မင်းသမီးလုပ်မလားဆိုတဲ့အမေးကို ပြတ်ပြတ်သားသား ၀ိုင်းလေးငြင်းဆို

0
279

Miss တစ်ယောက်ဖြစ်တဲ့အတွက် အရပ် လည်းရှည်တယ်။ ရုပ်ကလေးလည်းချောတယ်။ တကယ်လို့ အိုက်တင်သာကောင်းမယ်ဆိုရင် မင်းသမီးဖြစ်လောက်တယ်။ မင်းသမီးလုပ်ဖို့ အစီအစဉ်မရှိဘူးလားလို့ ဝိုင်းလေးကို မေးတဲ့ အခါ…

”မရှိပါဘူး၊ မရှိပါဘူး” လို့ ရယ်ရယ်မောမော နဲ့ ပြောပြပါတယ်။ သူမက ဖြိုးပြည့်စုံရဲ့ ‘မျှော် နိုင်သမျှ’ Music Video အခွေထဲက ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးတဲ့ သီချင်းမှာ အောင်ရဲ လင်းနဲ့ သရုပ်ဆောင်ပေးထားပါတယ်။

”ဝိုင်းလေးက Music Video ပဲ ရိုက်ဖို့ရှိ တယ်။Music Video မှာမှ နောက်ပိုင်း တချို့ ဆိုရင် Story လေးတွေ ရိုက်ကြတယ်လေ။ အဲဒါကလည်း သရုပ်ဆောင်ပိုင်းကိုပဲ သွားရတာ ဖြစ်တဲ့အတွက် ကိုယ့် MTV တွေတော့ ပြော ထားတယ်။ အရမ်းခက်ခက်ခဲခဲ မလုပ်ခိုင်းပါနဲ့ လို့။ ဝိုင်းလေးရဲ့ ကာရိုက်တာနဲ့ လိုက်ဖက်တဲ့၊ ထပ်တူကျတဲ့ သီချင်းလေးတွေ ဆိုရင်တော့ သရုပ်ဆောင်ပေးဖြစ်တယ်။ အခု ဒီမကြည်ဖြူ သျှင်ရိုက်တဲ့ သီချင်းမှာလည်း ရင်းနှီးတဲ့သူချင်း ရိုက်တာဆိုတော့ ရိုက်ဖြစ်ပါတယ်။ ရုပ်ရှင်လော ကဘက်သွားဖို့ဆိုတာကတော့ အရမ်းကို ခက်ခဲ ပါတယ်။ အရမ်းလည်းနက်နဲ တဲ့အတွက် ကိုယ်မသိသေးတဲ့၊ နား မလည်သေးတဲ့အရာတစ်ခုကို တော့ မစမ်းသပ်ချင်သေးပါဘူး” လို့ ဝိုင်းလေးက ပွင့်ပွင့်လင်း လင်းပဲပြောပြပါတယ်။

‘ဝိုင်း’ ဆိုတဲ့ ဒုတိယ တစ်ကိုယ် တော်စီးရီးခွေကို ပြီးခဲ့တဲ့ ဖေဖော် ဝါရီလက ထွက် ရှိထားတဲ့ ဝိုင်း လေးက Music Video ရိုက်ကူးနေ ရင်း Single Song လေးတွေ ထွက်ဖို့ လည်းရှိ ကြောင်း ပြောပြပါ တယ်။ ခေတ် ကလည်းဖေ့စ် ဘုတ်ခ်ကဖြစ်ဖြစ်၊ Music Streaming တွေဆီကပဲဖြစ်ဖြစ် Single Song တွေထွက် တဲ့ခေတ်ဖြစ်လာပြီ။ သီ ချင်း ၁ဝ ပုဒ် စာ၊ ၁၅ ပုဒ် စာအခွေထွက်တာက နာ မည်ကြီးတွေပဲရှိပါတော့ တယ်။ လက်ရှိ Music Industry အကြောင်း ဝိုင်း လေးကို မေးဖြစ်တဲ့အခါ…

”အခုနောက်ပိုင်းက Digital Service တွေ တိုးလာတယ်။ နောက် ပိုင်းဆိုလို့ရှိရင် Application လေးတွေ ညီမ တို့နဲ့လုပ်ဖို့ ကမ်းလှမ်း လာတာရှိတယ်။ တချို့ ဆိုရင် Exclusive ယူ တာမျိုးတွေရှိတယ်။ တချို့ကျတော့ Free Download Link တွေနဲ့ လာပြီး ကမ်းလှမ်းတာမျိုး တွေရှိတယ်ဆိုတော့ အွန် လိုင်းကနေ Single Song အနေနဲ့ ပရိသတ် ကို အချိန်တိုအတွင်းမှာ အထိရောက်ဆုံး၊ အမြန် ဆုံးပို့ပေးနိုင်တယ်လို့ ညီမထင်တယ်။ ပြီးတော့ ညီမတို့အနေနဲ့ သီချင်း ဖန်တီးမှု အချိန်အတိုင်း အတာအရလည်း အချိန် တိုအတွင်းမှာ ပရိသတ်ကို အကောင်းဆုံးတစ်ပုဒ် ပေးနိုင်တဲ့အတွက် နောက် ထပ်သီချင်းတွေထွက်ဖို့ Step တစ်ခုအနေနဲ့ ပို ပြီးတော့ မြန်ဆန်တယ် ပေါ့နော်။ အဲဒီအတွက် Single Song လေးတွေ လုပ်ဖြစ်တယ်။ အခု နောက်ပိုင်း နိုင်ငံခြားက ဝင်လာတဲ့ Application လေးတွေ ရှိတော့ ညီမတို့ အတွက်ကတော့ ပိုပြီး ပွင့်လင်းလာတယ်လို့ မြင် တယ်” လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here