အမေကပြောတယ်
‘ခေတ်ကြီးက ဆန်းကြယ်လိုက်တာ’တဲ့။
သူ့(အမေ)မှာ အံ့သြကြီးစွာနဲ့ ဘုရားတလို့
လူဟာ လူသားစားရင်လူစိတ်ပျောက်ပြီး
လူအသိတွေ မရှိနိုင်တော့ဘူးတဲ့
ရှေးလူကြီးတွေရဲ့ စကားပေါ့။
ခေတ်ကာလဟာ လိမ် တူ လိမ် ကွဲ
ပြဿနာတွေနဲ့
ပြဿနာမရှိ ပြဿနာရှာနေတာတွေနဲ့
အသစ်အဆန်းနဲ့ အညစ်အနွမ်းနဲ့။
လမ်းဘေးနေတဲ့လူကို
လမ်းဘေးနေတဲ့လူက
လမ်းဘေးတွန်းချပြီး
တခစ်ခစ်ရီ (ရယ်)တယ်။
ငါတို့က လူရွှင်တော်တွေလား။
လမ်းဘေးလွှင့်ပစ်ထားတဲ့
ဆေးလိပ်တိုလောက်တောင်
နားလည်မှု မရှိဘူးလား။
လမ်းဘေးသေနေတဲ့
အုတ်ခုံလောက်တောင်
ကတိမတည်ဘူးလား။
လမ်းဘေးခွေအိပ်နေတဲ့
ဆိုင်းဘုတ်လောက်တောင်
သစ္စာမရှိဘူးလား။
လမ်းဘေး ဆွေမရှိ မျိုးမရှိတဲ့
ရေအိုးစင်လောက်တောင်
ချစ်ခြင်းမေတ္တာမရှိဘူးလား။
မတရားဥပဒေက
တရားဥပဒေကို မုဒိမ်းကျင့်တယ်
လျော်ကြေးပေးရတယ်
ဆက်ကြေးပေးရတယ်
အခွန်ဆောင်ရတယ်
အမှုဖြစ်တယ်၊ ရဲဖမ်းတယ်
ရဲဖမ်းတော့ ရုံးရောက်တယ်။
သတင်းစာထဲတွေထဲမှာ ဖွေးလို့
အင်ဂျင်ပါဝါကျနေတဲ့
အိပ်ဇောငွေ့တွေလို
လူမှုကွန်ယက်ပေါ်မှာ
ခြကောင်တွေလို မြင်လို့မှမကောင်း၊
တချို့က ဖုန်းဘေမရှိလို့ မသိဘူး။
အမှုကိစ္စက အပုပ်နံ့ ထွက်လာတယ်
မပေါ်ဘူး။
အမှုကိစ္စက အမှုန့်ဖြစ်သွားတယ်
ဖမ်းဆုပ်လို့မရအောင်
လေလဲလွင့်သွားတယ်။
အမေရေ ခေတ်ကြီးက
ရေဆာလို့ ရေသောက်တာ
ရေသီး/မွန်းပြီး သေရတယ်တဲ့။
ထန်လမ်းထွေး