အနုပညာပျိုးခင်းက သရုပ်ဆောင်အသစ်မတင်ဖြစ်တော့တဲ့အကြောင်း သရုပ်ဆောင် ပြေတီဦး ရှင်းပြ

0
515

သရုပ်ဆောင်ပြေတီဦးကတော့ မကြာမီရုံတင်ပြသမယ့် ‘တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ’ ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာကျော်သားကြီး ရိုက်ကူးခဲ့ပြီး ပဲခူးရိုးမတောထဲမှာ ခက်ခက်ခဲခဲရိုက်ကူးပုံဖော်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားကို ခက်ခက်ခဲခဲ ရိုက်ကူးပုံဖော်ခဲ့ခြင်းနဲ့ပတ်သက်ပြီး သရုပ်ဆောင်ပြေတီဦးက အခုလိုပြောပြခဲ့ပါ တယ်။

”တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာရုပ်ရှင်ဇာတ်ကားကတော့ ခက် ခက်ခဲခဲနဲ့ ပင်ပင်ပန်းပန်းရိုက်ကူးခဲ့ရ တဲ့ရုပ်ရှင်ဇာတ်ကားပါ။ ပါဝင်သရုပ်ဆောင်တွေအားလုံးလည်း ခက်ခက်ခဲခဲနဲ့ကြိုးစားခဲ့ရတယ်။ တော်ရုံ တန်ရုံစိတ်နဲ့ဆိုရင် ရိုက်ကူးဖို့မလွယ်ပါဘူး။ တောကလည်းအလွန်ခေါင်တယ်။ မင်းသမီးတွေမော်ဒယ်လ် တွေအားလုံး အယောက် ၄ဝ လောက်ပါတယ်။ ရောက်တဲ့နေ့တုန်းကဆိုရင် အဲဒီထဲက ကောင်မလေး တစ်ယောက်ကို အကောင်တစ်ကောင်ကိုက်သွားတယ်။ ဘာအကောင်လဲမသိဘူး။ မြွေလား ဘာလား ပေါ့။ ညတွင်းချင်း ဆေးရုံပို့ပြီး ဝိုင်းစောင့်ရှောက်ပေးရတယ်။ အဆိပ်တော့ရှိတယ်။ ဒါပေမဲ့အသက် အန္တရာယ်ရှိတဲ့ အကောင်မျိုးမဟုတ်တာဘဲ ကျေးဇူးတင်ရမှာပေါ့။ အဲဒီလိုပဲပေါ့။ အခက်အခဲလေးတွေနဲ့ ပြဿနာလေးတွေတော့ရှိခဲ့တယ်။ မင်းသမီးတွေ၊ မော်ဒယ်လ်တွေဆိုတာက သိပ်ကြမ်းကြမ်းတမ်း တမ်းကြီး မလုပ်ဖူးကြဖူးလေ။ ဒီကားလေးကတော့ တောထဲမှာကြမ်းကြမ်းတမ်းတမ်းရိုက်ခဲ့ရတဲ့ ဇာတ်ကားလေးပါ။ နေကလည်း တအားပူတယ်။ ကျွန်တော်ဆိုရင် နေလောင်ပြီး အရေခွံတွေတောင် လန်တယ်။ ဇာတ်သိမ်းခန်းတစ်ခန်းတည်းကို နှစ်ရက်တိတိရိုက်ကူးရတယ်။ ပြီးတော့မှ ရွာသားတွေ ပြောတာက အဲဒီတောင်ကုန်းပေါ်ကို ဘယ်သူမှ မတက်ရဲကြဘူးတဲ့။ မြွေပွေးအရမ်းပေါတာတဲ့ နာမည် တောင်မြွေပွေးကုန်းတဲ့။ အဲဒီဇာတ်ကားလေးကိုလည်း မတူတဲ့ပုံစံမျိုးနဲ့ ပရိသတ်ကြိုက်မယ်လို့ မျှော် လင့်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

နာမည်ကြီးမင်းသားများက အနုပညာပျိုးခင်းခေါင်းစဉ်နဲ့ အမျိုးသမီးသရုပ်ဆောင်သစ်များ ရွေး ချယ်စင်တင်ခဲ့ရာ အိချောပို၊ ရွှေမှုံရတီ၊ ယုသန္တာတင်၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ ရတနာဗိုစတဲ့ သရုပ်ဆောင် များပေါ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။ အနုပညာပျိုးခင်းမင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်ပြေတီဦးကို အနုပညာပျိုးခင်းက သရုပ်ဆောင်သစ်တွေ တင်ပေးသွားဦးမှာလားလို့ မေးမြန်းတော့ …

”အနုပညာပျိုးခင်းက သရုပ်ဆောင်သစ်တွေ တင်ပေးဖို့မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ အနုပညာပျိုးခင်းဆိုတာက Video ရိုက်တဲ့ခေတ်မှာ Video ကို အားပြုပြီးတော့ သရုပ်ဆောင် သစ်မွေးလို့ရတာပေါ့နော်။ Video ဆိုရင် ရိုက်ကူးပြီးလို့ ၆ လ၊ ၇ လဆိုရင်ထွက်ပြီ။ အဲဒီတော့ ပရိသတ်နဲ့ထိတွေ့မှုရှိတဲ့အတွက်အဆင်ပြေတာပေါ့။ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်နေရတဲ့အခါကျတော့ ကျွန်တော်တို့ သရုပ်ဆောင်အသစ်တင်ဖို့ သိပ် ခက်သွားတယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေက ရိုက်ကူးပြီး သွားလို့ရှိရင် ဘယ်တော့ရုံတင်မလဲဆိုတာမသိဘူး။ ကျွန်တော်တို့ဆိုလည်း ရုပ်ရှင် ကားတွေအများကြီးရိုက်ကူးထားတာပဲ။ အခုဆိုရင် ဆက်တိုက်ရုံမတင်နိုင်ဘူး။ ရုပ်ရှင်ကို အားပြုပြီးတော့ သရုပ်ဆောင်သစ်တင်ဖို့ဆိုတာကတော့ အလွန် ခက်ခဲသွားပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံအနေအထားအရပေါ့။ နိုင်ငံခြား မှာဆိုရင်တော့ အဆင်ပြေပါတယ်။ နိုင်ငံခြားမှာဆိုရင် သရုပ်ဆောင်အသစ် သုံးပြီး ဇာတ်ကားတစ်ကားပေါက်သွားတာနဲ့ သူတို့က တန်းဝင်တဲ့ အနေ အထားဖြစ်တာပေါ့။ နိုင်ငံခြားတွေမှာကျတော့ ကျောင်းကောင်း ကောင်းတွေမှာ တက်ရောက်ပြီးတော့ သင်ကြားထားတာဖြစ်တဲ့ အတွက် ဝါရင့်သရုပ်ဆောင်တွေအတိုင်းပါပဲ။ ကျွန်တော်တို့ဆီမှာကျတော့ ကျောင်းလည်းမရှိဘူး။ သင်လို့ ရတဲ့နေရာလည်း သိပ်မရှိတဲ့အခါကျတော့ သရုပ် ဆောင်အသစ်က တစ်ကားတည်းနဲ့ အောင်မြင်ဖို့ သိပ်မလွယ်ဘူး။ အဲဒါကြောင့် လောလောဆယ်တော့ အနုပညာပျိုးခင်းက သရုပ်ဆောင် သစ်တင်ဖို့ မရှိသေးပါဘူး”လို့ သူကပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here