ပရိသတ်နဲ့ ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြတဲ့ Myanmar Idol Season 3 ဆန်ခါတင်ပြိုင်ပွဲဝင်များ

0
178

Myanmar Idol Season 3 ရဲ့ Finalist ထဲမှာကျန်ရှိနေတဲ့ ပြိုင်ပွဲ ဝင်များက ဇွန်လ ၂၄ ရက်နေ့က Myanmar Plaza ဒုတိယထပ်၊ Ooredoo အမှတ်တံဆိပ် အရောင်း ဆိုင်ကို လာရောက်ပြီး ပရိသတ်များ နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပါတယ်။ အဆိုပါ တွေဆုံပွဲနဲ့ပတ်သက်ပြီး အူ ရီဒူးမြန်မာရဲ့ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က အခုလိုပြောပြခဲ့ပါတယ်။

”မြန်မာပြည်သူပြည်သားများ စိတ်ဝင်စား နှစ်သက်ကြတဲ့ Myanmar Idol အစီအစဉ်ကို ကျွန် တော်တို့ အူရီဒူးမြန်မာ Official Telecom Sponsor အဖြစ် ကူညီ ပံ့ပိုးခွင့်ရရှိတဲ့အတွက် တကယ်ကိုဝမ်း သာဂုဏ်ယူမိပါတယ်။ Myanmar Idol နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ အတွင်းရှိ အဆိုပညာမှာ ထူးချွန်ပြီး အရည်အသွေးရှိတဲ့ ကြယ် ပွင့်များကို မွေးထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါ တယ်။ အူရီဒူးမြန်မာမှ မြန်မာပြည် သူပြည်သားများ တိုးတက်ဖွံ့ဖြိုးမှု အတွက် တောက်ပကောင်းမွန်တဲ့ အနာဂတ်တွေ ပိုင်ဆိုင်ခွင့်ရဖို့အတွက် အူရီဒူးရဲ့ ရပ်တည်မှုဖြစ်တဲ့ ဂရုစိုက် ခြင်း၊ ဆက်သွယ်ခြင်း၊ စိန်ခေါ်ခြင်း ဆိုတဲ့ တန်ဖိုးထားမှုများနဲ့အညီ ရှေ့ ဆက်ဆောင်ရွက်သွားမှာပါ”လို့ ပြော ပြခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ပရိသတ် များက မိမိကြိုက်နှစ်သက်တဲ့ပြိုင်ပွဲ ဝင်များကို မေးခွန်းများမေးမြန်းခြင်း၊ အားပေးစကားများပြောဆိုခြင်း၊ အကြံပြုစကားများပြောဆိုခြင်း စတဲ့ အစီအစဉ်များလည်း ပါဝင်ခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here