အငိုမင်းသမီး ခင်ဇာခြည်ကျော် ရင်ခုန်နေတဲ့ရုပ်ရှင်ဇာတ်ကားသစ်

0
143

အနုပညာသက်တမ်းက နှစ် ၂ဝ ကျော်။ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေက တစ်ပွေ့တစ်ပိုက်။ အကယ်ဒမီ ခင်ဇာခြည်ကျော်ရယ်လို့ဖြစ်လာတဲ့အပိုင်းမှာ သူ့ရဲ့နင့်နင့်နဲနဲ သရုပ်ဆောင်ချက်တွေ၊ ငိုရတဲ့အခန်းတွေ၊ ဒရာမာပိုင်နိုင် တဲ့မင်းသမီးတစ်ယောက်ဆိုတာ မပါမဖြစ်ပါရမှာပါ။ သူ့ကိုယ်သူလည်း အငိုမင်းသမီးလို့ဖြေကြားထားဖူးတဲ့ ခင်ဇာခြည်ကျော်ကို ကိုယ်သရုပ်ဆောင်ခဲ့ရတဲ့ကာရိုက်တာတွေအပေါ် ကျေနပ်မှုရှိရဲ့လားလို့မေးဖြစ်ခဲ့ပါတယ်။ သူမကတော့ အသစ်အဆန်း ကာရိုက်တာတွေကို သရုပ်ဆောင်ချင်နေပါတယ်။ ဒီနှစ်ထဲမှာလည်းခင်ဇာခြည်ကျော်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေရုံတင်ဖို့တန်းစီစောင့်နေတယ်ဆိုတော့လည်း သူမမှာပြောစရာတွေအများကြီး ရှိနေတာပေါ့။

”ကျေနပ်တယ်။ အစ်မကမင်းသမီးစဖြစ်ကတည်းက ဒရာမာနဲ့ မင်းသမီးစဖြစ်ခဲ့တာဆိုတော့ အစ်မအနေနဲ့က ဒါဟာအားသာ တဲ့လိုင်းတစ်လိုင်းပေါ့နော်။ ဒါပေမဲ့လည်း အခုအသက်အရွယ် နည်းနည်းလေးရလာတဲ့အချိန်မှာ အစ်မငယ်ငယ် လေးကတည်းက ဒရာမာနဲ့ပဲကျင်လည်ခဲ့ရတဲ့လူတစ်ယောက်ဆိုတော့ ဗန့်ခန်းရိုက်ကူးရင်ကို ပရိ သတ်တွေအားလုံးက ဟယ်…မဇာ၊ နောက်တစ်ခါဒီဟာ မျိုးမရိုက်ကူးပါနဲ့ဆိုပြီး ပြောခဲ့ကြတော့လေ။ ဒါပေမဲ့ အခု ဟာကတော့ အသက်အရွယ်လည်းရပြီဘာညာဆိုတော့ အစ်မအနေနဲ့ အဆန်းလေးရိုက်ကူးချင်တာပေါ့။ ဇာတ် ဆန်းဆန်းတွေ၊ ကိုယ့်အတွက်လုပ်ဆောင်ချက်ရှိမယ့် ဇာတ်တွေ၊ တစ်ခါမှသရုပ်ဆောင်ထားတာမရှိတဲ့ဇာတ်တွေဆို အစ်မသိပ်လုပ်ချင်တယ်။ အခုလည်း ‘ရာဇ ဝင်ရိုင်းခဲ့သည်’ ရုပ်ရှင်ဇာတ်ကားကို ထရေလာကြည့် တာနဲ့တင်နည်းနည်းရင်ခုန်နေပြီ”လို့ ခင်ဇာခြည် ကျော်ကပြောပါတယ်။

ခင်ဇာခြည်ကျော် ရင်ခုန် နေတဲ့ ရုပ်ရှင်ဇာတ်ကားက ဘယ်ဇာတ်ကားဖြစ် လေမလဲဆိုတာ မေးကြည့်တော့…..

”ဥပါဒါန်ကတော့ အစ်မအတွက် ပရိသတ်လက်ခံတဲ့ဇာတ်ကားတစ်ကားပေါ့နော်။ ပရိသတ်ချစ်ကြ တဲ့ဇာတ်ကားတစ်ကားပေါ့။ အခုလည်းလာပါလိမ့်မယ်။ ကိုချမ်းကျော် ကျော်ပိုင်နဲ့ မေလေး(ဇင်ဇင်ဇော်မြင့်)တို့ရဲ့ ကုမ္ပဏီကနေထုတ်လုပ်တဲ့ ‘ရာဇဝင်ရိုင်းခဲ့ သည်’ဆိုတဲ့ဇာတ်ကားလေး။ အဲဒါ အခု ‘ဥပါဒါန်’ကာရိုက်တာနဲ့ လုံးဝကိုအရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက်လိုဆန့်ကျင် ဘက်ကြီးဖြစ်နေတယ်ဆိုတော့ ပရိသတ်ဆီ က ဘာတွေလာဦးမလဲတော့မသိဘူး။ ဒါပေမဲ့ အစ်မက’ရာဇဝင်ရိုင်းခဲ့သည်’ ရုပ်ရှင်ဇာတ်ကား မှာလည်း ခေတ်မီမီနဲ့ပေါ့။ ခေတ်မီတဲ့ဇာတ်ကား ဆိုတော့ ခင်ဇာခြည်ကျော်ကို မြင်တွေ့နေကျ ဇာတ်ရုပ်မဟုတ်ဘဲနဲ့ ဇာတ်ရုပ်အသစ်နဲ့ မြင်တွေ့ ရမှာဆိုတော့ ချစ်သောစိတ်လေးနဲ့ပဲကြည့်ပေးပါ လို့ပြောချင်ပါတယ်”လို့ သူမက ပြောပြပါတယ်။

ဝါရင့်မင်းသမီးတစ်ဦးအနေနဲ့ ပရိသတ်ကို ပြော ချင်တဲ့စကားက..

”အစ်မက ၁၅နှစ်သမီးနဲ့ ၁၉၉၁ ခုနှစ်မှာ မင်းသမီးစဖြစ်တာ။ အခုဆိုရင် အနုပညာသက် တမ်းအနှစ် ၂ဝ ကျော်ပြီပေါ့။ ဟိုးငယ်ငယ်လေးက တည်းက မင်းသမီးဖြစ်စကနေ ဒီနေ့အချိန်ထိ အားပေးနေတဲ့၊ အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ပရိသတ်တွေအားလုံးကို အထူးပဲကျေးဇူးတင် ပါတယ်။ ပရိသတ်ကနေရာပေးလို့လည်း ယနေ့ အချိန်ထိ ခင်ဇာခြည်ကျော်ဆိုပြီး နာမည်လေး တစ်လုံးနဲ့ ရပ်တည်ခွင့်ရနေတာပါ။ အစ်မရဲ့ ကျေးဇူးရှင်တွေဆိုရင်လည်း မမှားပါဘူး။ ဒါ ကြောင့်မို့လို့ အစ်မကိုဆက်ပြီးတော့ အား ပေးကြပါ။ ချစ်ပေးကြပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့လည်း သရုပ်ဆောင်နေတဲ့ သရုပ် ဆောင်တစ်ယောက်လို့ပဲမြင်ပေးကြပါ”လို့ ခင်ဇာခြည်ကျော်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here