တမလွန်ပရလောကနဲ့ လူ့လောက မိသားစု မေတ္တာ တရားကိ ဖော်ကျူးပြသထားတဲ့ “ဝိညာဉ်စိမ်း”ရုံတင်ပြီ

0
202

တမလွန်ရောက်သွားတဲ့ အိမ် ထောင်ဦးစီးဖခင်နဲ့ ကျန်ရစ်သူဇနီး၊ သား ၄ ယောက်တို့ကြားထဲက မေတ္တာတရား။ ပြီးတော့ နာမည်မှား ခေါ်လို့ရောက်လာတဲ့ နာနာဘာဝ ကြီး။ “ဝိညာဉ်စိမ်း”ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားမှာ ဒီအကြောင်းအရာကို ရိုက်ကူးသွားတာ တကယ်ကို ကောင်း မွန်လှပါတယ်။

ကျော်သူ၊ရန်အောင်၊ စိုးမြတ်သူဇာ၊ မင်းမော်ကွန်း၊ ကျော် ကျော်ဗိုလ်၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ နေမျိုးအောင် ဘယ်သူတွေ အကယ် ဒမီရကြမလဲ။ ပြီးတော့ဇာတ်လမ်း ရွှေမန်းချမ်းသာ၊ ဇာတ်ညွှန်းငြိမ်းမင်း၊ ဒါရိုက်တာဝင်းထွန်းထွန်း အကယ် ဒမီကတော့ တစ်ယောက်မဟုတ် တစ်ယောက်ပါပဲ။ ကွယ်လွန်ပြီး ဖခင် တစ်ယောက်၊ ပြီးတော့ ကိုယ့်အိမ် ကိုယ်ပြန်လို့မရသလို သာဓုခေါ်ခွင့် လည်းမရှိတဲ့ ကာရိုက်တာကနေ သရုပ်ဆောင်သွားတဲ့ အကယ်ဒမီများ ရှင် ရန်အောင်ကတော့ …

“ဒီကားမှာပါတဲ့သူတိုင်းမှာ တာ ဝန်တွေရှိကြတယ်။ ကိုကျော်သူတို့၊ ကျွန်တော်တို့၊ စိုးစိုး(စိုးမြတ်သူဇာ)တို့ကတော့ ပိုပြီးတော့ တာဝန်ရှိကြ တာပေါ့လေ။ အိုက်တင်တွေ၊ အ ကြည့်တွေ၊ အပြောတွေ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာအကုန်ပါရတာပေါ့ လေ။ သားသမီးနဲ့ မိဘအပေါ်မှာ ဖြစ်တဲ့ မေတ္တာစိတ်တွေ အကုန်ပါ အောင် ဖော်ကျူးရတာပေါ့လေ” လို့ ပြောပါတယ်။
“ဝိညာဉ်စိမ်း” ရုပ်ရှင်ဇာတ်ကား ကြီးကို ဇွန်လ ၂၉ ရက်နေ့ကစလို့ တစ်နိုင်ငံလုံး ရုံတင်ပြသလိုက်ပါပြီ။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here