert ကို ပြုလုပ်မှာပါ။ ဒီပွဲကို ပြုလုပ်ခြင်းကတော့ ပရိသတ်တွေ ကို သီချင်းတွေအများကြီးဆိုပြချင်လို့ပဲလို့ သူကပြောပါတယ်။

”တစ်ခါတလေကျရင် ကျွန်တော်တို့က ဖျော်ဖြေပွဲတွေမှာ သီချင်းတွေအများကြီး မဆိုရဘူး။ ၅ ပုဒ်၊ ၆ ပုဒ်လောက်ပဲ ဆိုရတယ်။ သီချင်းတွေက အကန့်အသတ်နဲ့ ဆို ပြရတဲ့အခါကျတော့ ပရိသတ်တွေ နားမထောင်ရသေးတဲ့ သီချင်းတွေ အများကြီးရှိတယ်။ အဲဒီလို သိပ်အား မရတော့ ကျွန်တော်သီချင်းတွေလည်း ပရိသတ်တွေကိုဆိုပြချင် တယ်။ ပရိသတ်တွေ အများကြီးနဲ့လည်း တွေ့ချင်တယ်။ ဒါကြောင့် လုပ်ဖြစ်သွားတာပါ” လို့ ဖျော်ဖြေပွဲနဲ့ ပတ်သက်လို့ ဆင်ပေါက်ကပြောပါတယ်။ သူကဒီပွဲမှာတော့ သီချင်း ၁၅ ပုဒ်ကျော်လောက်သီဆို သွားမှာဖြစ်ပြီး Special Guest တွေလည်း ခေါ်ထား ပါသေးတယ်။

သီချင်းအနေနဲ့ကတော့ အေးအေးလေးတွေ နဲ့အတူ မြူးကြွစေမယ့် သီချင်းလေးတွေလည်း မျှပြီး သီဆို သွားမယ်လို့ပြောပြီး သူ့စိတ်ကြိုက် သီချင်း တွေရော၊ ပရိသတ်တွေ ကြိုက်မယ့် သီချင်း တွေရော သီဆိုသွားမှာဖြစ်ကြောင်းလည်း သူကပြောပြပါတယ်။ Mini Concert အနေနဲ့ ကတော့ သူ့အတွက်ဒီပွဲက ဒုတိယ အကြိမ် မြောက်ပွဲပါ။ နောက်ပိုင်းမှာလည်း ဒီလိုပွဲမျိုးကို ၆ လတစ်ကြိမ်လောက် ဖျော်ဖြေသွားဖို့ အစီအစဉ် ရှိကြောင်း ပြောပါတယ်။ ဆင်ပေါက် ဆိုရင် ပရိသတ်တွေက သီချင်းချို ချို အေးအေးလေးတွေနဲ့ တွဲပြီး သိထားကြတာပါ။ သူ့အနေနဲ့ကတော့ သီချင်းအေးအေးလေး တွေအပြင် အမြူးလေး တွေ အသွက်လေး တွေလည်း ရေးသား သီဆိုခဲ့ပါတယ်။ သူ့ ရဲ့တတိယမြောက် အခွေကလည်း Audio အနေနဲ့ ထွက်ပြီးသွားပါပြီ။MTVအနေနဲ့ ထွက် ရှိနိုင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။ ဒါ့ အပြင် သီချင်းတစ်ပုဒ်စီကို အွန်လိုင်းကနေ ဖြန့်ချိသွားဖို့ လည်း သူ့မှာ အစီအစဉ်ရှိနေပါ သေးတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here