အချစ်အကြောင်း ဘဝအကြောင်းတွေ ပါဝင်တဲ့ လေးနက် ရဲ့ ခွင့်

0
168

အဆိုတော်လေးနက်ရဲ့ ပထမ ဆုံး တစ်ကိုယ်တော် ကိုယ်ပိုင်သံစဉ်တေးစီးရီးဖြစ်တဲ့ ‘ခွင့်’ တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇွန်လ ၂ဝ ရက်နေ့က Orchid Hotel မှာ ပြုလုပ်ခဲ့ ပါတယ်။ ဒီတေးစီးရီးခွေမှာ စုစုပေါင်း သီချင်း ၁၂ ပုဒ်ပါဝင်ပြီး ကိုယ်တိုင်ရေးသီချင်း ၈ ပုဒ်နဲ့ သာဒီးလူက သီချင်း ၄ ပုဒ် ရေးစပ် ထားပါတယ်။

‘ခွင့်’တေးစီးရီးကို တကူးတကကြီး ဝယ်ယူအားပေးပါလို့ မတိုက်တွန်းဘဲ ကျိုက်ထီးရိုးဘုရားက ထိုး မုန့်လိုမျိုး ကြိုက်တဲ့နေရာ က အမြည်းလေးနည်းနည်းစားကြည့်ပြီး စိတ်ဝင်စားတယ်၊ ကောင်း မယ်လို့ ယူဆမှ ဝယ်ယူနားဆင်ကြပါလို့ဆိုလာတဲ့ လေးနက်က …

‘ခွင့်’ သီချင်းကတော့ သာဒီးလူ ရေးထားတာပေါ့နော်။ ဒီသီချင်းထဲမှာပါတဲ့ အကြောင်းအရာကတော့ သမားရိုးကျအချစ်နဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ ကျွန်တော်က အဲဒီ ‘ခွင့်’ဆိုတဲ့ စကားလုံးလေးကို ကြိုက်လို့ Title အဖြစ် ပေးဖြစ်တာပါ။ အချစ် အကြောင်း ဘဝအကြောင်းလေးတွေကို ‘Rock’ ခေါင်းစဉ်အောက် ကပဲ သီဆိုဖန်တီးထားပါတယ်။ ဒီစီးရီးထဲမှာ Swing Rock, Country Rock, POP စတဲ့ သီချင်းအမျိုးအစားတွေ ပါပါတယ်”လို့ ပြောပါတယ်။ ဒီတေးစီးရီးကို ဇွန် ၂၇ ရက်နေ့မှာ Bo Bo Entertainment ကနေ တစ်နိုင်ငံလုံး ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။

လွမ်းနွေ


LEAVE A REPLY

Please enter your comment!
Please enter your name here