ရက်ပ်ပါ Hanhae ဟာ သူ့ရဲ့ အေဂျင်စီ Brand New Music နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက စာချုပ်ထပ်မံ သက် တမ်းတိုးခဲ့ပါတယ်။ Hanhae ဟာ ၂ဝ၁၁ ခုနှစ်ကတည်းက Brand New Music နဲ့ လက်တွဲပြီး အနုပညာ အလုပ်တွေကို လှုပ်ရှားလုပ်ကိုင် လာခဲ့တာ ဖြစ်ပါတယ်။
Brand New Music အေ ဂျင်စီက တာဝန်ရှိသူက “ံHanhae ဟာ Brand New Music အေဂျင်စီနဲ့ ဆက်ဆံ ရေး အဆင်ပြေလို့ အခုလို သက်တမ်း တိုးတာကို လက်ခံခဲ့တာပါ။ သူဟာ အေဂျင်စီနဲ့ လက်တွဲလာတာ ၈ နှစ်ရှိ နေပြီဖြစ်ပြီး စီအီးအို Rhymer ကိုလည်း အတော်လေး ယုံ ကြည် အားကိုးပါတယ်။ Hanhae နဲ့ အေဂျင်စီနဲ့က မိသားစုတွေ လို ဖြစ်နေပါပြီ။ ကုမ္ပဏီ ဘက်ကနေ အစွမ်းကုန် ထောက်ပံ့ပေး သွားမှာပါ လို့”ပြော ကြားခဲ့ပါ တယ်။