LA မှာ တရားအားထုတ်ပြီး ကုသိုလ်ဝေတဲ့ နီနီဝင်းရွှေ

0
252

အဆိုတော် နီနီဝင်းရွှေဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ် လိစ်မြို့မှာ ဆရာတော် အရှင်ဝါယာ မိန္ဒ(မြောက်ဦး)ရဲ့ တရားစခန်းကို ၉ ရက်တာ ဝင်ရောက်ပြီး တရားအား ထုတ်ခဲ့ပါတယ်။ တရားရိပ်သာကထွက် လာပြီးနောက် နီနီဝင်းရွှေက တရား အားထုတ်မှုရဲ့ရလဒ်များအကြောင်း ကို …

”တရားစခန်းမှာ အားထုတ်ရ တာ တအားပဲ ကောင်းတယ်။ စိတ်ထဲ မှာ ရှင်းပြီး ကြည်လင်အေးချမ်းသွား တယ်။ တော်တော်လေး သဘောကျ မိပါတယ်”လို့ ပေါ်ပြူလာသို့ ပြောပြ ခဲ့ပါတယ်။

လက်ရှိမှာ နီနီဝင်းရွှေရဲ့ အမေ နဲ့ ညီမတို့က အမေရိကန်နိုင်ငံမှာ နေထိုင်ကြတဲ့ မနီတို့မိသားစုဆီ အလည်ပတ်ရောက်နေတဲ့ကာလ ဖြစ် ပါတယ်။ ဒါကြောင့် မနီနီဝင်းရွှေက မိသားစုအတွင်းက အကြောင်းအကျိုး ဆက်စပ်တိုက်ဆိုင်မှုနဲ့ တရားစခန်း ဝင်ချိန် ကိုယ်တွေ့ကြုံဆုံခဲ့ရပုံ ပြောပြ ရာမှာတော့ …

”မေမေတို့ ရှိနေတာရယ်၊ သမီး လေး ဗယ်လာရီကျောင်းက သိပ် အ ရေးမကြီးသေးတာရယ်၊ ဆရာတော် တရားစခန်း ဖွင့်တဲ့ရက်ရယ်၊ အချိန် ခဏပေးနိုင်တာရယ် အားလုံး တိုက် ဆိုင်ပြီး အဆင်ပြေလို့ တရားစခန်း ဝင်ဖြစ်သွားတာပါ။ သမီးလေးက တော့ တရားစခန်းက ထွက်လာတဲ့ ကိုယ့်ကိုဖက်ပြီး မေမေမရှိတော့ မနေတတ်ဘူး၊ နောက် မဝင်ပါနဲ့ဦး တဲ့။ အိမ်က လူတွေကတော့ သမီး လေးက အမေမရှိရင် ပိုတောင်လိမ္မာ တယ်တဲ့။ နောင်ကိုလည်း သမီးကို လက်လွှတ်လို့ရရင် ဝင်ပါ့မယ်။ မြန်မာပြည် ပြန်လာပြီးတော့လည်း ရိပ်သာတွေမှာ တရားအားထုတ်ချင် ပါသေးတယ်။ ပရိသတ်တွေကိုလည်း ပြုသမျှ ကုသိုလ်မျှကြောင်း ပေါ်ပြူ လာကနေ ပြောပေးပါ”လို့ အဆက် အသွယ်ရတုန်းမှာ ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here