ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည်တို့ကို ရဲတိုက် ဘာပြောလဲ

0
329

ရဲတိုက်က လက်ရှိမှာ’ဒဏ္ဍာရီမိုး’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးကို ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူ ရိုက်ကူးလျက် ရှိပါတယ်။ ဒါရိုက်တာကတော့ ဝင်းလွင်ထက် ဖြစ်ပြီး 7 SENSE ရုပ်ရှင်ထုတ် လုပ် ရေးအတွက် ရိုက်ကူးပေးနေတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ရဲတိုက်က အခုနောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတချို့ ပါဝင်ရိုက်ကူးထားခဲ့တာ ရှိပေမယ့်လည်း ဇာတ်ကားရိုက်ကူးမှုတွေ သိသိသာသာကို ကျဲလွန်းနေပါ တယ်။ ဘာကြောင့်လဲ ဆိုရင် ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူး တင်ဆက်မယ့် ‘ပလက်ဖောင်းမင်းသား’ ရုပ်ရှင်နဲ့ အခုလက်ရှိရိုက်ကူး နေတဲ့ ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင် ဇာတ်ကားတွေအတွက် ကြိုတင်ပြင်ဆင်နေလို့ပဲ ဖြစ်ပါတယ်။

‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ်ကားကို လက်ခံဖြစ်ခဲ့တာကလည်း ဇာတ်လမ်း ဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပြီး ရိုက်ကူးချင်စရာ ဇာတ် လမ်းလည်း ဖြစ်တဲ့အတွက် လက်ခံဖြစ်ခဲ့တာလို့ ဆိုပါတယ်။

”ကာရိုက်တာကိုတော့ မပြောပြချင်ဘူး။ ဇာတ်ကားထွက်မှပဲ ကြည့် ကြည့်ပါ။ ဒေါင်းနဲ့ ရွှေထူးတို့က တစ်ယောက်တစ်မျိုးစီနဲ့ ကောင်းကြ ပါ တယ်။ သူတို့ကလည်း သူတို့ပညာ တွေနဲ့ သူတို့ပဲ ရေလည်တော်ပါတယ်။ ဒဏ္ဍာရီမိုးဇာတ်ကားအတွက် အတော်လေးတော့ ပြင်ဆင်ခဲ့တယ်။ ပြင်ဆင်ချိန် တစ်လယူခဲ့ရတယ်” လို့ ရဲတိုက် ကပြောပြပါတယ်။

ရဲတိုက်နဲ့ ဝတ်မှုံရွှေရည်နဲ့က ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုတွေမှာ ဆုံတွေ့ခဲ့ဖူးပြီး အခုတစ်ခေါက် ရိုက် ကူးတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အကြာကြီးနေမှ ပြန်ဆုံဖြစ်ကြတာဖြစ် ပါတယ်။ ရဲတိုက်က သူနဲ့ဝတ်မှုံ ရွှေရည် နဲ့ဆိုတာ ဇာတ်ကားရိုက်ကူး မှုတွေ လုပ်တိုင်း အမြဲရန်ဖြစ်နေကျသူ တွေလို့ အရွှန်းဖောက်ပြီးတော့ ပြောပြပါတယ်။

”ဇာတ်ကား ရိုက်ကူးတိုင်းရန်ဖြစ်တယ်။ ဒါပေမဲ့ ဘယ်သူမှ မ သိလိုက်ကြပါဘူး။ (ရယ်လျက်) အခုလည်း ရန်ဖြစ်တာပါပဲ” လို့ ရဲတိုက်က ဆိုပါတယ်။

ထူးခြားတာက ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ်ကားထဲမှာ ဆာတိုရီ ထုတ်လုပ်ရေးက ရဲတိုက်နဲ့ဒေါင်း နှစ်ဦးစလုံး ဆုံတွေ့ နေတာပါပဲ။ ရဲတိုက်တော့ ဒေါင်းရဲ့ စီနီယာ တစ်ဦးပီပီ ဒေါင်းအပေါ် မှတ်ချက် စကား ဆိုခဲ့တာကတော့ . . .

”ဒေါင်းဆိုတာကလည်း သူ့ဆုံး ဖြတ်ချက်နဲ့သူ သွားနေတဲ့ သူတစ်ဦး ပါ။ ကျွန်တော့်အနေနဲ့ ဒေါင်းကို ဘာမှ မဝေဖန်လိုပါဘူး။ သူ့ဆုံးဖြတ် ချက်တိုင်းဟာ မှန်ကန်တယ်လို့ ထင်ပါတယ်။ ဒေါင်းက ကျွန်တော့် ထက်တောင် သရုပ်ဆောင် ကောင်း ပါသေးတယ်” လို့ ရဲတိုက်က ပြောပြ ပေးခဲ့ပါတယ်။

ထက်လူ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here